မာတိကာဆီ ကျော်သွား

၂၀၂၃ ခုနှစ်၊ မတ် ၂၁ ရက်
ကမ္ဘာတစ်ဝန်းက သတင်းများ

JW.ORG ရဲ့ ဆယ်စုနှစ်ခရီး—အပိုင်း ၃

အမှုဆောင်လုပ်ငန်းကို ကူညီပံ့ပိုးခြင်း

JW.ORG ရဲ့ ဆယ်စုနှစ်ခရီး—အပိုင်း ၃

ကမ္ဘာတစ်ဝန်းက ညီအစ်ကို/မတွေအကြောင်း တိကျမှန်ကန်တဲ့သတင်းတွေဒီဂျစ်တယ်စာပေနဲ့ ဗီဒီယိုတွေကို jw.org ဝက်ဘ်ဆိုက်ကတစ်ဆင့် ထုတ်လွှင့်ပေးနေတဲ့အကြောင်း ယခင်ဆောင်းပါးနှစ်ခုမှာ ဖော်ပြခဲ့ပါတယ်။ ဒီနောက်ဆုံးဆောင်းပါးမှာတော့ ကမ္ဘာချီဟောပြောခြင်းလုပ်ငန်းကို ကူညီပံ့ပိုးပေးဖို့ jw.org ဝက်ဘ်ဆိုက်ကို ဘယ်လိုအသုံးပြုတယ်ဆိုတဲ့အကြောင်း သိရပါမယ်။

ဘာသာစကားများ။ ၂၀၁၂ ခုနှစ်၊ ဩဂုတ်လမှာ ဝက်ဘ်ဆိုက်ကို ပြန်လည်မွမ်းမံပြီးတဲ့နောက် ဘာသာစကားပေါင်း ၁၃၉ ခုနဲ့ ပင်မစာမျက်နှာကို တင်ခဲ့တယ်။ ၂၀၁၄၊ ဩဂုတ်လရောက်တော့ လက်ဟန်ပြစကား ၂၂ မျိုးအပါအဝင် ဘာသာစကား ၅၀၀ ကျော်အထိ တိုးတက်လာတယ်။ အဲဒီနှစ်မှာပဲ ဝက်ဘ်ဆိုက်ကိုကြော်ငြာတဲ့ ဝေစာကင်ပိန်း လုပ်တယ်။ အခုဆိုရင် ဝက်ဘ်ဆိုက်ပါအကြောင်းအရာတွေကို လက်ဟန်ပြစကား ၁၀၀ ကျော်အပါအဝင် ဘာသာစကား ၁,၀၇၀ ကျော်နဲ့ ဖတ်ရှုနိုင်ပြီ။

အချိန်နဲ့တစ်ပြေးညီတင်ဆက်တဲ့ ဆောင်းပါးများ။ ၂၀၁၉၊ အောက်တိုဘာမှာ jw.org ဝက်ဘ်ဆိုက် ပင်မစာမျက်နှာရဲ့ ဒီဇိုင်းကို ပြောင်းလဲခဲ့တယ်။ အမြင်အာရုံဖမ်းစားတဲ့ ရုပ်ပုံအကြီးတစ်ပုံနဲ့ ပင်တိုင်ဆောင်းပါးတစ်ပိုဒ်၊ ရရှိနိုင် ဆောင်းပါးသုံးပိုဒ်ကို ပင်မစာမျက်နှာမှာ ထည့်သွင်းတယ်။ အမှုဆောင်နဲ့သက်ဆိုင်တဲ့ အကြောင်းအရာတွေကို လူတွေ ပိုအာရုံစိုက်လာအောင် အဲဒီလို ဒီဇိုင်းဆွဲခဲ့တာဖြစ်တယ်။ နောက်ပိုင်းမှာ စာပေပြုစုရေးဌာနနဲ့ အနုပညာဌာနတို့ ပူးပေါင်းပြီး ပင်တိုင်ဆောင်းပါးနဲ့ ရုပ်ပုံတွေကို မြန်မြန်ဆန်ဆန် ဖန်တီးနိုင်အောင်၊ ပင်မစာမျက်နှာမှာ လတ်တလောဖြစ်ရပ်အကြောင်း ဖော်ပြပါရှိတဲ့ ဆောင်းပါးတွေ အမြဲရှိနေအောင် ဆောင်ရွက်ကြတယ်။ ဥပမာ၊ ကိုဗစ်ကပ်ရောဂါ၊ ရုရှား–ယူကရိန်း စစ်ပွဲနဲ့ စပ်ဆက်ပေါ်ပေါက်လာတဲ့ ဒုက္ခသည်အရေးအခင်း စတဲ့ဆောင်းပါးတွေကို ပင်မစာမျက်နှာမှာ ဖော်ပြခဲ့တယ်။

