မာတိကာဆီ ကျော်သွား

ဝဲ။ ညီအစ်မ တာတရာနာ ဂဲဂဗစ်ရှ်။ ယာ။ ညီအစ်မ ဗလင်တီနာ ဗလာဒီမီရိုဗာ

၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၂၄ ရက် | ပြင်ဆင်သည့်နေ့– ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၁၆ ရက်
ရုရှား

နောက်ဆုံးအချက်အလက်—အပြစ်ရှိကြောင်း စီရင်ခံရ | ကျန်းမာရေး မကောင်းတဲ့ ညီအစ်မ နှစ်ယောက် ခြောက်လကြာ ထိန်းသိမ်းခံရချိန်မှာ ယေဟောဝါဘုရားရဲ့ အကူအညီနဲ့ ခံနိုင်ရည် ရှိနေ

နောက်ဆုံးအချက်အလက်—အပြစ်ရှိကြောင်း စီရင်ခံရ | ကျန်းမာရေး မကောင်းတဲ့ ညီအစ်မ နှစ်ယောက် ခြောက်လကြာ ထိန်းသိမ်းခံရချိန်မှာ ယေဟောဝါဘုရားရဲ့ အကူအညီနဲ့ ခံနိုင်ရည် ရှိနေ

၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၄ ရက်မှာ စမိုလင့်မြို့၊ ပရိုမစ်လင်နီ ခရိုင်တရားရုံးက ညီအစ်မ တာတရာနာ ဂဲဂဗစ်ရှ်နဲ့ ဗလင်တီနာ ဗလာဒီမီရိုဗာကို အပြစ်ရှိကြောင်း စီရင်ပြီး ဆိုင်းငံ့ထောင်ဒဏ် နှစ်နှစ် ချမှတ်ခဲ့တယ်။ လောလောဆယ်တော့ ထောင်ထဲသွားစရာ မလိုဘူး။

အချိန်ပြဇယား

  1. ၂၀၁၉၊ မေ ၁၄

    အာဏာပိုင်တွေက တာတရာနာနဲ့ ဗလင်တီနာတို့ကို ပြစ်မှုနဲ့ အမှုဖွင့်ကြတယ်။ လုံခြုံရေး အရာရှိတွေက ညီအစ်မ နှစ်ဦးစလုံးရဲ့ အိမ်ကို ဝင်ရောက်ရှာဖွေပြီး ၄၈ နာရီကျော် စစ်ကြောမေးမြန်းတယ်။ နှစ်ဦးစလုံး နာတာရှည်ရောဂါ ရှိသူတွေ ဖြစ်ပေမဲ့ အချုပ်ထောင် အပို့ခံရတယ်။

  2. ၂၀၁၉၊ နိုဝင်ဘာ ၂၂

    ခြောက်လကျော် ကြာပြီးနောက် တာတရာနာနဲ့ ဗလင်တီနာတို့ကို အချုပ်ထောင်ကနေ လွှတ်ပေးပြီး နေအိမ်အကျယ်ချုပ် ချတယ်

  3. ၂၀၁၉၊ ဒီဇင်ဘာ ၃၁

    ဗလင်တီနာ ဆေးရုံတင်ရတဲ့အထိ ကျန်းမာရေး ထိခိုက်သွားတယ်

  4. ၂၀၂၀၊ သြဂုတ် ၆

    ရှစ်လကြာတော့ တာတရာနာကို အကျယ်ချုပ်ကနေ လွှတ်လိုက်ပြီး မြို့ပြင်မထွက်ရအမိန့် ချတယ်။ ဗလင်တီနာကိုတော့ နေအိမ်အကျယ်ချုပ် ဆက်ချတယ်။ မိသားစုဝင်တစ်ယောက်နဲ့ ရှေ့နေတစ်ယောက်ကိုပဲ ဆက်သွယ်ခွင့် ပေးတယ်။

  5. ၂၀၂၀၊ အောက်တိုဘာ ၂

    တာတရာနာနဲ့ ဗလင်တီနာတို့ကို အာဏာပိုင်တွေ စွဲဆိုတဲ့ ပြစ်မှုမှတ်တမ်းဟာ စာမျက်နှာ ၄၀၀ ရှိတယ်။ “အစွန်းရောက် အဖွဲ့အစည်းရဲ့ လုပ်ဆောင်မှုတွေကို လျှို့ဝှက်” ပေးတယ်ဆိုပြီး စွဲချက်တင်ခံရတယ်။

  6. ၂၀၂၀၊ အောက်တိုဘာ ၁၄

    ပဏာမအမှုကြားနာချိန်မှာ သက်သေ မခိုင်လုံတဲ့အတွက် ထပ်မံစစ်ဆေးဖို့ တရားသူကြီးက အမှုကို အစိုးရရှေ့နေရုံးဆီ ပြန်ပို့လိုက်တယ်။ ကျန်းမာရေး မကောင်းတဲ့အတွက် ဗလင်တီနာဟာ အမှုကြားနာချိန်မှာ မတ်တတ်မရပ်နိုင်ပေမဲ့ တရားရုံးက သူ့ကို အကျယ်ချုပ်ဆက်ချဖို့ အမိန့်ချတယ်။

  7. ၂၀၂၁၊ ဖေဖော်ဝါရီ ၂၅

    အစိုးရရှေ့နေရုံးဆီ အမှုပြန်ပို့တဲ့ ဆုံးဖြတ်ချက်ကို အယူခံရုံးက ပယ်ဖျက်ပြီး အမှုကို ဆက်စစ်ဆေးဖို့ အမိန့်ချတယ်။

ကိုယ်ရေးအကျဉ်း

ယေဟောဝါဟာ တာတရာနာ၊ ဗလင်တီနာနဲ့ ရုရှား၊ ခရိုင်းမီးယားမှာ ရှိတဲ့ ညီအစ်ကို/မတွေအတွက် ‘အစွမ်းခွန်အား၊ ဒိုင်းလွှား’ ဖြစ်ပါစေလို့ ကျွန်တော်တို့ ဆုတောင်းပေးပါတယ်။—ဆာလံ ၂၈:၇