မာတိကာဆီ ကျော်သွား

သြဂုတ် ၁၁၊ ၂၀၂၁
မာလာဝီ

မဿဲကျမ်းကို မာလာဝီ လက်သင်္ကေတပြ ဘာသာစကားနဲ့ ထုတ်ဝေ

မဿဲကျမ်းကို မာလာဝီ လက်သင်္ကေတပြ ဘာသာစကားနဲ့ ထုတ်ဝေ

၂၀၂၁၊ သြဂုတ် ၈ မှာ မာလာဝီ ဌာနခွဲ ကော်မတီဝင် ညီအစ်ကို မာ့ခ် ဟတ်ချင်စံက သမ္မာကျမ်းစာ— မဿဲခရစ်ဝင်ကျမ်းကို မာလာဝီ လက်သင်္ကေတပြ ဘာသာစကားနဲ့ ထုတ်ဝေခဲ့တယ်။ မာလာဝီ လက်သင်္ကေတပြ ဘာသာစကားနဲ့ ပထမဆုံးအကြိမ် ထုတ်ဝေခြင်း ဖြစ်ပါတယ်။

ကြိုတင်ရိုက်ကူးထားတဲ့ မဿဲကျမ်း ထုတ်ဝေမှု အစီအစဉ်ကို ဌာနခွဲ နယ်မြေတစ်ခွင်မှာ ထုတ်လွှင့်ပေးတယ်။ ဒေသတွင်း တီဗီနဲ့ ရေဒီယို အသံလွှင့်ရုံကနေလည်း ထုတ်လွှင့်ခဲ့တယ်။

၂၀၀၅ ခုနှစ်၊ လီလန်ဂွေမှာ ဦးဆုံး လက်သင်္ကေတပြ ဘာသာစကား အသင်းတော်ကို ဖွဲ့စည်းခဲ့တယ်။ ၂၀၀၉ မှာ စာပေတွေကို မာလာဝီ လက်သင်္ကေတပြစကားနဲ့ စတင် ဘာသာပြန်ပြီး အခုဆိုရင် စာပေပေါင်း ၃၄ ခုကို ပြန်ဆိုခဲ့ပြီး ဖြစ်တယ်။ ဘာသာပြန်အဖွဲ့ ငါးဖွဲ့၊ ဘာသာပြန်သူ ၂၁ ဦး ရှိနေပါပြီ။

နားမကြား ဘာသာပြန်တစ်ယောက်က “စာပေတွေမှာ ပါတဲ့ လက်သင်္ကေတပြ ကျမ်းချက်တွေကနေ ကျွန်တော်တို့ အကျိုးခံစားကြရတယ်။ ကိုယ်ပိုင်လေ့လာမှာ၊ အမှုဆောင်မှာ ကျမ်းပိုဒ်ရဲ့ အထက်အောက်စကားတွေကနေ အကျိုးရရှိကြတယ်” လို့ ပြောတယ်။

ရှင်းလင်းတဲ့ ဘာသာပြန်ဆိုချက်တစ်ခုကတော့ မဿဲ ၂၂:၄၄ ဖြစ်တယ်။ ဘာသာပြန်တစ်ဦးက “ဘာသာပြန်ကျမ်းတချို့က ဒီကျမ်းပိုဒ်ကို ‘သခင်က ငါ့သခင်ကို ဆိုတယ်’ လို့ ပြန်ဆိုထားတယ်။ ဒါက ယေဟောဝါနဲ့ ယေရှုကို တစ်ဦးတည်းလို့ ယုံကြည်စေတယ်။ ဒီကျမ်းမှာတော့ ယေဟောဝါက သခင်ယေရှုကို ပြောနေတယ်ဆိုပြီး ရှင်းရှင်းလင်းလင်း ပြန်ဆိုထားတယ်” လို့ ပြောပြတယ်။

ဒီလက်ဆောင်ကြောင့် မာလာဝီက ညီအစ်ကို/မတွေ “ပြည့်ဝစုံလင်တဲ့ လက်ဆောင်မှန်သမျှ” ကို ပေးတဲ့ ယေဟောဝါနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေး ပိုခိုင်မြဲလာစေဖို့ ကျွန်တော်တို့ ဆုတောင်းလိုက်ပါတယ်။—ယာကုပ် ၁:၁၇