မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သမ္မာ​ကျမ်း​စာ​က​နေ သိ​ရှိ​နိုင်​ရာ​များ

ကျမ်း​စာ​မှာ ဒီ​နေ့​ခေတ် ကျွန်​တော်​တို့​အတွက် ဘု​ရား​သခင့် တ​ရား​စကား​တွေ ပါ​ရှိ​တယ်။ ဘဝ​မှာ အောင်​မြင်​စွာ အသက်​ရှင်​နေ​ထိုင်​နည်း၊ ဘု​ရား​မျက်​နှာ​သာ​ရ​နည်း​တို့​ကို ဖော်​ပြပေး​တယ်။ အောက်​ပါ​မေး​ခွန်း​တွေ​ကို​လည်း အဖြေပေး​ထား​တယ်–

  1. ၁။ ဘု​ရား​သခင် ဘယ်​သူ​လဲ

  2. ၂။ ဘု​ရား​သခင်​အကြောင်း ဘယ်​လို သင်​ယူ​နိုင်​သလဲ

  3. ၃။ ကျမ်း​စာ​ကို ဘယ်​သူ​ရေး​တာ​လဲ

  4. ၄။ ကျမ်း​စာ​ဟာ သိ​ပ္ပံ​ပညာ​နဲ့ ကိုက်​ညီ​သလား

  5. ၅။ ကျမ်း​စာ​ရဲ့ အဓိ​က​သတင်း​စကား​က ဘာ​လဲ

  6. ၆။ ကျမ်း​စာ​မှာ မေရှိ​ယ​အကြောင်း ဘာ​တွေ​ကြို​ပြော​ထား​သလဲ

  7. ၇။ ဒီ​နေ့​ခေတ်​နဲ့​ပတ်​သက်​ပြီး ကျမ်း​စာ​မှာ ဘာ​တွေ​ကြိုပြော​ထား​သလဲ

  8. ၈။ လူ​သား​တွေ ဆင်း​ရဲ​ဒုက္ခရောက်​တာ ဘု​ရား​သခင်​ကြောင့်​လား

  9. ၉။ လူ​သား​တွေ ဘာ​ကြောင့် ဆင်း​ရဲ​ဒုက္ခ ခံစား​ရ​တာ​လဲ

  10. ၁၀။ ကျမ်း​စာ​မှာ အနာ​ဂတ်​နဲ့​ပတ်​သက်​တဲ့ ဘယ်​ကတိ​တွေ​ပါ​သလဲ

  11. ၁၁။ လူ​သေရင် ဘာ​ဖြစ်​သွား​သလဲ

  12. ၁၂။ သေလွန်​သူ​တွေ​အတွက် ဘာ​မျှော်​လင့်​ချက် ရှိ​သလဲ

  13. ၁၃။ အလုပ်​နဲ့​ပတ်​သက်​ပြီး ကျမ်း​စာ​မှာ ဘာ​ပြော​သလဲ

  14. ၁၄။ ငွေ​ရေး​ကြေး​ရေး ပြဿ​နာ​ကို ဘယ်​လို​ရှောင်​ရှား​နိုင်​သလဲ

  15. ၁၅။ ပျော်​ရွှင်​မှု ဘယ်​လို ရ​နိုင်​သလဲ

  16. ၁၆။ စိုး​ရိမ်​ပူ​ပန်​မှု​တွေ​ကို ဘယ်​လို​ရင်​ဆိုင်​ဖြေရှင်း​မလဲ

  17. ၁၇။ ကျမ်း​စာ​က မိသား​စု​ကို ဘယ်​လို​ကူညီ​ပေး​နိုင်​သလဲ

  18. ၁၈။ ဘု​ရား​သခင်​နဲ့ ဘယ်​လို ရင်း​နှီး​နိုင်​မလဲ

  19. ၁၉။ ကျမ်း​စောင်​တွေ​မှာ ဘာ​အကြောင်း​အရာတွေ ပါ​သလဲ

  20. ၂၀။ ကျမ်း​စာ​ဖတ်​ရှု​ခြင်း​က​နေ ဘယ်​လို အကျိုး​အပြည့်​အဝ​ရ​နိုင်​သလဲ

ကျမ်း​ချက်​ရှာ​ဖွေ​နည်း

ကျမ်း​စာ​မှာ ကျမ်း​စောင် ၆၆ စောင် ပါ​တယ်။ ဟီ​ဘ​ရူး-အာ​ရ​မိတ်​ကျမ်း​စောင် (ဓမ္မ​ဟောင်း​ကျမ်း) နဲ့ ဂရိ​ကျမ်း (ဓမ္မ​သစ်​ကျမ်း) ဆို​ပြီး နှစ်​ပိုင်း​ခွဲ​ထား​တယ်။ ကျမ်း​စောင်​တိုင်း​ကို အခန်း​ကြီး၊ အခန်း​ငယ် ခွဲ​ထား​တယ်။ ကျမ်း​ချက်​ရည်​ညွှန်း​တဲ့​အခါ ကျမ်း​စောင်​နာ​မည်​နောက်​က နံ​ပါတ်​ဟာ အခန်း​ကြီး၊ နောက်​နံ​ပါတ်တွေ​ဟာ အခန်း​ငယ်​တွေ ဖြစ်​တယ်။ ဥပမာ၊ ကမ္ဘာဦး ၁:၁ ဆိုရင် ကမ္ဘာဦး​အခန်း​ကြီး ၁၊ အခန်း​ငယ် ၁ ကို​ဆိုလို​တယ်။