မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ကမ္ဘာ့ဖြစ်ရပ်အကဲခတ်

အာဖရိကနဲ့ပတ်သက်ပြီး သတိပြုမိရာ

အာဖရိကနဲ့ပတ်သက်ပြီး သတိပြုမိရာ

အဖွဲ့အစည်းတွေနဲ့ လူတွေက အာဖရိကရဲ့ လူနေမှုအဆင့်အတန်း မြင့်လာအောင် ကြိုးစားနေကြတယ်။ ဒါပေမဲ့ ဖြေရှင်းလို့မရနိုင်တဲ့ ပြဿနာတွေ ရှိနေဆဲပဲ။

ကြံ့ခိုးဖမ်းမှု

၂၀၀၇ ခုနှစ်တုန်းက၊ တောင်အာဖရိကမှာ ကြံ့ ၁၃ ကောင်ကို ခိုးဖမ်းခဲ့တယ်။ ၂၀၁၃ ခုနှစ်ကျတော့ ကြံ့ ၁,၀၀၄ ကောင်အထိ ခိုးဖမ်းခဲ့ကြတယ်။ ကြံ့ချို ဝယ်လိုအားများလာတဲ့အတွက် ကြံ့ချို တစ်ကီလိုဟာ ရွှေတစ်ကီလိုထက် ဈေးပိုကောင်းတယ်။ ကြံ့ချိုတစ်ချောင်းဟာ ဒေါ်လာ ၅ သိန်းလောက်အထိ တန်ဖိုးရှိတယ်။

စဉ်းစားစရာ– တရားဥပဒေချိုးဖောက်မှုကို အစိုးရတွေ ဖယ်ရှားပေးနိုင်ပါ့မလား။—ယေရမိ ၁၀:၂၃

မတိုင်တန်းကြတဲ့ လာဘ်ပေးလာဘ်ယူမှု

လာဘ်စားမှုနှုန်း အများဆုံးနိုင်ငံတွေထဲမှာ အရှေ့အာဖရိက,က နိုင်ငံတချို့ ပါဝင်တယ်လို့ အပြည်ပြည်ဆိုင်ရာ အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေးအဖွဲ့ (TI) က ပြောတယ်။ လာဘ်ပေးရသူ ၉၀ ရာခိုင်နှုန်းက မတိုင်တန်းကြဘူး။ “အကျင့်ပျက်ခြစားမှုကို တိုင်ပေမဲ့လည်း အစိုးရက အရေးယူပေးမှာမဟုတ်ပါဘူးလို့ နိုင်ငံသားတွေ ယူဆကြတယ်” ဆိုပြီး ကင်ညာနိုင်ငံက အဲဒီအဖွဲ့ဝင်တစ်ဦး ပြောပြတယ်။

သမ္မာကျမ်းစာပြောဆိုရာ– “တံစိုးသည် ပညာရှိတို့၏မျက်စိကိုကွယ်စေ . . . တတ်၏။”— ထွက်မြောက်ရာ ၂၃:၈

အာဖရိကန် အွန်လိုင်း

၂၀၁၄ နှစ်ကုန်ပိုင်းမှာ အာဖရိကန်လူမျိုး ၂၀ ရာခိုင်နှုန်းနီးပါးဟာ အင်တာနက်အသုံးပြုလာကြလိမ့်မယ်လို့ နိုင်ငံတကာ ကြေးနန်းဆက်သွယ်ရေးအဖွဲ့က ပြောတယ်။ အာဖရိကမှာ မိုဘိုင်းအင်တာနက်သုံးစွဲသူအရေအတွက်ဟာ အရင်ကထက် နှစ်ဆ တိုးလာတယ်။