မာတိကာဆီ ကျော်သွား

အစည်းအဝေးကြီးကို တက်ရောက်သူ ၆၆,၀၀၀ ကျော်ရှိတယ်။ အစည်းအဝေးကြီး ဖြစ်မြောက်ဖို့ ဒေသခံ ညီအစ်ကို/မ ၆,၂၀၀ ကျော် လုပ်အားပေးခဲ့ကြတယ်။

ဇန်နဝါရီ ၂၉၊ ၂၀၁၉
ပီရူး

၂၀၁၈ ခုနှစ်ရဲ့ နောက်ဆုံး အထူးအစည်းအဝေးကြီးကို ပီရူးနိုင်ငံမှာ ကျင်းပ

၂၀၁၈ ခုနှစ်ရဲ့ နောက်ဆုံး အထူးအစည်းအဝေးကြီးကို ပီရူးနိုင်ငံမှာ ကျင်းပ

ပီရူးနိုင်ငံက ယေဟောဝါသက်သေတွေဟာ ၂၀၁၈၊ နိုဝင်ဘာ ၂၃-၂၅ ရက်မှာ ကျင်းပတဲ့ “ရဲစွမ်းသတ္တိရှိပါ” နောက်ဆုံး အထူးအစည်းအဝေးကြီးမှာ ၃၂ နိုင်ငံက ကိုယ်စားလှယ် ၃,၄၀၀ ကို ကြိုဆိုခဲ့ကြတယ်။ အစည်းအဝေးကြီးကို လီမာမြို့တော်၊ မော်မန်တယ် အားကစားကွင်းကြီးမှာ ကျင်းပခဲ့တယ်။ အားကစားကွင်းမှာရော ချိတ်ဆက်ထားတဲ့ တခြားနေရာလေးခုမှာပါ စုစုပေါင်း တက်ရောက်သူ ၆၆,၂၅၄ ဦး ရှိခဲ့တယ်။ ညီအစ်ကို/မ ၇၁၉ ယောက် နှစ်ခြင်းခံခဲ့တယ်။ အစီအစဉ်ကို အင်္ဂလိပ်၊ ပီရူး လက်သင်္ကေတပြစကား၊ ကက်ချူဝါ အရာကူချို၊ စပိန် ဘာသာစကားတို့နဲ့ တစ်ပြိုင်တည်း တင်ဆက်ခဲ့တယ်။

မော်မန်တယ် အားကစားကွင်း၊ အစည်းအဝေးကြီး နောက်ဆုံးနေ့မှာ တက်ရောက်လာသူ လူငယ်လေးတစ်ယောက်ရဲ့ နှုတ်ဆက်စကား ဖြစ်ပါတယ်။

ပေါ်လွင်ချက်တစ်ခုကတော့ ကိုယ်စားလှယ်တွေဟာ ဒေသခံကြေညာသူတွေနဲ့အတူ အမှုဆောင်လယ်ကွင်းမှာ အတူတကွ ပါဝင်ခွင့် ရခြင်းပါပဲ။ အစည်းအဝေးကြီး ကိုယ်စားလှယ်တွေဟာ ဒေသခံ အစားအစာ၊ ယဉ်ကျေးမှုနဲ့ ပီရူးဌာနခွဲရုံးကို လည်ပတ်ခွင့်ရတဲ့အတွက် ပျော်ရွှင်ခဲ့ကြတယ်။

ပီရူးဌာနခွဲရုံးက ကိုယ်စားလှယ် အီစကီယယ် ပေါရပ်စ် ဒီလိုပြောတယ်– “ပီရူးမှာ ဒီအထူးအစည်းအဝေးကြီး ကျင်းပလို့ရတဲ့ အကျိုးကျေးဇူးကတော့ အံ့မခန်းပါပဲ။ ဒေသခံ ညီအစ်ကို/မတွေအတွက် မမေ့နိုင်တဲ့ အဖြစ်အပျက် တစ်ခုလောက်သာ မဟုတ်ဘူး။ ပတ်ဝန်းကျင် အသိုင်းအဝိုင်းမှာလည်း တကယ်ကောင်းတဲ့ သက်သေခံချက် ဖြစ်ခဲ့တယ်။ ဒီအထူးအချိန်အခါမှာ ဘုရားနာမကို ဂုဏ်တင်ချီးမွမ်းမှု ဖြစ်စေခဲ့တဲ့အတွက် ယေဟောဝါကို ကျေးဇူးတင်တယ်။—၁ ပေတရု ၂:၁၂

