မာတိကာဆီ ကျော်သွား

မိသားစုအတွက် အကူအညီ

ဒီဆောင်းပါးတွဲမှာ မိသားစုအတွက် လက်တွေ့ကျတဲ့ ကျမ်းစာအကြံပြုချက်တွေ ပါတယ်။ a အိမ်ထောင်ရေးနဲ့ မိသားစု ကဏ္ဍမှာ ဆောင်းပါးတွဲစာရင်းကို ကြည့်ပါ။

a ဒီဆောင်းပါးတွဲမှာ အမည်လွှဲ သုံးထားတယ်။

အိမ်ထောင်ရေး

အိမ်ထောင်ဖက်ရဲ့ စိတ်အနှောင့်အယှက်ဖြစ်စရာ အကျင့်တွေကို အကောင်းဘက်ကနေ ရှုမြင်ပါ

စိတ်အနှောင့်အယှက်ဖြစ်စရာ အကျင့်တွေကြောင့် တကျက်ကျက် ဖြစ်နေမယ့်အစား အကောင်းဘက်ကနေ ရှုမြင်တတ်ဖို့ ကြိုးစားပါ။

စိတ်ရှည်ခြင်း မွေးမြူနိုင်ပုံ

မစုံလင်သူနှစ်ဦး အိမ်ထောင်ပြုတဲ့အခါ ပြဿနာအမျိုးမျိုး ပေါ်လာနိုင်တယ်။ အောင်မြင်ပျော်ရွှင်တဲ့ အိမ်ထောင်ရေးဖြစ်ဖို့ စိတ်ရှည်ခြင်း မရှိလို့ မဖြစ်ဘူး။

ပျော်ရွှင်တဲ့ အိမ်ထောင် ဖြစ်နိုင်ပုံ။ ရိုသေလေးစားမှု ပြပါ

အိမ်ထောင်မှာ အပြန်အလှန် လေးစားမှု မရှိဘူးဆိုရင်တောင် ရှိလာအောင် သမ္မာကျမ်းစာက ကူညီပေးနိုင်ပါတယ်။

ရိုသေလေးစားမှု ပြနိုင်ပုံ

အိမ်ထောင်မှာ ရိုသေလေးစားမှုကို တစ်ခါတလေမှ ပြတာမျိုးမဟုတ်ဘဲ အမြဲပြရမှာဖြစ်တယ်။ အိမ်ထောင်ဖက်ကို ရိုသေလေးစားကြောင်း ဘယ်လိုပြနိုင်သလဲ။

ကျေးဇူးတင်လေးမြတ်ကြောင်း ပြနိုင်ပုံ

လင်နဲ့မယားဟာ အချင်းချင်းရဲ့ ကောင်းကွက်တွေကို သတိထားကြည့်ပြီး အသိအမှတ်ပြုဖို့ ကြိုးစားတဲ့အခါ အိမ်ထောင် ပိုသာယာလာတယ်။ ကျေးဇူးတင်လေးမြတ်စိတ်ရှိအောင် သင့်ကို ဘာက ကူညီနိုင်သလဲ။

မိသားစု ပျော်ရွှင်သာယာနိုင်ပုံ။ ကြင်နာယုယပါ

အလုပ်၊ စိတ်ဖိစီးမှု၊ နေ့စဉ်ဘဝမှာ ကြုံရတဲ့ ဖိအားတွေကြောင့် မောင်နှံတွေ ကြင်နာယုယမှု မပြသလောက် ဖြစ်လာကြတယ်။ အရင်လို ကြင်နာယုယမှု ပြဖို့ ဖြစ်နိုင်သလား

ကြင်နာယုယနိုင်ပုံ

အိမ်ထောင်သည်တွေ တစ်ဦးကိုတစ်ဦး ဂရုစိုက်ကြောင်း ဘယ်လိုပြနိုင်သလဲ။ ကျမ်းစာမူတွေပေါ် အခြေခံတဲ့ အကြံပြုချက်လေးခုကို သုံးသပ်ကြည့်ပါ။

အိမ်ထောင်ရေး ကတိသစ္စာကို ခိုင်မြဲစေနိုင်ပုံ

အိမ်ထောင်ရေး ကတိသစ္စာဟာ သံခြေကျင်းခတ်ခံထားရတာနဲ့တူသလား၊ သင့်အိမ်ထောင်ရေးကို တည်ငြိမ်စေတဲ့ ကျောက်ဆူးနဲ့တူသလား။

အလုပ်ကို “အလုပ်မှာ” ထားခဲ့နိုင်ပုံ

အလုပ်တွေ အိမ်ကို ပါမလာစေဖို့ အကြံပြုချက် ငါးခု။

အသုံးစရိတ် ချွေတာနိုင်ပုံ

ငွေကုန်တော့မှ ငါ ဘယ်လိုသုံးလိုက်တာလဲလို့ စဉ်းစားတာမျိုးမဖြစ်အောင် ငွေမသုံးခင်ကတည်းက ဘယ်လိုချွေတာ သုံးရမလဲဆိုတာ လေ့လာထားပါ။

