ဘဝအတ္ထုပ္ပတ္တိ
ဘုရားသခင့် မဟာကရုဏာကို နည်းလမ်းမျိုးစုံနဲ့ ခံစားခဲ့ရ
ဘုရားသခင်ကို ကြောက်ရွံ့ရိုသေတဲ့လူငယ် ကျွန်တော့်အဖေ အာသာဟာ မက်သဒစ် ဓမ္မဆရာ ဖြစ်ချင်ခဲ့တယ်။ ဒါပေမဲ့ ကျမ်းစာကျောင်းသားတွေရဲ့ စာပေကို ဖတ်ပြီး သူတို့နဲ့ စတင်ပေါင်းသင်းလာတဲ့အခါ အဖေ့အစီအစဉ် ပြောင်းသွားတယ်။ အသက် ၁၇ နှစ်အရွယ် ၁၉၁၄ ခုနှစ်မှာ နှစ်ခြင်းခံခဲ့တယ်။ ပထမကမ္ဘာစစ် ပြင်းထန်လာတော့ စစ်မှုထမ်းဖို့ ဆင့်ခေါ်ခံရတယ်။ လက်နက်ကိုင်ဖို့ ငြင်းဆန်လို့ ကနေဒါနိုင်ငံ၊ အွန်တာရီယို၊ ကင်စတန် အကျဉ်းထောင်မှာ ထောင်ဒဏ် ဆယ်လ ကျခဲ့တယ်။ လွတ်လာတဲ့အခါ ကော်လ်ပေါ်တာ (ရှေ့ဆောင်) အဖြစ် အချိန်ပြည့်အမှုဆောင်လုပ်ငန်းမှာ ပါဝင်ခဲ့တယ်။
၁၉၂၆ ခုနှစ်မှာ အာသာဂက်စ်ဟာ ဟေဇယ် ဝီလ်ကင်ဆန်နဲ့ လက်ထပ်ခဲ့တယ်။ ဟေဇယ်ရဲ့ အမေက ၁၉၀၈ ခုနှစ်မှာ အမှန်တရား သိလာခဲ့တယ်။ ကျွန်တော့်ကို ၁၉၃၁၊ ဧပြီ ၂၄ ရက်မှာ မွေးဖွားခဲ့တယ်။ သားသမီးလေးယောက်ထဲက ဒုတိယမြောက်ပါ။ ကျွန်တော်တို့မိသားစုဟာ ယေဟောဝါရဲ့ ဝတ်ပြုရေးကို အဓိကထားခဲ့တယ်။ အဖေက ကျမ်းစာကို အလွန်လေးမြတ်ပြီး ဘဝတစ်လျှောက်လုံး ကျမ်းစာရဲ့ ဆုံးမသွန်သင်မှုကို ခံယူခဲ့တယ်။ မိသားစုလိုက် တစ်အိမ်တက်ဆင်းလုပ်ငန်းမှာ ပုံမှန်ပါဝင်ခဲ့ကြတယ်။—တ. ၂၀:၂၀။
အဖေ့လို ကြားနေခြင်း၊ ရှေ့ဆောင်လုပ်ခြင်း
၁၉၃၉ ခုနှစ်မှာ ဒုတိယကမ္ဘာစစ် စဖြစ်ပြီး နောက်တစ်နှစ်မှာ ကနေဒါနိုင်ငံက ယေဟောဝါသက်သေများရဲ့ လုပ်ငန်းကို ပိတ်ပင်လိုက်တယ်။ ကျောင်းတွေမှာ နိုင်ငံတော် အလေးပြုခြင်း၊ အမျိုးသားသီချင်း သီဆိုခြင်းအပါအဝင် မျိုးချစ်အခမ်းအနားတွေ ကျင်းပကြတယ်။ ဒီအချိန်တွေမှာ ကျွန်တော်နဲ့ အစ်မ ဒေါ်ရသီဟာ စာသင်ခန်းထဲကနေ ထွက်သွားလိုက်တယ်။ တစ်နေ့တော့ ဆရာမက ကျွန်တော့်ကို ငကြောက်လို့ ခေါ်ပြီး အရှက်ခွဲခဲ့တယ်။ ကျောင်းဆင်းတော့ အတန်းဖော်အတော်များများက ကျွန်တော့်ကို ဝိုင်းရိုက်ပြီး တ. ၅:၂၉။
