ကင်းမျှော်စင်—လေ့လာရန် စာစောင် အောက်တိုဘာ ၂၀၁၃

ဒီလထုတ်မှာ ဖန်ဆင်းရာတွေက ကျွန်ုပ်တို့ဖန်ဆင်းရှင်ရဲ့ တန်ခိုးနဲ့ ဉာဏ်ပညာကို ဖော်ပြတဲ့ အထောက်အထားကို ဆန်းစစ်တင်ပြထားတယ်။ ဒါ့အပြင် ယေရှုရဲ့ ဆုတောင်းချက်တွေနဲ့အညီ လုပ်ဆောင်နိုင်ပုံကိုလည်း လေ့လာရမှာဖြစ်တယ်။

ဖိလစ်ပိုင်နိုင်ငံမှာ မိမိတို့ကိုယ်ကို တလိုတလားပေးဆက်ကြသူများ

တချို့သူတွေ ဘာကြောင့် အလုပ်ထွက်၊ ပစ္စည်းတွေရောင်းပြီး ဖိလစ်ပိုင်နိုင်ငံရဲ့ ဝေးလံခေါင်းပါးတဲ့ ဒေသတွေကို ပြောင်းရွှေ့သွားသလဲဆိုတာ လေ့လာကြည့်ပါ

ဖန်ဆင်းထားရာများက အသက်ရှင်တော်မူသော ဘုရားသခင်ကို ဖော်ပြ

တခြားသူတွေ ဖန်ဆင်းရှင်နဲ့ပတ်သက်တဲ့ အမှန်တရားကို နားလည်အောင် ကူညီပေးနိုင်ပုံနဲ့ တစ်ချိန်တည်းမှာ ကိုယ်တော့်အပေါ် ကျွန်ုပ်တို့ရဲ့ယုံကြည်ခြင်းကို ခိုင်ခံ့အောင် ဘယ်လိုတည်ဆောက်နိုင်ပုံကို လေ့လာကြည့်ပါ။

“ယေဟောဝါဘုရားကို အစေခံကြလော့”

စာတန်ရဲ့အစေခံကျွန်မဖြစ်ဖို့ ကျွန်ုပ်တို့ ဘယ်လိုရှောင်နိုင်သလဲ။ အမှုဆောင်လုပ်ငန်းမှာ သစ္စာရှိရှိလုပ်ဆောင်တဲ့ ကျွန်တွေကို ယေဟောဝါ ဘာဆုတွေ ပေးသလဲ။

ဘဝအတ္ထုပ္ပတ္တိ

ယေဟောဝါကို မှီခိုအားကိုးတာက အကျိုးခံစားရ

မယ်လ်ကန်နဲ့ ဂရေ့စ်တို့ တစ်ယောက်စီဟာ ၇၅ နှစ်ကျော် ယေဟောဝါကို အမှုဆောင်ခဲ့တယ်။ ယေဟောဝါကို မှီခိုအားကိုးသူတွေကို ကိုယ်တော် ဘယ်လိုကောင်းချီးပေးတယ်ဆိုတာ သူတို့သိရှိခဲ့ပုံကို ဖတ်ကြည့်ပါ။

သေချာပြင်ဆင်ထားတဲ့ ဆုတောင်းချက်ကနေရတဲ့ သင်ခန်းစာများ

လေဝိသားတွေရဲ့ ဆုတောင်းချက်ကနေ ကျွန်ုပ်တို့ ဘာသင်ခန်းစာတွေ ရနိုင်သလဲ။ ကျွန်ုပ်တို့ရဲ့ဆုတောင်းချက်တွေ ပိုအဓိပ္ပာယ်ပြည့်ဝဖို့ ဘာလုပ်နိုင်သလဲ။

ယေရှုရဲ့ဆုတောင်းချက်နဲ့အညီ လုပ်ဆောင်ပါ

ယေရှု ဆုတောင်းတဲ့အခါမှာ သူ့ရဲ့လိုအပ်ရာထက် ယေဟောဝါရဲ့အလိုတော်ကို ဦးစားထားခဲ့တယ်။ ဒီဆုတောင်းချက်နဲ့အညီ ကျွန်ုပ်တို့ ဘယ်လိုလုပ်ဆောင်နိုင်သလဲ။

တခြားသူတွေကို သတိပေးဖို့ သင်ပိုလုပ်ဆောင်နိုင်မလား

နေ့စဉ်မြင်တွေ့နေရသူတွေကို ဟောပြောဖို့ တချို့သူတွေ ဘယ်လိုနည်းနဲ့ အခွင့်အရေးတိုင်းကို အသုံးချခဲ့တယ်ဆိုတာ လေ့လာကြည့်ပါ။