ယောက္ခမနဲ့ ဆက်ဆံရေးကောင်းရှိခြင်း

လက်တွေ့ကျအကြံပြုချက် သုံးချက်က ယောက္ခမနဲ့ မသင့်မမြတ် ဖြစ်တာကနေ အိမ်ထောင်ရေးပြဿနာ မဖြစ်အောင် ကူညီပေးနိုင်ပါတယ်။

သဘောထား ကွဲလွဲတဲ့အခါ

သဘောထားကွဲလွဲမှုကို မောင်နှံစုံတွေ ဘယ်လို ဖြေရှင်းပြီး သင့်သင့်မြတ်မြတ် နေနိုင်ကြမလဲ

အကြိုက် မတူတာလေးတွေကို ရင်ဆိုင်ဖြေရှင်းခြင်း

ကိုယ်နဲ့ ကိုယ့်ရဲ့အိမ်ထောင်ဖက်ဟာ လိုက်ဖက်မညီဘူးလို့ ခံစားဖူးပါသလား။

နာကြည်းစိတ်ကို ဘယ်လို ဖြေဖျောက်မလဲ

အိမ်ထောင်ဖက်ရဲ့ စိတ်ထိခိုက်စေတဲ့လုပ်ရပ်တွေကို ခွင့်လွှတ်လိုက်တာက အမှားတွေကို တစ်ခါမှ မလုပ်ခဲ့ဖူးသလိုမျိုး၊ လျှော့ပေါ့မြင်ပေးလိုက်ရမယ်လို့ ဆိုလိုတာလား။

ဒေါသ ထိန်းချုပ်နိုင်ပုံ

ဒေါသပေါက်ကွဲတာရော၊ ဒေါသကို မျိုသိပ်ထားတာရော ကျန်းမာရေးကို ထိခိုက်နိုင်တယ်။ ဒါကြောင့် အိမ်ထောင်ဖက်ကြောင့် စိတ်အနှောင့်အယှက်ဖြစ်လာတဲ့အခါ ဘာလုပ်နိုင်သလဲ။

သားသမီးများ အသိုက်အမြုံ စွန့်ခွာသွားချိန်ဝယ်

သားသမီးတွေ အရွယ်ရောက်လို့ အိမ်က ထွက်ခွာသွားတဲ့​အခါ မိဘတချို့ အကြီးအကျယ် အခက်တွေ့လေ့ရှိတယ်။ မိဘတွေဟာ သားသမီးတွေ မရှိတော့တဲ့ အခြေအနေသစ်နဲ့အညီ ဘယ်လို အလိုက်သင့် နေနိုင်သလဲ။

မိတ်ဆွေနဲ့ ရင်းနှီးလွန်းတဲ့အခါ

‘ငါတို့က ရိုးရိုးသားသားခင်တာပါ’ လို့ သင်ပြောပါသလား။ ပြောတယ်ဆိုရင် အဲဒီလိုအကြောင်းပြတာ သင့်တော်မတော်သိမြင်စေဖို့ ကျမ်းစာမူတွေကို ဆန်းစစ်ကြည့်ပါ။

အိမ်ထောင်ဖက်ကို စိတ်ပျက်မိသောအခါ

ကိုယ်ချစ်ရတဲ့အိမ်ထောင်ဖက်က အခုဆိုရင် သဘောထားချင်းမတိုက်ဆိုင်တဲ့သူ ဖြစ်နေပြီလား။ သင့်ကို ကူညီပေးနိုင်မယ့် အချက် ၅ ချက်ရှိပါတယ်။

အသက်ကြီးမှ ကွာရှင်းတဲ့အဖြစ် မရောက်ရလေအောင်

အသက်ကြီးခါမှ ကွာရှင်းကြတာ ဘာကြောင့်လဲ။ ကိုယ့်အိမ်ထောင်မှာ အဲဒီလိုမဖြစ်အောင် ဘယ်လိုကာကွယ်နိုင်သလဲ။

အရက်စွဲခြင်းနဲ့ အိမ်ထောင်ရေးပြဿနာ

အရက်ကြောင့် အိမ်ထောင်ရေး ထိခိုက်လာပြီဆိုရင် ဘာလုပ်မလဲ။

အိမ်ထောင်ဖက်အပေါ် သဝန်တိုစိတ်ကို ဖယ်ရှားနိုင်ပုံ

တစ်ယောက်ကို တစ်ယောက် သံသယဝင်နေတဲ့ အိမ်ထောင်တစ်ခုဟာ မသာယာနိုင်ဘူး။ ဒါဆို သဝန်တိုလွန်းတဲ့စိတ်ကို ဘယ်လိုဖျောက်မလဲ။

