မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သွန်သင်ချက်အမှား ၂– လူဆိုးများ ငရဲတွင် ညှဉ်းဆဲခံရ

သွန်သင်ချက်အမှား ၂– လူဆိုးများ ငရဲတွင် ညှဉ်းဆဲခံရ

ထိုသွန်သင်ချက်အမှား၏ ဇာစ်မြစ်ကား အဘယ်နည်း။

“ရှေးခေတ် ဂရိအတွေးအခေါ်ပညာရှင်များအနက် ပလေတိုသည် အစဉ်အဆက် လက်ခံယုံကြည်လာသော ငရဲအယူဝါဒ၏ ဩဇာလွှမ်းမိုးမှု အခံရဆုံး ပုဂ္ဂိုလ်ဖြစ်၏။”—ဂျော့ဂျ် မိန်ဝါး ရေးသားသည့် ငရဲ၏သမိုင်း (Histoire des enfers) စာအုပ်၊ စာမျက်နှာ ၅၀။

“အေဒီဒုတိယရာစု အလယ်ပိုင်းတွင် ခရစ်ယာန်များသည် ဂရိအတွေးအခေါ်ပညာနှင့် အနည်းငယ် ထိတွေ့မှု ရှိလာသောအခါ ဂရိအတွေးအခေါ် ပညာရှင်များကဲ့သို့ပင် မိမိတို့လည်း ငရဲအယူဝါဒကို ယုံကြည်ကြောင်း ဖော်ပြဖို့လိုသည်ဟု ယူမှတ်လာလေသည်။ . . . သူတို့အနှစ်သက်ဆုံး အတွေးအခေါ်မှာ ပလေတို အယူဝါဒ ဖြစ်သည်။”—ဗြိတဲန်နီကာ စွယ်စုံကျမ်းသစ် (၁၉၈၈)၊ အတွဲ ၂၅၊ စာမျက်နှာ ၈၉၀။

“ငရဲသည် ထာ၀စဉ် တည်ရှိကြောင်း ချာ့ခ်ျက အခိုင်အမာ သွန်သင်၏။ သေဒဏ်ခံထိုက်သော အပြစ်ကြောင့် သေဆုံးသွားကြသူတို့၏ ဝိညာဉ်များသည် ငရဲသို့ ချက်ချင်း ရောက်သွားပြီး ‘ထာ၀ရမီး’ ဖြင့် အပြစ်ပေးခံရသည်။ ငရဲတွင်ပေးသော အကြီးဆုံးအပြစ်ဒဏ်မှာ ဘုရားသခင်နှင့် ထာ၀စဉ် ကင်းကွာခြင်း ဖြစ်သည်။”—၁၉၉၄ ခုနှစ်ထုတ်၊ ကက်သလစ်ချာ့ခ်ျ၏ အမေးအဖြေ စာအုပ်၊ စာမျက်နှာ ၂၇၀။

သမ္မာကျမ်းစာ၏အဆိုကား အဘယ်နည်း။

“အသက်ရှင်သောသူတို့သည် မိမိတို့သေရမည်ကို သိ၏။ သေသောသူမူကား အဘယ်အရာကိုမျှ မသိ။ . . . အကြောင်းမူကား သင် ယခုသွား၍ ရောက်ရလတ္တံ့သော အရပ်တည်းဟူသော မရဏာနိုင်ငံ၌ လုပ်ဆောင်ခြင်းမရှိ။ ကြံစည်ခြင်းမရှိ။ သိပ္ပံအတတ်မရှိ။ ပညာမရှိပါတကား။”—ဒေ. ၉:၅၊ ၁၀

လူသေတို့၏ အခြေအနေနှင့်ပတ်သက်၍ အထက်ပါကျမ်းချက်တွင် မည်သို့ ဖော်ပြထားသနည်း။ လူသေတို့သည် မိမိတို့၏အပြစ် ပြေစေရန် မရဏာနိုင်ငံတွင် ညှဉ်းဆဲခံရပါသလော။ မခံရပါ၊ အကြောင်းမှာ သူတို့သည် “အဘယ်အရာကိုမျှ မသိ” ကြချေ။ ယင်းကြောင့်ပင် ဘိုးဘေးယောဘသည် ဝေဒနာပြင်းထန်စွာ ခံစားနေရစဉ် ဘုရားသခင်အား “အကျွန်ုပ်ကို မရဏာနိုင်ငံတွင် ဖုံးကွယ်တော်မူပါ” ဟု အနူးအညွတ် တောင်းပန်ခဲ့သည်။ (ယောဘ ၁၄:၁၃သမ္မာ) မရဏာနိုင်ငံသည် ထာ၀စဉ် ညှဉ်းဆဲခံရသည့် နေရာတစ်ခု ဖြစ်သည်ဟုဆိုလျှင် ယောဘ၏ မေတ္တာရပ်ခံချက်သည် အဘယ်အဓိပ္ပာယ် ရှိပါတော့မည်နည်း။ ထို့ကြောင့် မရဏာနိုင်ငံဟူသည် လူသားတို့၏ လုပ်ဆောင်မှုမှန်သမျှ ချုပ်ငြိမ်းရာ သင်္ချိုင်းသာဖြစ်ကြောင်း သမ္မာကျမ်းစာက ဆိုလိုနေခြင်း ဖြစ်သည်။

ထိုရှင်းပြချက်က ကျိုးကြောင်းဆီလျော်ပြီး သမ္မာကျမ်းစာနှင့် ကိုက်ညီသည် မဟုတ်လော။ လူတစ်ဦးကို ငရဲတွင် ထာဝစဉ် ညှဉ်းဆဲခြင်းသည် မေတ္တာရှင်ဘုရားသခင်အတွက် အလွန့်အလွန် ဆိုးရွားသော လုပ်ရပ်မဟုတ်လော။ (၁ ယောဟန် ၄:၈) မီးငရဲသွန်သင်ချက်သည် မှား၏ဟုဆိုလျှင် ကောင်းကင်အသက်တာကိုကော မည်သို့ ဆိုမည်နည်း။

ဤကျမ်းချက်များကို နှိုင်းယှဉ်ကြည့်ပါ– ဆာလံ ၁၄၆:၃၊ ၄ တမန်တော် ၂:၂၅-၂၇သမ္မာကျမ်း။ ရောမ ၆:၇၊ ၂၃သမ္မာကျမ်း

အမှန်တရား–

ဘုရားသခင်သည် လူတို့ကို ငရဲတွင် အပြစ်ဒဏ်မပေး