တွန်းလှဲခဲ့ကြတယ်။ တကယ်တော့ အဲဒီတိုက်ခိုက်မှုက “လူ၏စကားထက် ဘုရားသခင်၏စကားကို နားထောင်” ရမယ်ဆိုတဲ့ ကျွန်တော့်ရဲ့ စိတ်ပိုင်းဖြတ်ချက်ကို ပိုခိုင်မာစေခဲ့တယ်။—၁၉၄၂ ခုနှစ်၊ ဇူလိုင်လ၊ အသက် ၁၁ နှစ်မှာ လယ်တောထဲက ရေစည်ထဲမှာ နှစ်ခြင်းခံခဲ့တယ်။ နှစ်စဉ် ကျောင်းပိတ်တဲ့အခါတွေမှာ အားလပ်ရှေ့ဆောင် (အခုအခေါ် အရန်ရှေ့ဆောင်) လုပ်ခဲ့တယ်။ တစ်နှစ်မှာတော့ အွန်တာရီယိုမြောက်ပိုင်းက မခန့်အပ်ရသေးတဲ့ရပ်ကွက်မှာ နေထိုင်တဲ့ သစ်ခုတ်သမားတွေကို တခြားညီအစ်ကို သုံးယောက်နဲ့အတူ သွားသက်သေခံခဲ့တယ်။
၁၉၄၉ ခုနှစ်၊ မေလ ၁ ရက်မှာ ကျွန်တော် မှန်မှန်ရှေ့ဆောင် ဖြစ်လာတယ်။ ဌာနခွဲ ဆောက်လုပ်နေတဲ့အချိန်မို့ ကူညီဖို့ ဖိတ်ခေါ်ခံရပြီး ဒီဇင်ဘာ ၁ ရက်မှာ ကနေဒါ ဗေသလ မိသားစုဝင် ဖြစ်လာတယ်။ ပုံနှိပ်စက်မှာ တာဝန်ရပြီး ပုံနှိပ်စက်ကို ကိုင်တွယ်တတ်လာတယ်။ သီတင်းပတ်ပေါင်းများစွာ ညဆိုင်းတာဝန် ရခဲ့တယ်။ ကနေဒါနိုင်ငံမှာ ယေဟောဝါရဲ့ လူတွေ ကြုံတွေ့ရတဲ့ ညှဉ်းပန်းနှိပ်စက်မှုအကြောင်း ဝေစာကို ပုံနှိပ်ခဲ့တယ်။
နောက်ပိုင်း လုပ်ငန်းတော်ဌာနမှာ တာဝန်ကျတော့ ရှေ့ဆောင်တွေကို လူတွေ့မေးမြန်းခဲ့တယ်။ သူတို့ဟာ ဆန့်ကျင်မှု ပြင်းထန်တဲ့ ကွီဘက်ဒေသမှာ အမှုဆောင်ဖို့ သွားရင်း ဌာနခွဲကို ဝင်လည်ပတ်ကြတာဖြစ်တယ်။ အဲဒီထဲက တစ်ယောက်ကတော့ အယ်ဘာတာပြည်နယ်၊ အက်မွန်တန်က မေရီ ဇာဇူလာပါ။ မေရီနဲ့ အစ်ကို ဂျိုးဟာ ကျမ်းစာ ဆက်လေ့လာလို့ ဘာသာတရား ကိုင်းရှိုင်းတဲ့ ဩသဒေါ့ဘာသာဝင် မိဘတွေက အိမ်ကနေ မောင်းထုတ်လိုက်တယ်။ ၁၉၅၁ ခုနှစ်၊ ဇွန်လမှာ နှစ်ယောက်စလုံး နှစ်ခြင်းခံတယ်။ နောက်ခြောက်လအကြာမှာ ရှေ့ဆောင်စလုပ်ကြတယ်။ လူတွေ့မေးမြန်းချိန်မှာ မေရီရဲ့ ဘုရားရေးရာစိတ်ဓာတ်ကို အထင်ကြီးသွားတယ်။ “ဘာပြဿနာမှ ပေါ်မလာရင် သူ့ကို လက်ထပ်မယ်” ပေါ့။ နောက်ကိုးလအကြာ ၁၉၅၄ ခုနှစ်၊ ဇန်နဝါရီ ၃၀ ရက်နေ့မှာ ကျွန်တော်တို့ လက်ထပ်လိုက်တယ်။ နောက်တစ်ပတ်ကြာတော့ တိုက်နယ်လုပ်ငန်းအတွက် လေ့ကျင့်မှု ခံယူဖို့ ဖိတ်ခေါ်ခံရတယ်။ နောက်နှစ်နှစ်အတွင်း အွန်တာရီယိုမြောက်ပိုင်းမှာ တိုက်နယ်အဖြစ် အမှုဆောင်ခဲ့ကြတယ်။