ညစ်ညမ်းရုပ်ပုံကြည့်ရှုခြင်းက အိမ်ထောင်ရေးကို ပြိုကွဲစေနိုင်

ဒီအကြံပြုချက်တွေက ညစ်ညမ်းရုပ်ပုံကြည့်တဲ့အကျင့်ကို ဖြတ်ပစ်နိုင်ဖို့၊ သင့်အိမ်ထောင်ရေးကို ပြန်ကုစားနိုင်ဖို့ ကူညီပေးနိုင်တယ်။

လက်မထပ်ခင် အတူနေသင့်သလား

လက်မထပ်ဘဲ အတူနေတာက လက်ထပ်ပြီးနောက်ပိုင်း အဆင်ပြေအောင် ကူညီပေးတယ်လို့ အတွဲတချို့ ယူဆကြတယ်။ လက်မထပ်ဘဲ အတူနေတာဟာ ပညာရှိတဲ့လုပ်ရပ်လား။ ဒါမှမဟုတ် အဲဒါထက် ပိုကောင်းတဲ့ နည်းလမ်းရှိသလား။

ပြောဆိုဆက်သွယ်ရေး

တန်ဖိုးရှိတဲ့အချိန်လေးတွေဖြစ်ဖို့ ဖန်တီးကြစို့

လင်နဲ့မယား တစ်မိုးအောက် ရှိနေပေမဲ့ အဆက်အသွယ်ပြတ်သလို ဖြစ်နိုင်တယ်။ နှစ်ကိုယ်တူ ရှိနေခိုက် တန်ဖိုးရှိတဲ့အချိန်လေးတွေ ဖြစ်အောင် ဘယ်လို ဖန်တီးနိုင်သလဲ။

နည်းပညာတွေကို သူ့နေရာသူ ထားနိုင်ပုံ

နည်းပညာ အသုံးပြုပုံက အိမ်ထောင်ကို ပိုခိုင်မြဲစေနိုင်သလို ထိခိုက်စေနိုင်ပါတယ်။ နည်းပညာက သင့်အိမ်ထောင်ကို ဘယ်လို အကျိုးသက်ရောက်နေသလဲ။

ပြဿနာတွေ ဆွေးနွေးနိုင်ပုံ

အမျိုးသားတွေနဲ့ အမျိုးသမီးတွေမှာ ပြောဆိုဆက်သွယ်ပုံချင်း မတူကြဘူး။ အဲဒီမတူညီမှုလေးတွေကို နားလည်ထားမယ်ဆိုရင် ပြောဆိုဆွေးနွေးရာမှာ ပိုအဆင်ပြေလာပါလိမ့်မယ်။

ကောင်းစွာ နားထောင်ပေးသူ ဖြစ်နိုင်ပုံ

ကောင်းစွာနားထောင်ပေးခြင်းဆိုတာ ချစ်ခြင်းမေတ္တာကိုဖော်ပြတဲ့ လုပ်ရပ်တစ်ခု ဖြစ်ပါတယ်။ ကောင်းစွာနားထောင်ပေးသူ ဘယ်လို ဖြစ်နိုင်သလဲဆိုတာ သင်ယူပါ။

အပြန်အလှန် စေ့စပ်ညှိနှိုင်းနိုင်ပုံ

အချက်လေးချက်က သင်နဲ့ သင့်အိမ်ထောင်ဖက်ကို စကားများရန်ဖြစ်တာမျိုး မဖြစ်စေဖို့၊ ဖြေရှင်းနည်းကို အတူတကွ ရှာဖွေတတ်စေဖို့ ကူညီပေးမှာဖြစ်ပါတယ်။

စကားမပြောဘဲ ဆန္ဒပြတာကို ဘယ်လိုရှောင်နိုင်မလဲ

ဇနီးမောင်နှံတချို့ဟာ တစ်ယောက်ကိုတစ်ယောက် ဘယ်လိုကြောင့် စကားမပြောတော့တာလဲ။ သဘောထားမတိုက်ဆိုင်မှုကို ဘယ်လိုဖြေရှင်းနိုင်မလဲ။

စကားမများအောင် ဘယ်လိုလုပ်ရမလဲ

သင့်အိမ်ထောင်ဖက်နဲ့ ခဏခဏစကားများနေသလား။ ကျမ်းစာမူတွေက သင့်အိမ်ထောင်ကို ဘယ်လိုကူညီပေးနိုင်သလဲဆိုတာ ဖတ်ကြည့်ပါ။

နာကျင်စေတဲ့ အပြောအဆိုကို ရှောင်နိုင်ပုံ

စိတ်နာကျင်စေတဲ့စကားတွေကြောင့် သင်နဲ့သင့်အိမ်ထောင်ဖက်ရဲ့ဆက်ဆံရေး လုံးပါးပါးနေပြီဆိုရင် ဘာလုပ်နိုင်ပါသလဲ

