မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သီချင်း ၁၃၈

နာမတော် ယေဟောဝါဖြစ်

နာမတော် ယေဟောဝါဖြစ်

ကူးယူပါ–

(ဆာလံ ၈၃:၁၈)

  1. ၁။ အသက်ရှင်သောဘုရား၊

    အရာခပ်သိမ်း ဖန်ဆင်းရှင်

    လူမျိုးနွယ်အဆက်ဆက်တွင်

    ယေဟောဝါ နာမဖြစ်။

    လူမျိုးတော်ဖြစ်ခွင့်လေ

    ဂုဏ်ယူဝမ်းမြောက်စရာပေ။

    လူမျိုးတိုင်း အနွယ်တိုင်းကို

    ဂုဏ်တော် ကြေညာကြစို့။

    (ထပ်ကျော့ပိုဒ်)

    ယေဟောဝါ၊ ယေဟောဝါ၊

    ကိုယ်တော့်လိုဘုရား မရှိ။

    ထက်ကောင်းကင်မှ၊ ကမ္ဘာမြေထိ

    တခြား ဘုရား မရှိ။

    ကိုယ်တော်သာ တန်ခိုးရှင်ဘုရား

    လူအားလုံး သိမှတ်ရ။

    ယေဟောဝါ၊ ယေဟောဝါ

    ကိုယ်တော်ကလွဲလို့ ဘုရား မရှိ။

  2. ၂။ အလိုတော်ရှိရာတိုင်း

    ပြီးပြည့်စုံစေသောဘုရား၊

    ကိုယ်တော့်အကြောင်း တို့သိထား

    ယေဟောဝါ နာမဖြစ်။

    ကိုယ်တော်ရဲ့သက်သေများ

    ခံယူခွင့် ပေးသနားထား။

    နာမတော် ခံယူခွင့်လေ

    ဂုဏ်ယူလို့ မဆုံးပေ။

    (ထပ်ကျော့ပိုဒ်)

    ယေဟောဝါ၊ ယေဟောဝါ၊

    ကိုယ်တော့်လိုဘုရား မရှိ။

    ထက်ကောင်းကင်မှ၊ ကမ္ဘာမြေထိ

    တခြား ဘုရား မရှိ။

    ကိုယ်တော်သာ တန်ခိုးရှင်ဘုရား

    လူအားလုံး သိမှတ်ရ။

    ယေဟောဝါ၊ ယေဟောဝါ

    ကိုယ်တော်ကလွဲလို့ ဘုရား မရှိ။

(၆ ရာ. ၆:၁၄; ဆာ. ၇၂:၁၉; ဟေရှာ. ၄၂:၈ တို့ကိုလည်းကြည့်ပါ။)