ကမ္ဘာတစ်ဝန်းမှာ ဟောပြောခြင်းလုပ်ငန်း တိုးတက်လာလို့ သာသနာပြုတွေ လိုအပ်လာတယ်။ ကနေဒါရဲ့ နှင်းခဲတဲ့ဆောင်းဒဏ်နဲ့ နွေရာသီ ခြင်ဒဏ်ကို ခံနိုင်မယ်ဆိုရင် ဘယ်တာဝန်မျိုးကိုမဆို ထမ်းဆောင်နိုင်မယ်လို့ ထင်ခဲ့ကြတယ်။ ၁၉၅၆ ခုနှစ်၊ ဇူလိုင်လမှာ ၂၇ ကြိမ်မြောက် ဂိလဒ်သင်တန်းကျောင်း ဆင်းခဲ့ကြတယ်။ နိုဝင်ဘာလမှာ ဘရာဇီးနိုင်ငံမှာ တာဝန်ကျတယ်။
ဘရာဇီးနိုင်ငံက သာသနာပြုလုပ်ငန်း
ဘရာဇီးဌာနခွဲကို ရောက်တော့ ပေါ်တူဂီဘာသာစကားကို စသင်တယ်။ အခြေခံစကားပြောနည်း သင်ယူတယ်။ တစ်မိနစ်ကြာ မဂ္ဂဇင်းတင်ဆက်မှုတွေကို အလွတ်ကျက်တယ်။ ပြီးတော့ အမှုဆောင် သွားကြတယ်။ အိမ်ရှင် စိတ်ဝင်စားတယ်ဆိုရင် ဘုရားနိုင်ငံတော်မှာ ရရှိမယ့် အသက်တာအကြောင်း ကျမ်းချက်တွေ ဖတ်ပြဖို့ အကြံပြုကြတယ်။ ပထမဆုံးနေ့မှာပဲ အမျိုးသမီးတစ်ယောက် စိတ်ဝင်တစား ဗျာဒိတ် ၂၁:၃၊ ၄ ကို ဖတ်ပြနေတုန်း သတိလစ်သွားတယ်။ ပူလောင်အိုက်စပ်တဲ့ ရာသီဥတုဒဏ်နဲ့ ကျွန်တော် ကျင့်သားမရသေးဘူး။ အဲဒါ ရှေ့ဆက်ရင်ဆိုင်ရမယ့် အခက်အခဲပဲ။
နားထောင်လို့ကျွန်တော်တို့ ကမ်ပို့စ်မြို့မှာ တာဝန်ကျတယ်။ အခုဆိုရင် အသင်းတော် ၁၅ ခုရှိနေပြီ။ ကျွန်တော်တို့ စရောက်တုန်းက အဲဒီမှာ သီးခြားအုပ်စုတစ်စု၊ ညီအစ်မလေးယောက် အက်စတာ ထရေစီ၊ ရာမိုနာ ဘောင်အာ၊ လွီဇာ ရှဗာ့၊ လော်ရိန်းဘရု (အခု ဝေါလန်) တို့ နေထိုင်တဲ့ သာသနာပြုအိမ် တစ်လုံး ရှိတယ်။ သာသနာပြုအိမ်မှာ လျှော်ဖွပ်တာ၊ ချက်ပြုတ်ဖို့ ထင်းရှာတာကို ကျွန်တော် တာဝန်ယူရတယ်။ တနင်္လာနေ့ည တစ်ည ကင်းမျှော်စင် သင်တန်းပြီးတော့ မမျှော်လင့်တဲ့ဧည့်သည် ရောက်လာတယ်။ တစ်နေ့တာ ဖြစ်ရပ်တွေ ပြောရင်း ကျွန်တော့်ဇနီး ဆိုဖာပေါ်မှာ လဲလျောင်းနေတယ်။ ခေါင်းကြွပြီး ထလိုက်တဲ့အခါ မြွေတစ်ကောင် ထွက်လာတယ်။ ဝရုန်းသုန်းကား ဖြစ်သွားလိုက်တာ မြွေကိုသတ်လိုက်မှပဲ ပြီးသွားတော့တယ်။
