၂၀၂၂ ခုနှစ်၊ မတ် ၂၃ ရက် | ပြင်ဆင်သည့်နေ့– ၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၁၁ ရက်
ရုရှား
နောက်ဆုံးအချက်အလက်— အယူခံဝင်လို့ ထောင်ဒဏ် ပယ်ဖျက် |သစ္စာရှိ ညီအစ်ကို၊ ညီအစ်မ ခြောက်ယောက်ကို ယေဟောဝါ ထောက်မပေးနေ
၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၁၀ ရက်မှာ ခါဘာရော့ဗ်ဒေသ တရားရုံး က ညီအစ်မ မာရာ ခါပို့ရှကင်နာ၊ ညီအစ်ကို စတန်နီစလာ့ဗ် ကင်၊ ညီအစ်ကို နီကိုလိုင် ပိုလီဗိုဒိုဗ်၊ ညီအစ်မ စဗက်လာနာ ဆိဒိုဗာ၊ ညီအစ်ကို ဗစ်တာလီ ဇာတ်နဲ့ ဇနီး တာတယာနာတို့ရဲ့ အယူခံကို စီရင်ချက် ချလိုက်ပါတယ်။ မာရာ၊ စဗက်လာနာနဲ့ တာတယာနာကို ချမှတ်ထားတဲ့ ဆိုင်းငံ့ထောင်ဒဏ်တွေကို တစ်နှစ်စီ လျှော့ပေးလိုက်ပါတယ်။ စတန်နီစလာ့ဗ်၊ ဗစ်တာလီနဲ့ နီကိုလိုင်ကို ချမှတ်ထားတဲ့ ထောင်ဒဏ်တွေအစား ဆိုင်းငံ့ထောင်ဒဏ် ခုနစ်နှစ်နဲ့ နှစ်လ၊ ခုနစ်နှစ်နဲ့ လေးလ၊ ခုနစ်နှစ်နဲ့ ခြောက်လအဖြစ် အသီးသီးချမှတ်ခဲ့တယ်။ အဲဒီနေ့ ညနေပိုင်းမှာ ညီအစ်ကိုတွေ ထောင်ကနေ လွတ်လာပါတယ်။
၂၀၂၄ ခုနှစ်၊ ဇွန် ၂၀ ရက်မှာ ခါဘာရော့ဗ်ဒေသ စက်မှု ခရိုင်တရားရုံး က ညီအစ်မ မာရာ ခါပို့ရှကင်နာ၊ ညီအစ်ကို စတန်နီစလာ့ဗ် ကင်၊ ညီအစ်ကို နီကိုလိုင် ပိုလီဗိုဒိုဗ်၊ ညီအစ်မ စဗက်လာနာ ဆိဒိုဗာ၊ ညီအစ်ကို ဗစ်တာလီ ဇာတ်နဲ့ ဇနီး တာတယာနာကို အပြစ်ရှိကြောင်း စီရင်ချက် ချလိုက်ပါတယ်။ မာရာကို ဆိုင်းငံ့ထောင်ဒဏ် လေးနှစ်ချတယ်။ စဗက်လာနာနဲ့ တာတယာနာကို ဆိုင်းငံ့ထောင်ဒဏ် ငါးနှစ်စီ ချမှတ်တယ်။ ညီအစ်မတွေဟာ အခုလောလောဆယ်ထောင်ထဲ ဝင်စရာ မလိုပါ။ စတန်နီစလာ့ဗ်၊ ဗစ်တာလီနဲ့ နီကိုလိုင်ကို ထောင်ဒဏ် ရှစ်နှစ်နဲ့ နှစ်လ၊ ရှစ်နှစ်နဲ့ လေးလ၊ ရှစ်နှစ်နဲ့ ခြောက်လ အသီးသီးချမှတ်ခဲ့တယ်။ ဒါတွေက လုပ်ငန်းပိတ်ပင်ခဲ့တဲ့ ၂၀၁၇ နောက်ပိုင်းမှာ အပြင်းထန်ဆုံး ထောင်ဒဏ် ချမှတ်မှုတွေပါ။ ညီအစ်ကိုတွေကို တရားခွင်ကနေ ချက်ချင်း ဖမ်းခေါ်သွားကြတယ်။
အချိန်ပြဇယား
နိုဝင်ဘာ ၁၀၊ ၂၀၁၈
လက်ဖက်ရည်ဆိုင်မှာ လူပေါင်း ၅၅ ယောက်လောက် စုဆုံပွဲ လုပ်နေတာကို အာဏာပိုင်တွေက ရပ်ခိုင်းတယ်။ ကလေးတွေအပါအဝင် တက်ရောက်သူအားလုံးကို စစ်ဆေးမေးမြန်း၊ လက်ဗွေနှိပ်ပြီး ဓာတ်ပုံရိုက်ယူတယ်။
နိုဝင်ဘာ ၁၂၊ ၂၀၁၈