အွန်လိုင်းနဲ့ ဆက်သွယ်နိုင်ခြင်း။ ကျွန်တော်တို့ အဖွဲ့အစည်းနဲ့ လုပ်ဆောင်မှုတွေအကြောင်း သိချင်သူတွေအတွက် jw.org ဝက်ဘ်ဆိုက်မှာ တိကျမှန်ကန်တဲ့အကြောင်းအရာတွေ တင်ဆက်ထားပါတယ်။ ပိုသိချင်သူတွေအတွက် ယေဟောဝါသက်သေတွေနဲ့ ဆက်သွယ်နိုင်တဲ့ နည်းလမ်းကိုလည်း ဖော်ပြထားတယ်။ အလယ်တန်းကျောင်းသူဘဝမှာ ယေဟောဝါသက်သေတွေနဲ့ ကျမ်းစာလေ့လာဖူးတဲ့ နားမကြား အမျိုးသမီးတစ်ယောက်က နောက်ပိုင်း အိမ်ပြောင်းသွားလို့ သက်သေခံတွေနဲ့ အဆက်အသွယ်ပြတ်သွားတယ်။ ကျမ်းစာပြန်လေ့လာချင်ပေမဲ့ သက်သေခံတွေနဲ့ မဆုံဖြစ်ခဲ့ဘူး။ နောက်ပိုင်း jw.org ဝက်ဘ်ဆိုက်ကို မှတ်မိသွားပြီး သူ့ဆီ လာရောက်လည်ပတ်ပေးဖို့ အွန်လိုင်းကနေ ဖောင်ဖြည့်ပြီး တောင်းဆိုလိုက်တယ်။ ရက်အနည်းငယ်ကြာပြီးနောက် အထူးရှေ့ဆောင်နှစ်ယောက် သူ့အိမ် ရောက်လာတယ်။ ဒါနဲ့ ကျမ်းစာပြန်လေ့လာပြီး အစည်းအဝေးတွေ စတက်တယ်။ အခုဆို နှစ်ခြင်းခံပြီးနေပြီ။ ကလေးသုံးယောက်ကိုလည်း ယေဟောဝါဘုရားအကြောင်း သင်ပေးနေတယ်။ “ဝက်ဘ်ဆိုက်မှာ ဖောင်တင်နိုင်တဲ့ အစီအစဉ်သာ မရှိခဲ့ရင် သက်သေခံတစ်ယောက်ယောက်နဲ့ အမှတ်မထင် ဆုံမယ့်နေ့ကိုပဲ မျှော်နေရမှာ။ ဒါကြောင့် ဝက်ဘ်ဆိုက်အတွက် ယေဟောဝါကို ကျေးဇူးတင်တယ်” လို့ သူပြောတယ်။

ဟောပြောခြင်းလုပ်ငန်း အရှိန်မြှင့်တင်လာနဲ့အမျှ ယေဟောဝါရဲ့အဖွဲ့အစည်းက ဟောပြောခြင်းလုပ်ငန်းမှာ အသုံးပြုဖို့ ထိရောက်တဲ့ ကိရိယာတွေ ပြင်ဆင်ပေးနေလို့ သိပ်အားရှိပါတယ်။—ဟေရှာယ ၆၀:၂၂

  • လစဉ်ကူးယူတဲ့ ဗီဒီယို

  • လတိုင်း နေ့စဉ် ဝင်ရောက်ကြည့်ရှုသူ

  • ၂၀၁၃၊ မတ်လမှာ jw.org တရားဝင်အမှတ်တံဆိပ်ကို စတင်အသုံးပြု

  • ၂၀၁၄၊ ဇူလိုင်လမှာ ဝက်ဘ်ဆိုက်ကို လက်ဟန်ပြဘာသာစကားနဲ့ ရရှိ

  • ၂၀၁၉၊ အောက်တိုဘာလမှာ လူအများ စိတ်ဝင်စားအောင် ပင်မစာမျက်နှာဒီဇိုင်းကို အသစ်ဖန်တီး

  • ၂၀၂၁၊ ဇန်နဝါရီလမှာ ပျော်စရာဘဝ ထာဝရစံစားကြ စာစောင် ထုတ်ဝေကြောင်း ကြေညာ