ပေါ်တူဂီစကား တစ်နှစ်ကြာ သင်ယူပြီးနောက်မှာ တိုက်နယ်ကြီးကြပ်မှူးအဖြစ် ခန့်အပ်ခံရတယ်။ ကျေးလက်ဒေသမှာ ရိုးရိုးရှင်းရှင်း နေထိုင်ကြတယ်။ လျှပ်စစ်မီး မရှိ၊ ဖျာပေါ်မှာ အိပ်၊ မြင်းတွေ၊ လှည်းတွေနဲ့ ခရီးသွားကြတယ်။ ခန့်အပ်မခံရတဲ့ ရပ်ကွက်တွေမှာ အမှုဆောင်တဲ့အခါ တောင်ပေါ်မြို့တွေကို ရထားနဲ့ သွားကြတယ်။ အဆောင်ခန်းငှားပြီး နေကြတယ်။ အမှုဆောင်မှာ ဝေငှဖို့ ဌာနခွဲရုံးက မဂ္ဂဇင်း ၈၀၀ ပို့ပေးတယ်။ မဂ္ဂဇင်းပုံးတွေ သယ်ဖို့ စာတိုက်နဲ့ နေတဲ့အိမ်ကို ခေါက်တုံ့ခေါက်ပြန် သွားခဲ့ရတယ်။
၁၉၆၂ ခုနှစ်မှာ ဘရာဇီးနိုင်ငံတစ်ဝန်းမှာ ညီအစ်ကိုတွေနဲ့ သာသနာပြု ညီအစ်မတွေအတွက် နိုင်ငံတော်ဓမ္မအမှုသင်တန်း ကျင်းပခဲ့တယ်။ ခြောက်လအတွင်း မေရီမပါဘဲ သင်တန်းတစ်ခုပြီးတစ်ခု သွားလာခဲ့ရတယ်။ မာနော်၊ ဘေလဲမ်၊ ဖော်တာလယ်ဇာ၊ ရေစီဖယ်၊ ဆာဗေဒေါမြို့တွေမှာ သင်တန်း ပို့ချခဲ့ရတယ်။ မာနော်မြို့က နာမည်ကျော် ပြဇာတ်ရုံမှာ ခရိုင်အစည်းအဝေးတစ်ခု စီစဉ်ကျင်းပခဲ့တယ်။ မိုးသည်းလွန်းလို့ သောက်ရေတွေ ညစ်ပတ်ကုန်တယ်။ အစည်းအဝေးကြီးအတွင်း စားသောက်ဖို့ နေရာ မရှိတော့ဘူး။ (အဲဒီအချိန်တုန်းက အစည်းအဝေးကြီးမှာ စားစရာကျွေးတယ်။) စစ်တပ်နဲ့ ဆက်သွယ်လိုက်တော့ သဘောကောင်းတဲ့ အရာရှိတစ်ယောက်က သောက်ရေတွေ ပို့ပေးတဲ့အပြင် ချက်ပြုတ်ကျွေးမွေးဖို့ တဲကြီးနှစ်လုံး ဆောက်လုပ်ပေးခဲ့ကြတယ်။
ကျွန်တော် အဝေးရောက်နေတုန်းမှာ ငွေကိုပဲ စိတ်ဝင်စားတဲ့ ပေါ်တူဂီ စီးပွားရေးရပ်ကွက်တစ်ခုမှာ မေရီ သက်သေခံခဲ့တယ်။ ဘယ်သူနဲ့မှ ကျမ်းစာအကြောင်း ပြောလို့မရတော့ ဗေသလအိမ်သားတချို့ကို “ကမ္ဘာပေါ်မှာ ကျွန်မ မနေချင်ဆုံးနေရာကတော့ ပေါ်တူဂီပဲ” လို့ပြောခဲ့တယ်။ အံ့ဩစရာကတော့ သိပ်မကြာခင်မှာပဲ ပေါ်တူဂီမှာ အမှုဆောင်ဖို့ စာရတယ်။ အဲဒီအချိန်တုန်းက ပေါ်တူဂီမှာ ဟောပြောခြင်းလုပ်ငန်းကို ပိတ်ပင်ထားတယ်။ မေရီ လန့်သွားပေမဲ့ တာဝန်ကို လက်ခံလိုက်ကြတယ်။