 

မော်မန်တယ် အားကစားကွင်းမှာ နှစ်ခြင်းခံမယ့်သူ ၄၈၃ ယောက်အတွက် နှစ်ခြင်းကန် အတော်များများ စီစဉ်ပေးခဲ့တယ်။ ချိတ်ဆက်ထားတဲ့ နောက်ထပ် လေးနေရာမှာလည်း နှစ်ခြင်းခံတဲ့သူ ၂၃၆ ယောက်ရှိတယ်။

ကိုယ်စားလှယ်တွေဟာ ဒေသခံ ညီအစ်ကို/မ တွေနဲ့အတူ အမှုဆောင်လုပ်ငန်းမှာ အတူပါဝင်ခွင့်ရခဲ့တယ်။

အုပ်ချုပ်ရေးအဖွဲ့ဝင် ညီအစ်ကို ဆမ်မြူအယ်လ် ဟာ့ဒ်က အစည်းအဝေးကြီးနေ့တိုင်း နောက်ဆုံးဟောပြောချက်ကို ပေးခဲ့တယ်။

လီမာမြို့၊ ဂျော့ ချာဗက် အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို ရောက်လာတဲ့ ဧည့်သည်တွေကို လှိုက်လှိုက်လှဲလှဲ ကြိုဆိုခဲ့ကြတယ်။

ဌာနခွဲရုံးကို လည်ပတ်ကြည့်ရှုမှုမှာ ကျမ်းစာပြခန်း တစ်ခုလည်းပါတယ်။ ဘုရားနာမည် ကျမ်းစာမှာ ဆက်တည်ရှိခဲ့ပုံကို ပြသထားတယ်။

အစည်းအဝေးပွဲခန်းမမှာပြုလုပ်တဲ့ စုဆုံမှုအတွင်း ပီရူး ရိုးရာအစားအစာအမျိုးမျိုး ပြင်ဆင်ပြုလုပ်ပုံကို ညီအစ်ကိုတွေ ပြသကြတယ်။ ဒီပုံမှာ ကိုယ်စားလှယ်တွေအတွက် ပင်လယ်စာ ပြင်ဆင်ပုံကို ပြသနေပါတယ်။

ရိုးရာ ချည်ငင်ပုံကို ပြသကြတယ်။ ချည်တွေကို များသောအားဖြင့် သစ်ပင်ကရတဲ့ သဘာဝဆိုးဆေးတွေနဲ့ အရောင်တင်တယ်။

ဌာနခွဲရုံးကို လည်ပတ်တဲ့ ကိုယ်စားလှယ်တွေဟာ အထူးညနေခင်း စုဆုံမှုမှာ ပါဝင်ခွင့်ရကြတယ်။ “တက်လှမ်းပါ” လို့ ခေါင်းစဉ်ပေးထားတဲ့ တေးဂီတ တင်ဆက်မှုကို ကြည့်ရှုခွင့်ရကြတယ်။ ရိုးရာတေးဂီတ၊ ရိုးရာတူရိယာ တင်ဆက်မှု၊ ပီရူးနိုင်ငံရဲ့ အဓိကနယ်မြေသုံးခုဖြစ်တဲ့ ကမ်းရိုးတန်းလွင်ပြင်၊ အင်ဒီးစ်တောင်တန်း၊ ပီရူးမိုးသစ်တောဒေသက ရိုးရာအကတွေနဲ့ တင်ဆက်ခဲ့ကြတယ်။

ညနေခင်း ဖျော်ဖြေရေးမှာ ထရူဂျီလိုဒေသ ရိုးရာအကနဲ့ တင်ဆက်နေပါတယ်။

ညနေခင်း တေးဂီတ တင်ဆက်မှုမှာ ဒေသအသီးသီးမှာ ဟောပြောခြင်းလုပ်ငန်း လုပ်ဆောင်နေပုံ ပြကွက်လည်း ပါတယ်။ ဒီပုံက ကူဇကို ကျေးလက်တောင်တန်းဒေသမှာ နေထိုင်တဲ့ ကက်ချူဝါလူမျိုးတွေရဲ့ အုတ်နဲ့ဆောက်ထားတဲ့အိမ်၊ ရိုးရာအဝတ်အစားကို တွေ့ရပါတယ်။

ညနေခင်း ဖျော်ဖြေမှုအပြီး ပါဝင်တင်ဆက်ကြသူ အားလုံးက လက်ဝှေ့ယမ်း နှုတ်ဆက်နေကြပါတယ်။