မာတိကာဆီ ကျော်သွား

သမ္မာကျမ်းစာကို သင် ဘယ်လို ရှုမြင်ပါသလဲ

သမ္မာကျမ်းစာကို သင် ဘယ်လို ရှုမြင်ပါသလဲ

ဘယ်လို ပြောမလဲ

  • လူ့ဉာဏ်ပညာနဲ့ ရေးသားထားတဲ့ စာအုပ်။

  • ဒဏ္ဍာရီပုံပြင်စာအုပ်။

  • ဘုရားသခင့် တရားစကားတော်။

ကျမ်းစာအဆို

‘ကျမ်းစာစောင်အားလုံးဟာ ဘုရားသခင့် စွမ်းအားတော်ရဲ့ လမ်းညွှန်မှုနဲ့ ရေးထားတယ်။’—၂ တိမောသေ ၃:၁၆ကမ္ဘာသစ်ဘာသာပြန်ကျမ်း။

သမ္မာကျမ်းစာကနေ ရရှိနိုင်မယ့် အကျိုးကျေးဇူးများ

ဘဝနဲ့ဆိုင်တဲ့ အရေးကြီးမေးခွန်းတွေအတွက် ကျေနပ်လောက်တဲ့အဖြေ။—ပညာအလိမ္မာ ၂:၁-၅

နေ့စဉ်အသက်တာအတွက် ယုံကြည်စိတ်ချရတဲ့ လမ်းညွှန်ချက်—ဆာလံ ၁၁၉:၁၀၅

အနာဂတ်အတွက် စစ်မှန်တဲ့မျှော်လင့်ချက်။—ရောမ ၁၅:၄

ကျမ်းစာအဆိုကို ယုံကြည်စိတ်ချနိုင်ပါသလား

စိတ်ချနိုင်တဲ့ အကြောင်းရင်း အနည်းဆုံး သုံးခု ရှိပါတယ်–

  • အံ့သြဖွယ်ကောင်းလောက်အောင် ရှေ့နောက်ညီညွတ်မှု။ သမ္မာကျမ်းစာကို နှစ်ပေါင်း ၁,၆၀၀ ကျော်ကာလအတွင်းမှာ လူအယောက် ၄၀ လောက်က ရေးသားခဲ့တယ်။ သူတို့ထဲက အများစုဟာ တစ်ယောက် နဲ့တစ်ယောက် မတွေ့ဖူးကြဘူး။ ဒါပေမဲ့ ဘုရားသခင်ရဲ့ နာမတော်နဲ့ အုပ်ချုပ်မှုဆိုတဲ့ အကြောင်းအရာ တစ်ခုတည်းကိုပဲ အဓိကရေးသားခြင်းအားဖြင့် ကျမ်းစာတစ်အုပ်လုံးဟာ ရှေ့နောက်ညီညွတ်ပါတယ်။

  • ရိုးသားတဲ့ ကျမ်းရေးသူတွေ။ သမိုင်းပညာရှင်တွေဟာ ကိုယ့်လူမျိုးရဲ့ အောင်မြင်မှုတွေကိုပဲ ရေးသားလေ့ရှိပါတယ်။ ဒါပေမဲ့ သမ္မာကျမ်းစာ ရေးသားသူတွေကတော့ ကိုယ်တိုင်နဲ့ ကိုယ့်လူမျိုးရဲ့ အားနည်းချက်တွေကို ပွင့်ပွင့်လင်းလင်း ရေးသားခဲ့ကြပါတယ်။—၂ ရာဇဝင်ချုပ် ၃၆:၁၅၊ ၁၆။ ဆာလံ ၅၁:၁-၄

  • ယုံကြည်စိတ်ချရတဲ့ ကြိုဟောချက်တွေ။ရှေးခေတ်ဗာဗုလုန်မြို့ကြီး ပျက်စီးမယ့်အကြောင်း သမ္မာကျမ်းစာက နှစ်ပေါင်း ၂၀၀ ကြိုတင်ဟောခဲ့တယ်။ (ဟေရှာယ ၁၃:၁၇-၂၂) ဗာဗုလုန်မြို့ကြီး ဘယ်ပုံဘယ်နည်းနဲ့ ကျဆုံးသွားမယ်ဆိုတဲ့အပြင် အောင်နိုင်သူရဲ့ နာမည်ကိုတောင် ကြိုတင်ဖော်ပြခဲ့တယ်။—ဟေရှာယ ၄၅:၁-၃

    ကျမ်းစာကြိုဟောချက် အတော်များများဟာ အသေးစိတ်ကအစ ပြည့်စုံခဲ့တယ်။ ဒီအချက်က သမ္မာကျမ်းစာကို ဘုရားသခင်ရဲ့ လမ်းညွှန်မှုနဲ့ ရေးသားထားတယ်ဆိုတာ ယုံကြည်စိတ်ချစေပါတယ်။—၂ ပေတရု ၁:၂၁

စဉ်းစားကြည့်ပါ

သမ္မာကျမ်းစာက သင့်ဘဝအတွက် ဘယ်လို အကျိုးဖြစ်စေနိုင်သလဲ။

အဲဒီမေးခွန်းအတွက် ကျမ်းစာအဖြေကို ဟေရှာယ ၄၈:၁၇၊ ၁၈ နဲ့ ၂ တိမောသေ ၃:၁၆၊ ၁၇ တို့မှာ ဖတ်ကြည့်ပါ။