ပေါ်တူဂီမှာ တာဝန်ထမ်းဆောင်ခြင်း
၁၉၆၄ ခုနှစ်၊ ဩဂုတ်လမှာ ပေါ်တူဂီနိုင်ငံ လစ္စဘွန်းမြို့ကိုရောက်တယ်။ ညီအစ်ကိုတွေဟာ ပေါ်တူဂီလျှို့ဝှက်ရဲတွေရဲ့ အဓိက ပစ်မှတ်ပဲ။ အဲဒါကြောင့် တိတ်တိတ်လေး သွားပြီး ဒေသခံ သက်သေခံတွေနဲ့ အဆက်အသွယ် မလုပ်တာက အကောင်းဆုံးပဲ။ တရားဝင်နေထိုင်ခွင့် ရတဲ့အထိ အဆောင်မှာ ငှားနေကြတယ်။ နေထိုင်ခွင့် ရတဲ့အခါ တိုက်ခန်းတစ်ခန်း ငှားလိုက်တယ်။ ၁၉၆၅ ခုနှစ်၊ ဇန်နဝါရီလမှာ ဌာနခွဲရုံးနဲ့ အဆက်အသွယ် ရခဲ့တယ်။ ငါးလအတွင်း ပထမဆုံးအကြိမ် အစည်းအဝေး တက်ခဲ့ရလို့ သိပ်ပျော်ခဲ့ကြတယ်။
ညီအစ်ကိုတွေရဲ့ အိမ်ကို ရဲတွေ နေ့တိုင်း ဝင်စစ်တယ်။ နိုင်ငံတော်ခန်းမတွေ ပိတ်လိုက်လို့ အစည်းအဝေးတွေကို အိမ်တွေမှာ ကျင်းပကြတယ်။ သက်သေခံရာနဲ့ချီ စစ်ဆေးမေးမြန်းခံရဖို့ ရဲစခန်းကို ရောက်ကြရတယ်။ အစည်းအဝေးတွေ ဦးဆောင်ကျင်းပပေးသူတွေရဲ့ နာမည်တွေ ထုတ်ပြောဖို့ ညီအစ်ကိုတွေ မတရားနှိပ်စက်ခံခဲ့ကြတယ်။ ဒါကြောင့် ညီအစ်ကိုတွေဟာ နာမည်ရင်းနဲ့ မဟုတ်ဘဲ ဇိုစီ၊ ပေါလုစတဲ့နာမည်တွေနဲ့ ခေါ်ပြောတဲ့အကျင့် ရှိလာခဲ့ကြတယ်။ ကျွန်တော်တို့လည်း အဲဒီလိုပဲ လုပ်ခဲ့ရတယ်။
ကျွန်တော်တို့ရဲ့ ညီအစ်ကိုတွေကို ကျမ်းစာအကြောင်းအရာတွေပြင်ဆင်ပေးဖို့က ကျွန်တော်တို့ အလေးထားဆုံးပါပဲ။ မေရီရဲ့ တာဝန်ကတော့ ကင်းမျှော်စင် လေ့လာရန် ဆောင်းပါးတွေနဲ့ တခြားစာစောင်တွေကို လက်နှိပ်စက်နဲ့ ရိုက်နှိပ်ထုတ်ဝေပေးရတယ်။
တရားရုံးမှာ သတင်းကောင်းကို ခုခံကာကွယ်
၁၉၆၆ ခုနှစ်၊ ဇွန်လမှာ ထူးခြားတဲ့အမှု လစ္စဘွန်းမြို့မှာ ဖြစ်ခဲ့တယ်။ နေအိမ်မှာ တရားမဝင်ကျင်းပတဲ့ အစည်းအဝေးတက်လို့ ဖေဇူအသင်းတော်သား ၄၉ ယောက်စလုံး တရားစွဲခံခဲ့ရတယ်။ ကျွန်တော်က အစိုးရရှေ့နေလို မေးမြန်းစစ်ဆေးပြီး ပြင်ဆင်ပေးတယ်။ အမှုၡုံးမယ်ဆိုတာ သိပေမဲ့ သက်သေခံချက်ကောင်း ဖြစ်မယ်ဆိုတာကို သဘောပေါက်ထားတယ်။ ကျွန်တော်တို့ရဲ့ ရှေ့နေက ပထမရာစု ဂါမလျေလရဲ့ စကားကို ကိုးကားပြီး ရဲရဲဝံ့ဝံ့ ခုခံကာကွယ်ပေးတယ်။ (တ. ၅:၃၃-၃၉) ဒီမှုခင်းသတင်းကို အကြီးအကျယ် ပုံနှိပ်ရတယ်။ ညီအစ်ကို/မ ၄၉ ယောက်ဟာ ၄၅ ရက်ကနေ ငါးလခွဲအထိ ထောင်ဒဏ်အသီးသီး ကျခံခဲ့ရတယ်။ ကျွန်တော်တို့ရဲ့ ရှေ့နေဟာ ကျမ်းစာသင်အံမှု လက်ခံပြီး မသေဆုံးခင်အထိ အစည်းအဝေးတွေ တက်ရောက်ခဲ့တယ်။
၁၉၆၆ ခုနှစ်၊ ဒီဇင်ဘာလမှာ ဌာနခွဲကြီးကြပ်မှူးအဖြစ် ခန့်အပ်ခံရတယ်။ တရားရေးကိစ္စတွေအတွက် အချိန်များစွာ ပေးခဲ့ရတယ်။ ယေဟောဝါသက်သေများ လွတ်လပ်စွာ ဝတ်ပြုခွင့်အတွက် မှတ်တမ်းကောင်း ရရှိခဲ့ပါပြီ။ (ဖိ. ၁:၇) ၁၉၇၄ ခုနှစ်၊ ဒီဇင်ဘာလ ၁၈ ရက်မှာ တရားဝင် အသိအမှတ်ပြုခံရတယ်။ ဌာနချုပ်က နေသန်နောရ်နဲ့ ဖရက်ဒရစ် ဖရန့်စ်တို့ ပေါ်တူဂီကို လာပြီး အော်ပိုတိုမြို့နဲ့ လစ္စဘွန်းမြို့မှာ ကျင်းပတဲ့ သမိုင်းဝင် အစည်းအဝေးကို တက်ရောက်ခဲ့ကြတယ်။ တက်ရောက်သူပေါင်း ၄၆,၈၇၀ ဦးရှိခဲ့တယ်။
ကိတ်ဗာဒီ၊ ဆောတိုမီနှင့် ပရင်စီပီ၊ မာဒေရာ၊ အဇိုရီကျွန်း အပါအဝင် ပေါ်တူဂီစကားပြော ကျွန်းများစွာမှာ လုပ်ငန်းတိုးချဲ့ဖို့ ယေဟောဝါ လမ်းဖွင့်ပေးခဲ့တယ်။ လိုအပ်နေတဲ့ ဌာနခွဲအဆောက်အဦကြီးကို ၁၉၈၈ ခုနှစ်မှာ ရရှိခဲ့တယ်။ အဲဒီနှစ် ဧပြီလ ၂၃ ရက်မှာ ညီအစ်ကို မီလ်တန် ဟင်ရှယ်က အဆောက်အဦသစ် ဆက်ကပ်အပ်နှံပွဲ ကျင်းပပေးခဲ့တယ်။ ၄၅,၅၂၂ ယောက် တက်ရောက်ခဲ့တယ်။ ပေါ်တူဂီမှာ သာသနာပြုအဖြစ် အမှုဆောင်ခဲ့တဲ့ ညီအစ်ကို/မ အယောက် ၂၀ ဒီသမိုင်းဝင်ဖြစ်ရပ်အတွက် ပြန်လာနိုင်ခဲ့တာ ဝမ်းသာစရာပါပဲ။
သစ္စာရှိပုံသက်သေတွေကနေ အကျိုးရရှိ