တောင်းပန်စကား ဆိုနိုင်ပုံ

ကိုယ့်အပြစ်ချည်းပဲ မဟုတ်ဘူး ဆိုရင်ကော။

ဘယ်လို ခွင့်လွှတ်ရမလဲ

ခွင့်လွှတ်ဖို့ ဘာကြောင့်ခက်ရတာလဲ။ သမ္မာကျမ်းစာအကြံပြုချက်က ဘယ်လို ကူညီပေးနိုင်တယ်ဆိုတာ လေ့လာကြည့်ပါ။

သားသမီး ပြုစုပျိုးထောင်ခြင်း

ဖခင်ကောင်းဖြစ်နိုင်ပုံ

အခုအချိန်မှာ သင် ဘယ်လို ခင်ပွန်းမျိုး ဖြစ်နေသလဲဆိုတဲ့အချက်က ကလေးမွေးဖွားလာပြီးနောက်ပိုင်း ဘယ်လိုဖခင်မျိုး ဖြစ်လာမယ်ဆိုတာကို ဖော်ပြနေတယ်။

နေ့ကလေးထိန်းကျောင်းနဲ့ပတ်သက်ပြီး မိဘတွေ သိသင့်ရာ

နေ့ကလေးထိန်းကျောင်း ထားသင့် မသင့် မဆုံးဖြတ်ခင် ဒီမေးခွန်းလေးခုကို သုံးသပ်ကြည့်ပါ။

သားသမီးကို စမတ်ဖုန်း ပေးသုံးသင့်သလား

ကိုယ်တိုင်ရော သားသမီးတွေပါ တာဝန်ယူနိုင်စွမ်းရှိပြီလားဆိုတာ သိနိုင်ဖို့ ဒီမေးခွန်းတွေ မေးပြီး သုံးသပ်ကြည့်ပါ။

စမတ်ဖုန်းကို ချင့်ချိန်မှုရှိရှိ သုံးတတ်အောင် သားသမီးတွေကို သင်ပေးပါ

ကလေးတွေ ဘယ်လောက်ပဲ နည်းပညာကျွမ်းတယ်ပြောပြော စမတ်ဖုန်းကို ဘယ်လို ချင့်ချိန်မှုရှိရှိ သုံးနိုင်တယ်ဆိုတာ မိဘတွေ လမ်းညွှန်ပေးဖို့ လိုတယ်။

ညစ်ညမ်းရုပ်ပုံစာပေကနေ သားသမီးကို ကာကွယ်ပါ

ကလေးတွေ ညစ်ညမ်းရုပ်ပုံစာပေ ကြည့်မိဖို့ ထင်ထားတာထက် လွယ်ကူနေနိုင်တယ်။ ဘာတွေကို သိထားဖို့ လိုသလဲ၊ သင့်ကလေးကို ဘယ်လို ကာကွယ်ပေးနိုင်သလဲ။

ကလေးတွေ စာဖတ်ဖို့ ဘာကြောင့် အရေးကြီးသလဲ—အပိုင်း ၁။ ဖတ်မလား၊ ကြည့်မလား။

ကလေးတွေက ဗီဒီယို ကြည့်ရတာ ပိုကြိုက်ကြတယ်။ ကလေးတွေ စာပိုဖတ်အောင် ဘယ်လို အားပေးမလဲ။

ကလေးတွေ စာဖတ်ဖို့ ဘာကြောင့် အရေးကြီးသလဲ—အပိုင်း ၂။ ပုံနှိပ်စာအုပ်ကနေ ဖတ်မလား၊ ဖုန်း/တက်ဘလက်ကနေ ဖတ်မလား

အီလက်ထရောနစ်စာပေ ဖတ်တာ ကောင်းသလား၊ ပုံနှိပ်စာပေ ဖတ်တာ ပိုကောင်းသလား။ နှစ်မျိုးစလုံး အကျိုးရှိပါတယ်။

သတင်းဆိုးတွေကြောင့် သားသမီးတွေ စိတ်ထိခိုက်သွားတာမျိုး မဖြစ်အောင် ကူညီပေးပါ

သတင်းတွေကြောင့် သားသမီးတွေ စိတ်ဆင်းရဲရတာမျိုး မဖြစ်အောင် မိဘတွေ ဘယ်လို ကူညီပေးနိုင်မလဲ

သေခြင်းအကြောင်း ကလေး မေးလာတဲ့အခါ

ချစ်ရတဲ့သူတစ်ယောက်ဆုံးသွားတဲ့အတွက် ကလေး ဝမ်းနည်းတာကို ဖြေသိမ့်ပေးဖို့နဲ့ ကလေးမေးလာတဲ့မေးခွန်းကို အဖြေပေးရာမှာ အကူအညီဖြစ်စေနိုင်တဲ့ အချက်လေးချက်ကို ဖတ်ကြည့်ပါ။