စတန်နီစလာ့ဗ်၊ နီကိုလိုင်နဲ့ ဗစ်တာလီတို့ကို အချုပ်ထောင်မှာ ထားလိုက်တယ်။ မာရာ၊ စဗက်လာနာနဲ့ တာတယာနာတို့ကို ခရီးသွားခွင့် ပိတ်ပင်ထားတယ်။
ဇန်နဝါရီ ၁၄၊ ၂၀၁၉
နီကိုလိုင်နဲ့ ဗစ်တာလီကို အချုပ်ထောင်က လွတ်ပေးပြီး အိမ်အကျယ်ချုပ်နဲ့ ထားတယ်။
ဇန်နဝါရီ ၂၉၊ ၂၀၁၉
စတန်နီစလာ့ဗ်ကို အချုပ်ထောင်က လွတ်ပေးပြီး အိမ်အကျယ်ချုပ်နဲ့ ထားတယ်။
ဇူလိုင် ၁၈၊ ၂၀၁၉
အမှုကို ခါဘာရော့ဗ်ဒေသ စက်မှု ခရိုင်တရားရုံးမှာ တင်သွင်းတယ်။
ဩဂုတ် ၂၊ ၂၀၁၉
နီကိုလိုင်ကို အိမ်အကျယ်ချုပ်ကနေ လွတ်ပေးတယ်။
စက်တင်ဘာ ၉၊ ၂၀၁၉
စတန်နီစလာ့ဗ်နဲ့ နီကိုလိုင်ရဲ့ အမှုကို ခါဘာရော့ဗ်ဒေသ ရှလက်ဇနာ ဒရော်ဇက်ဇနီ ခရိုင်တရားရုံးမှာ သီးခြား တင်သွင်းတယ်။
နိုဝင်ဘာ ၅၊ ၂၀၁၉
နီကိုလိုင်ကို ခရီးသွားလာခွင့် ပိတ်ပင်လိုက်တယ်။
ဇန်နဝါရီ ၁၈၊ ၂၀၂၀
စတန်နီစလာ့ဗ်နဲ့ ဗစ်တာလီကို အိမ်အကျယ်ချုပ်ကနေ လွှတ်ပေးတယ်။
ဖေဖော်ဝါရီ ၄၊ ၂၀၂၀
စတန်နီစလာ့ဗ်နဲ့ နီကိုလိုင်ကို အပြစ်ရှိကြောင်း သီးခြား စီရင်ချက်ချတယ်။ ခါဘာရော့ဗ်ဒေသ ရှလက်ဇနာ ဒရော်ဇက်ဇနီ ခရိုင်တရားရုံးက ဆိုင်းငံ့ထောင်ဒဏ် နှစ်နှစ်စီ ချမှတ်ခံရတယ်။
ဩဂုတ် ၃၊ ၂၀၂၀
စက်မှု ခရိုင်တရားရုံးက အမှုကို အစိုးရ ရှေ့နေရုံးဆီ ပြန်လွှဲလိုက်တဲ့အတွက် အစိုးရ ရှေ့နေက အယူခံဝင်ခဲ့တယ်။
စက်တင်ဘာ ၂၉၊ ၂၀၂၀
ခါဘာရော့ဗ်ပြည်နယ် တရားရုံးက အစိုးရရှေ့နေရဲ့ အယူခံကို သုံးသပ်ခဲ့တယ်။ စတန်နီစလာ့ဗ်နဲ့ နီကိုလိုင်ဟာ တရားသူကြီးကို စကားပြောခွင့်ရခဲ့တယ်။ ရုရှားအစိုးရဟာ ကမ္ဘာ့တခြားနိုင်ငံတွေလိုပဲ ပြည်သူတွေရဲ့ အခွင့်အရေးနဲ့ လွတ်လပ်စွာ ဝတ်ပြုကိုးကွယ်ခွင့်ကို မချိုးဖောက်ဖို့ နိုင်ငံတကာ သဘောတူညီချက်မှာ လက်မှတ်ရေးထိုးထားကြောင်း သူတို့ အလေးပေး ပြောခဲ့တယ်။
အောက်တိုဘာ ၁၂၊ ၂၀၂၀
ခါဘရော့ပြည်နယ်တရားရုံးက စက်မှု ခရိုင်တရားရုံးရဲ့ ဆုံးဖြတ်ချက်ကို သဘောတူတဲ့အတွက် အမှုကို အစိုးရရှေ့နေရုံးဆီ ပြန်လွှဲလိုက်တယ်။
ဒီဇင်ဘာ ၁၅၊ ၂၀၂၁
အမှုကို စက်မှု ခရိုင်တရားရုံးမှာ ပြန်တင်သွင်းတယ်။
ကိုယ်ရေးအကျဉ်း
ချစ်ရတဲ့ ဒီညီအစ်ကို၊ ညီအစ်မတွေကိုရော “တိမ်ထုကြီးလိုများတဲ့” မျက်မှောက်ခေတ် တခြားညီအစ်ကို၊ ညီအစ်မတွေကိုပါ ယေဟောဝါ ဆက်ထောက်ပံ့ပေးနေမယ်ဆိုတာကို ကျွန်တော်တို့ သိထားပါတယ်။—ဟီဘရူး ၁၂:၁။