နှစ်တွေတစ်လျှောက် သစ္စာရှိ ညီအစ်ကိုတွေနဲ့ ပေါင်းသင်းခြင်းကနေ ကျွန်တော်တို့ အကြီးအကျယ် အကျိုးရရှိခဲ့ကြတယ်။ ဇုန်လည်ပတ်မှုမှာ ညီအစ်ကို သီအိုဒေါ ဂျဲရက်စ်ကို ကူညီပေးရလို့ အဖိုးတန်သင်ခန်းစာ ရခဲ့တယ်။ ကျွန်တော်တို့ လည်ပတ်တဲ့ဌာနခွဲမှာ ဆိုးရွားတဲ့အခြေအနေ ကြုံနေရတယ်။ ဌာနခွဲကော်မတီဝင်တွေလည်း လုပ်နိုင်တာမှန်သမျှ လုပ်ပြီးပြီ။ သူတို့ကို စိတ်သက်သာစေဖို့ ညီအစ်ကို ဂျဲရက်စ်က “အခု သန့်ရှင်းသော စွမ်းအားတော်ကို အလုပ်လုပ်ခွင့် ပေးရမယ့်အချိန်ပဲ” လို့ပြောခဲ့တယ်။ လွန်ခဲ့တဲ့ ဆယ်စုနှစ်များစွာတုန်းက ဘရွတ်ကလင်ကို လည်ပတ်ချိန်အတွင်း တစ်ညနေမှာ ကျွန်တော်နဲ့ မေရီဟာ ညီအစ်ကို ဖရန့်စ်၊ တခြားညီအစ်ကိုအနည်းငယ်နဲ့ ပေါင်းသင်းခွင့် ရခဲ့တယ်။ ယေဟောဝါရဲ့ လုပ်ငန်းတော်မှာ ပါဝင်ခဲ့တဲ့ နှစ်ပေါင်းများစွာအကြောင်း တစ်ခုခုပြောပြီး ညနေခင်းကို နိဂုံးချုပ်ပေးဖို့ တောင်းဆိုတဲ့အခါ ညီအစ်ကို ဖရန့်စ် ဒီလိုပြောတယ်– “ကျွန်တော် ပြောချင်တာကတော့ ဘယ်အခြေအနေမှာမဆို ယေဟောဝါရဲ့ မျက်မြင်ရ အဖွဲ့အစည်းနဲ့ အနီးကပ်နေပါ။ ဘုရားနိုင်ငံတော်သတင်း ဟောပြောပါလို့ တပည့်တွေကို ယေရှု မိန့်မှာခဲ့တဲ့ လုပ်ငန်းကို ဒီအဖွဲ့အစည်းပဲ လုပ်ဆောင်နေတယ်။”
အဲဒီအတိုင်း လုပ်ဆောင်ခဲ့လို့ ကျွန်တော်တို့ဇနီးမောင်နှံ တကယ်ပျော်ခဲ့ရတယ်။ ဇုန်လည်ပတ်မှုတွေကို အမှတ်ရနေတုန်းပဲ။ လူကြီးလူငယ်တွေရဲ့ သစ္စာရှိမှုကို တန်ဖိုးထားကြောင်း ပြနိုင်ဖို့၊ ယေဟောဝါကို ဆက်အမှုဆောင်နိုင်အောင် အားပေးဖို့ ဒီလည်ပတ်မှုတွေကနေ အခွင့်အရေး ရရှိခဲ့တယ်။
နှစ်တွေ ကုန်လွန်သွားလိုက်တာ အခု ကျွန်တော်တို့နှစ်ယောက်လုံး အသက် ၈၀ ကျော်နေပြီ။ မေရီ ကျန်းမာရေး မကောင်းတော့ဘူး။ (၂ ကော. ၁၂:၉) အခက်အခဲတွေက ယုံကြည်ခြင်း ခိုင်မာစေပြီး သမာဓိတည်ကြည်မယ်ဆိုတဲ့ စိတ်ပိုင်းဖြတ်ချက်ကို ခိုင်ခံ့စေခဲ့တယ်။ ဘဝနောက်ကြောင်းကို ပြန်တွေးကြည့်လိုက်တဲ့အခါ ယေဟောဝါရဲ့ မဟာကရုဏာကို နည်းလမ်းပေါင်းများစွာနဲ့ ခံစားခဲ့ရတာ ဝန်ခံရပါမယ်။ *
^ စာပိုဒ်၊ 29 ဒီဆောင်ပါးကို ပြင်ဆင်နေတုန်း ၂၀၁၅၊ အောက်တိုဘာ ၂၅ မှာ ဒေါက်ဂလပ် ဂက်စ်ဟာ ယေဟောဝါအပေါ် သစ္စာရှိစွာ သေဆုံးခဲ့တယ်။