သားသမီးတွေ အိမ်မှာ ပျင်းရိငြီးငွေ့နေရင် ဘယ်လို လုပ်ရပါ့မလဲ

ကိုယ့်ကလေးက အိမ်မှာပဲ နေရတယ်၊ လုပ်စရာလည်း ဘာမှမရှိ ဖြစ်နေတယ်ဆိုရင် ဒီအချက်တွေကို စဉ်းစားကြည့်ပါ။

တီထွင်ကြံဆပြီး ကစားခြင်းရဲ့ အကျိုးကျေးဇူးများ

တီထွင်ကြံဆပြီး ကစားခြင်းက ငြိမ်ငြိမ်ထိုင်ပြီး အပန်းဖြေတာ၊ အသင့် ရှိပြီးသား အစီအစဉ်တွေ လုပ်ဆောင်တာထက် ပိုအကျိုးများတယ်။

အိမ်မှုကိစ္စလုပ်ခြင်း အရေးပါပုံ

သားသမီးတွေ အိမ်မှုကိစ္စ ဝိုင်းကူတာကို မလိုလားဘူးလား။ အိမ်မှုကိစ္စ ဝိုင်းလုပ်ခိုင်းတာက ကလေးတွေကို တာဝန်သိတတ်သူဖြစ်စေပြီး ပျော်ရွှင်မှု ခံစားရစေတဲ့​အကြောင်း သုံးသပ်ကြည့်ပါ။

ဇွဲရှိဖို့ သားသမီးကို သင်ပေးပါ

ကိုယ့်ကလေး တစ်ခုခု လုပ်ရခက်နေပြီဆိုတာနဲ့ အမြန်ဝင်ကူလိုက်မလား။ ဒါမှမဟုတ် ဖြေရှင်းတတ်အောင် သင်ပေးမလား။

ရှုံးနိမ့်မှုကို လက်ခံတတ်အောင် သားသမီးတွေကို လေ့ကျင့်ပေးနိုင်ပုံ

ရှုံးနိမ့်မှုကို လူတိုင်း ကြုံရကြတယ်။ ရှုံးနိမ့်မှုတွေကို အရှိအတိုင်း လက်ခံနိုင်အောင်၊ ဖြေရှင်းနည်း ရှာတွေ့အောင် သားသမီးတွေကို လေ့ကျင့်ပေးပါ။

ကလေးကို ကျောင်းမှာ အဆင့်တက်လာအောင် ကူညီပေးနိုင်ပုံ

အဆင့်ကျရတဲ့ တကယ့်ပြဿနာကို သိနိုင်ပုံ၊ ကလေး သင်ယူလာအောင် အားပေးနိုင်ပုံကို လေ့လာကြည့်ပါ။

ငါ့ကလေး အနိုင်ကျင့်ခံရရင် ဘာလုပ်ရမလဲ

အနိုင်ကျင့်မှုကို သင့်ကလေး တုံ့ပြန်တတ်အောင် ကူညီပေးနိုင်တဲ့နည်း လေးနည်း။

ကလေးတွေကို ချီးမွမ်းပေးနိုင်ပုံ

ကလေးအတွက် အကျိုးအရှိဆုံးဖြစ်တဲ့ ချီးမွမ်းပေးနိုင်တဲ့နည်း တစ်နည်း ရှိပါတယ်။

ကွာရှင်းခြင်းက သားသမီးတွေကို ထိခိုက်နိုင်ပုံ

ကွာရှင်းလိုက်တာက သားသမီးတွေအတွက် ပိုကောင်းတယ်လို့ တချို့ ယူဆကြပေမဲ့ ကွာရှင်းတာက သားသမီးတွေကို အလွန်ထိခိုက်နိုင်ကြောင်း လေ့လာတွေ့ရှိချက်တွေက ဖော်ပြတယ်။

ကြီးကောင်ဝင်ချိန်အကြောင်း သားသမီးတွေ နားလည်အောင် ကူညီပေးခြင်း

ကျမ်းစာအကြံပြုချက် ငါးခုက ကြီးကောင်ဝင်ချိန်အခက်အခဲကို အလွယ်တကူဖြေရှင်းနိုင်ဖို့ ကူညီပေးနိုင်ပါတယ်။

လိင်မှုကိစ္စအကြောင်း သားသမီးတွေကို သွန်သင်ပေးပါ

ကလေးတွေဟာ လိင်မှု​ကိစ္စအကြောင်းကို ငယ်ငယ်ရွယ်ရွယ်နဲ့ မြင်ဖူး၊ ကြားဖူးနေကြတယ်။ မိဘတွေအနေနဲ့ ဘာတွေ သိထားသင့်သလဲ။ ကလေးတွေကို ကာကွယ်ပေးဖို့ ဘာတွေလုပ်ဆောင်နိုင်သလဲ။

