မာတိကာဆီ ကျော်သွား

စိန့်ဗင်းစင့်မှာရှိတဲ့ လာ ဆောဖရဲရီ မီးတောင်ကနေ မီးခိုးပြာတွေ ထွက်နေ

ဧပြီ ၂၈၊ ၂၀၂၁
အမေရိကန်

ကာရစ်ဘီယံမှာ မီးတောင်ပေါက်

ကာရစ်ဘီယံမှာ မီးတောင်ပေါက်

နေရာ

စိန့်ဗင်းစင့်နဲ့ ဘာဘေးဒိုးစ်ရှိ ဒေသတချို့

သဘာဝဘေး

  • ၂၀၂၁၊ ဧပြီ ၉ မှာ လာ ဆောဖရဲရီ မီးတောင်ကနေ မီးခိုးပြာတွေ စတင်မှုတ်ထုတ်တယ်

  • ပြာထုကြီးကြောင့် အဆောက်အအုံတွေ ပြိုတယ်။ လျှပ်စစ်မီး ပြတ်တောက်ပြီး သောက်ရေ ရဖို့ ခက်သွားတယ်

  • မီးတောင်ကနေ ပြာပူတွေ၊ မီးခိုးတွေ အပတ်အနည်းငယ်အထိ ဆက်ထွက်နေဦးမယ်

ညီအစ်ကို/မတွေရဲ့ အခြေအနေ

  • စိန့်ဗင်းစင့်နဲ့ ဘာဘေးဒိုးစ်က ကြေညာသူ ၁၈၅ ယောက် ဘေးလွတ်ရာဆီ ပြောင်းရွှေ့ရတယ်

အဆောက်အအုံ ပျက်စီးဆုံးရှုံးမှု

  • အထိနာဆုံး စိန့်ဗင်းစင့်မြောက်ပိုင်းဒေသဆီ သွားဖို့ ခက်နေလို့ ထိခိုက်ပျက်စီးမှု အတိုင်းအတာကို မသိနိုင်သေးဘူး

ကယ်ဆယ်ရေး လုပ်ဆောင်မှု

  • စိန့်ဗင်းစင့်နဲ့ အနီးဝန်းကျင်ကျွန်းစု ဘေးလွတ်ရာဒေသမှာ နေထိုင်တဲ့ ယေဟောဝါသက်သေတွေဟာ ဘေးသင့်ညီအစ်ကို/မတွေကို လက်ခံကူညီပေးနေတယ်။ ကိုဗစ်-၁၉ ဘေးကင်းရေး လမ်းညွှန်ချက်ကိုလည်း လိုက်နာကြပါတယ်

  • ကိုဗစ်-၁၉ သဘာဝဘေး ကယ်ဆယ်ရေး ကော်မတီက ကယ်ဆယ်ရေးတွေ လုပ်ဆောင်နေတယ်။ ကယ်ဆယ်ရေး ကော်မတီက ရေရနိုင်ဖို့၊ လိုအပ်သလို ကူညီဖို့ တိုက်နယ် ကြီးကြပ်မှူး၊ ဒေသခံ အကြီးအကဲတွေနဲ့ ပူးပေါင်းလုပ်ဆောင်နေတယ်

  • စိန့်ဗင်းစင့်နဲ့ စိန့်လူစီယာက ဒေသခံ အစိုးရ ဝန်ထမ်းတွေလည်း သဘာဝဘေး ကယ်ဆယ်ရေးတွေ လုပ်ဆောင်နေတယ်

ဘေးသင့်ဒေသက မျက်မမြင် သက်ကြီး ညီအစ်ကိုတစ်ဦးကို ညီအစ်ကိုတစ်စု အချိန်မီ ကယ်ထုတ်နိုင်ခဲ့တယ်။ ဘေးလွတ်ရာကို ကားမောင်းသွားနေချိန် လူတွေ လမ်းပေါ် ရုန်းရင်းဆန်ခတ် ပြေးလွှားနေကြတာကို မြင်ရတယ်။ ကြေညာသူအားလုံး ဘေးလွတ်သွားလို့ ဝမ်းသာစရာပဲ။

ကယ်ဆယ်ရေးအဖွဲ့ဟာ “ဒုက္ခရောက်ချိန်မှာ ကူညီပေးဖို့ အသင့်” ရှိတဲ့ ဘုရားကို အတုယူပြီး ညီအစ်ကို/မတွေအတွက် နားခိုစရာ စီစဉ်ပြီး အားပေးနှစ်သိမ့်ကြလို့ ကျွန်တော်တို့ ဝမ်းမြောက်ကြတယ်။—ဆာလံ ၄၆:၁-၃