မာတိကာဆီ ကျော်သွား

ဘယ်– ယူရီ ရယ်ရာရှင်ကာနဲ့ ဇနီး အီရီနာ။ ညာ– ဆာဂေး ပါဖီရာနိုဗစ်နဲ့ ဇနီး မာရီနာ

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၉ ရက် | ပြင်ဆင်သည့်နေ့– ၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၇ ရက်
ကမ္ဘာတစ်ဝန်းက သတင်းများ

နောက်ဆုံးအချက်အလက်— ထောင်ချခံရ | ယေဟောဝါကို ဖက်တွယ်သွားဖို့ စိတ်ပိုင်းဖြတ်ထား

နောက်ဆုံးအချက်အလက်— ထောင်ချခံရ | ယေဟောဝါကို ဖက်တွယ်သွားဖို့ စိတ်ပိုင်းဖြတ်ထား

ညီအစ်ကို ယူရီ ရယ်ရာရှင်ကာနဲ့ ညီအစ်ကို ဆာဂေး ပါဖီရာနိုဗစ်ကို ဆိုင်းငံ့ထောင်ဒဏ် ခြောက်နှစ်ချမှတ်ထားရာကနေ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၃ ရက်မှာ ခရိုင်းမီးယား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ တရားရုံးချုပ်က ထောင်ဒဏ် ခြောက်နှစ်အဖြစ် ပြောင်းလဲချမှတ်လိုက်တယ်။ ညီအစ်ကိုတွေကို တရားခွင်မှာပဲ ဖမ်းချုပ်လိုက်တယ်။

၂၀၂၄ ခုနှစ်၊ ဇူလိုင် ၁ ရက်မှာ ခရိုင်းမီးယား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ကရာနိုဗာဒေစကီ ခရိုင်တရားရုံးက ညီအစ်ကို ယူရီ ရယ်ရာရှင်ကာနဲ့ ညီအစ်ကို ဆာဂေး ပါဖီရာနိုဗစ်ကို အပြစ်ရှိကြောင်း စီရင်ပြီး ဆိုင်းငံ့ ထောင်ဒဏ် ခြောက်နှစ်စီ ချမှတ်လိုက်တယ်။ လောလောဆယ် သူတို့ ထောင်ထဲ သွားစရာ မလိုပါ။

ကိုယ်ရေးအကျဉ်း

ယေဟောဝါက ယူရီနဲ့ ဆာဂေးအပြင် သမာဓိစောင့်ထိန်းသူအားလုံးကို “အတောင်တော် အရိပ်အောက်မှာ ဝှက်ထားပေး” နေတယ်၊ သူတို့ကို ဆက်ကူညီပေးသွားမယ်ဆိုတာ ကျွန်တော်တို့ သိပါတယ်။—ဆာလံ ၁၇:၇၊ ၈

အချိန်ပြဇယား

  1. စက်တင်ဘာ ၁၉၊ ၂၀၂၂

    ဆာဂေးကို ပြစ်မှုဖွင့်

  2. စက်တင်ဘာ ၂၈၊ ၂၀၂၂

    အရာရှိတွေက ဆာဂေးအိမ်အပါအဝင် နေအိမ် ရှစ်လုံးကို ဝင်ရောက်ရှာဖွေ၊ ဆာဂေးကို ယာယီချုပ်ထား

  3. စက်တင်ဘာ ၃၀၊ ၂၀၂၂

    ဆာဂေးကို အချုပ်ထောင်ပို့

  4. နိုဝင်ဘာ ၁၅၊ ၂၀၂၂

    ဆာဂေးကို အချုပ်ထောင်ကနေ လွှတ်ပေးပြီး နေအိမ်အကျယ်ချုပ်ချ

  5. မတ် ၂၂၊ ၂၀၂၃

    ယူရီကို ပြစ်မှုဖွင့်။ ယူရီကို ဖမ်းဆီး၊ စစ်ဆေးမေးမြန်းပြီး ယာယီချုပ်ထား

  6. မတ် ၂၄၊ ၂၀၂၃

    ယူရီကို ပြန်လွှတ်ပေးပြီး နေအိမ်အကျယ်ချုပ်ချ

  7. ဇူလိုင် ၁၂၊ ၂၀၂၃

    ဆာဂေးနဲ့ ယူရီကို နေအိမ်အကျယ်ချုပ်ကနေ လွှတ်ပေးပြီး ခရီးသွားလာခွင့်ကန့်သတ်

  8. ဇူလိုင် ၂၈၊ ၂၀၂၃

    ပြစ်မှု စတင်ကြားနာစစ်ဆေး။ အစိုးရရှေ့နေက ဆာဂေးနဲ့ ယူရီကို “ပြစ်မှုကျူးလွန်ပြီး သက်သေတွေကို ခြိမ်းခြောက်” တယ်လို့ စွပ်စွဲ။ ပြစ်မှုကျူးလွန်တဲ့ အထောက်အထားမရှိဘဲနဲ့ တရားသူကြီးက သူတို့ကို ဒုတိယအကြိမ် နေအိမ်အကျယ်ချုပ်ချ