ကလေးတွေကို အရက်အကြောင်း ပြောပြထားပါ

မိဘတွေအနေနဲ့ အရေးကြီးတဲ့ ဒီအကြောင်းကို ဘယ်အချိန်မှာ၊ ဘယ်လို ပြောပြရမလဲ။

လူမျိုးရေး ခွဲခြားမှုအကြောင်း သားသမီးတွေကို ပြောပြခြင်း

အသက်အရွယ်အလိုက် ဆွေးနွေးထားခြင်းအားဖြင့် ကိုယ့်သားသမီးမှာ ခွဲခြားဆက်ဆံစိတ် မရှိအောင် ကူညီပေးနိုင်တယ်။

စိတ်ထိန်းချုပ်တတ်လာအောင် ကလေးတွေကို သင်ပေးခြင်း

ကလေးတောင်းသမျှအားလုံးကို ပေးမယ်ဆိုရင် ပိုအရေးကြီးတဲ့အပြုအမူတစ်ခု ကလေးမှာ ရှိတော့မှာမဟုတ်ဘူး။

သားသမီးတွေ စိတ်နှိမ့်ချတတ်အောင် သင်ပေးပါ

ကလေးတွေကို သိမ်ငယ်စိတ် မဝင်စေဘဲ နှိမ့်ချတတ်လာအောင် သင်ပေးပါ။

သားသမီးတွေကို ကျေးဇူးသိတတ်ဖို့ သင်ပေးပါ

ကြင်နာမှု ပြတဲ့သူကို ကျေးဇူးတင်တယ် ဆိုတဲ့ စကားပြောဖို့ ကလေးငယ်တွေကိုတောင် သင်ပေးနိုင်တယ်။

စကားနားထောင်လာအောင် ကလေးတွေကို သင်ပေးခြင်း

ကိုယ်နဲ့ ကိုယ့်ကလေးက တစ်ချိန်လုံးထိပ်တိုက်တွေ့နေပြီး ကိုယ့်ကလေးကပဲ အမြဲအနိုင်ရနေပုံ ရပါသလား။ သားသမီးတွေကို ပြုစုပျိုးထောင်နည်း ငါးနည်းက ကလေးတွေကို ကူညီပေးနိုင်တယ်။

ကလေးကို အလိုမလိုက်ခြင်း

ကလေးနားပူနားဆာလုပ်ရင် ကိုယ်ဆုံးဖြတ်ထားတဲ့အတိုင်း လုပ်ဖို့ ခက်သွားမလား။

ဝုန်းဒိုင်းကြဲတတ်တဲ့ အရွယ်ကလေးတွေကို ကိုင်တွယ်ခြင်း

သင့်ကလေး ဝုန်းဒိုင်းကြဲတဲ့အခါ သင် ဘာလုပ်နိုင်ပါသလဲ။ ​ဒီပြဿနာကို ဖြေရှင်းနိုင်ဖို့ သမ္မာကျမ်းစာက ​ကူညီပေးနိုင်ပါတယ်။

သင့်ကလေး လိမ်ပြောတဲ့အခါ

သင့်ကလေး လိမ်ပြောတယ်ဆိုရင် ဘာလုပ်သင့်သလဲ။ အမှန်အတိုင်းပြောဖို့ အရေးကြီးကြောင်း သင့်ကလေးကို သင်ပေးနိုင်တဲ့ ကျမ်းစာအခြေပြု အကြံပြုချက်တွေကို ဒီဆောင်းပါးမှာ ဖော်ပြထားပါတယ်။

ဆယ်ကျော်သက်များကို ပြုစုပျိုးထောင်ခြင်း

သင့်ဆယ်ကျော်သက်ကလေးနဲ့ ပြောဆိုဆက်သွယ်နိုင်ပုံ

သင့်ဆယ်ကျော်သက်ကလေးနဲ့ စကားပြောတိုင်း စိတ်ညစ်ရပါသလား။ ဘယ်အချက်တွေက အခက်တွေ့စေတာလဲ။

ဆယ်ကျော်သက်သမီးတွေ ဖိစီးမှုများတဲ့အခါ

ဆယ်ကျော်သက်မိန်းကလေးများစွာဟာ သူတို့ ကြုံတွေ့နေရတဲ့အပြောင်းအလဲတွေကြောင့် မခံမရပ်နိုင် စိတ်ဖိစီးနေကြတယ်။ မိဘတွေအနေနဲ့ သူတို့လေးတွေကို ဖိစီးမှုတွေရင်ဆိုင်နိုင်ဖို့ ဘယ်လိုကူညီပေးမလဲ။

သားသမီးတစ်ယောက် အသက်ဆက်ရှင်ချင်စိတ် မရှိတော့တဲ့အခါ

သားသမီးတစ်ယောက် အသက်ဆက်ရှင်ချင်စိတ် မရှိတော့ရင် မိဘတွေ ဘာလုပ်နိုင်သလဲ။

သင့် ဆယ်ကျော်သက်ကလေးကို ယုံကြည်စိတ်ချလို့ မရတဲ့အခါ

သင့်ဆယ်ကျော်သက်ကလေးကို ပုန်ကန်သူလို့ အလျင်စလို ကောက်ချက်မချလိုက်ပါနဲ့။ ယုံကြည်စိတ်ချမှုကို ပြန်တည်ဆောက်နိုင်ပါတယ်။

မိဘတွေ လမ်းပြထိန်းကျောင်းနိုင်ပုံ

သားသမီးတွေဟာ ဘာကြောင့် မိဘတွေထက် ရွယ်တူချင်းတွေနဲ့ ပိုရင်းနှီးဖို့ လွယ်ကူသလဲ။

ဆယ်ကျော်သက် ကလေးကို ဆုံးမပဲ့ပြင်နိုင်ပုံ

ဆုံးမပဲ့ပြင်တယ်ဆိုတာ သွန်သင်ပေးတာကို ဆိုလိုတယ်။ ကလန်ကဆန်လုပ်လိုစိတ် လျော့နည်းသွားပြီး နာခံတတ်လာအောင် သင့်ဆယ်ကျော်သက်ကလေးကိုသွန်သင်ရာမှာ ကျမ်းစာမူတွေက ကူညီပေးနိုင်တယ်။

ဆယ်ကျော်သက်တွေအတွက် စည်းကမ်းသတ်မှတ်နိုင်ပုံ

စည်းကမ်းထုတ်လိုက်တိုင်း သင့်ကလေးက အမြဲစိတ်အနှောင့်အယှက်ဖြစ်နေပုံရရင် ဘာလုပ်နိုင်မလဲ။

ဆယ်ကျော်သက်ကလေးတွေ အင်တာနက်ကို အကောင်းဘက်ကနေ အသုံးပြုတတ်အောင် ကူညီပေးနိုင်ပုံ

စည်းမျဉ်းစည်းကမ်းထုတ်ထားတာထက် မိဘကွယ်ရာမှာ မှန်ကန်တဲ့ဆုံးဖြတ်ချက်ချနိုင်အောင် ဆယ်ကျော်သက်ကလေးကို ဘယ်လိုကူညီပေးနိုင်သလဲ။

ငါ့ကလေးကို လူမှုမီဒီယာ ပေးသုံးသင့်သလား

ဆုံးဖြတ်ချက်ကောင်း ချနိုင်ဖို့ မေးခွန်းလေးခုက ကူညီပေးနိုင်တယ်။

ဆယ်ကျော်သက် သားသမီးတွေ လူမှုမီဒီယာကို အန္တရာယ်ကင်းကင်း သုံးတတ်အောင် သင်ပေးပါ

ဆယ်ကျော်သက် သားသမီးတွေ လူမှုမီဒီယာကို အန္တရာယ်ကင်းကင်း သုံးတတ်အောင် ကူညီပေးပါ။

ဖုန်းနဲ့ မဖွယ်မရာပုံတွေ၊ စာတွေပို့ခြင်းအကြောင်း သင့်ကလေးနဲ့ ပြောဆိုနိုင်ပုံ

အဲဒီအခြေအနေမျိုးကြုံရပြီးတော့မှ သင့်ကလေးကို ကာကွယ်ပေးဖို့မစဉ်းစားပါနဲ့။ သင့်ဆယ်ကျော်သက်ကလေးနဲ့ ဆက်စ်တင်ရဲ့အန္တရာယ်အကြောင်း ဆွေးနွေးပါ။

သင့်ဆယ်ကျော်သက်ကလေး ကိုယ့်ကိုယ်ကိုယ် အနာတရ ဖြစ်အောင်လုပ်တဲ့အခါ

တချို့ဆယ်ကျော်သက်တွေက ကိုယ့်ကိုယ်ကိုယ် အနာတရဖြစ်အောင် တမင်တကာလုပ်တတ်ကြတယ်။ ဘာကြောင့် အဲဒီလိုလုပ်တာလဲ။ သင့်ကလေးကို ဘယ်လို ကူညီပေးနိုင်သလဲ။

လူငယ်များ

ရွယ်တူချင်း ဖိအားကို တွန်းလှန်နိုင်ပုံ

ရွယ်တူချင်း ဖိအားက လူကောင်းတွေကိုတောင် မကောင်းတာတွေ လုပ်မိစေနိုင်တယ်။ ရွယ်တူချင်း ဖိအားအကြောင်း သိထားသင့်တဲ့အရာနဲ့ ဘယ်လိုကိုင်တွယ်ဖြေရှင်းမလဲဆိုတာကို လေ့လာကြည့်ပါ။

ဆုံးမပဲ့ပြင်တာကို ဘယ်လို လက်ခံမလဲ

အကြံဉာဏ်ပေးတာ ဒါမှမဟုတ် ပြစ်တင်ပြောဆိုတာက တကယ်တမ်း ဘယ်လိုအကူအညီဖြစ်နိုင်ပါသလဲ။

ဖုန်းနဲ့ စာအပေးအယူ လုပ်တဲ့အခါ ယဉ်ကျေးဖို့လို

စကားဖြတ်ပြီး ဝင်လာတဲ့စာ ကို ဖတ်နေတာက ရိုင်းသလား။ ဝင်လာတဲ့စာကို ဂရုမစိုက်ဘဲ စကားဆက်ပြောတာကကော ရိုင်းသလား။

သွေးဆောင်မှုတွေကို တွန်းလှန်နိုင်ပုံ

သွေးဆောင်မှုတွေကို တွန်းလှန်နိုင်စွမ်းရှိတာက တကယ် ယောက်ျားပီသတဲ့၊ မိန်းမပီသတဲ့ အမှတ်အသားဖြစ်တယ်။ အလျှော့ပေးလိုက်လျောလိုက်လို့ ဖြစ်လာတဲ့ ဖိစီးမှုတွေကို ရှောင်နိုင်အောင် သင့်ရဲ့ စိတ်ပိုင်းဖြတ်ချက်ကို ခိုင်မာစေတဲ့ အကြံပြုချက် ၆ ချက်ကို လေ့လာကြည့်ပါ။

ဒေါသကို ချိုးနှိမ်နိုင်ပုံ

ကျမ်းစာအကြံပြုချက်ငါးခုက ဒေါသကို ထိန်းနိုင်စေမယ်။

အထီးကျန်မှုကို လက်တွေ့ဖြေရှင်းနိုင်ပုံ

နာတာရှည် အထီးကျန်မှုဝေဒနာခံစားရသူတွေဟာ တစ်နေ့ကို ဆေးလိပ် ၁၅ လိပ်သောက်သလို ကျန်းမာရေးထိခိုက်တယ်။ အဲဒီလိုအထီးကျန်မှု ဝေဒနာပျောက်သွားအောင် ဘယ်လို ကုသနိုင်မလဲ။

ချစ်သူနဲ့ လမ်းခွဲတဲ့ အခါ

အသည်းကွဲပြီးနောက်ပိုင်း ဘယ်လိုဆက်စခန်းသွားနိုင်မလဲ

မိဘနဲ့အတူ ပြန်နေရတဲ့အခါ

ကိုယ့်ဘာသာကိုယ်ရပ်တည်ဖို့ကြိုးစားပေမဲ့ အခက်အခဲတွေပဲ သင်ကြုံခဲ့ရသလား။ လက်တွေ့ ကျတဲ့ ဒီအချက်တွေအတိုင်း လုပ်ဆောင်ခြင်းဖြင့် ကိုယ့်ခြေထောက်ပေါ်ကိုယ် ပြန်ရပ်တည်လာနိုင်ပါလိမ့်မယ်။

မိတ်ဆွေကောင်း ဖွဲ့နိုင်ပုံ

အကြံပြုချက်လေးခုက အပေါ်ယံခင်ရုံကနေ မိတ်ဆွေစစ်မိတ်ဆွေကောင်းတွေဖြစ်အောင် ကူညီပေးနိုင်ပါတယ်။

အပြောင်းအလဲတွေနဲ့အညီ လိုက်လျောညီထွေနေနိုင်ပုံ

အပြောင်းအလဲတိုင်းကို မရှောင်လွှဲနိုင်ပါဘူး။ အပြောင်းအလဲတွေကို အကောင်းဆုံးဖြေရှင်းဖို့ တချို့ ဘာလုပ်ခဲ့ကြသလဲ။

သားသမီးတွေ ဝမ်းနည်းကြေကွဲတဲ့အခါ

မိသားစုဝင်တစ်ဦး သေဆုံးသွားတာကို ခံရပ်နိုင်အောင် လူငယ်သုံးယောက်ကို ကျမ်းစာက ဘယ်လိုကူညီပေးခဲ့သလဲ။

သည်းထိတ်ရင်ဖို စွန့်စားခန်းတွေ အကျိုးနပ်ရဲ့လား

လူငယ်များစွာဟာ သူတို့ ဘယ်လောက်အစွမ်းပြနိုင်မှန်း သိဖို့ အသက်ရင်းပြီး စွန့်စားကြည့်ကြတယ်။ သင်ကော အဲဒီလို စမ်းကြည့်ချင်စိတ် ပေါ်ဖူးသလား။