မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

မေး​ခွန်း ၁

ဘု​ရား​သခင် ဘယ်​သူ​လဲ

“ယေဟောဝါ​လို့ နာ​မည်​ရှိ​တဲ့ ကိုယ်​တော် တစ်ပါး​တည်း​သာ မြေတစ်​ပြင်​လုံး​မှာ အမြင့်မြတ်​ဆုံး​အရှင်​ဖြစ်​မှန်း လူ​တွေ​သိ​ကြ​ပါ​စေ။”

ဆာလံ ၈၃:၁၈

“ယေဟောဝါ​ဟာ ဘု​ရား​သခင်​ပဲ​ဆို​တာ သိ​မှတ်​ကြ​ပါ။ ဘု​ရား​ဟာ ငါ​တို့​ကို ဖန်ဆင်း​တဲ့​အရှင်​ပဲ။ ငါ​တို့​ကို ပိုင်​တဲ့​အရှင်​ပဲ။”

ဆာလံ ၁၀၀:၃

“ငါ​ဟာ ယေဟောဝါ​ပဲ။ ဒါ​ဟာ ငါ့​နာ​မည်​ပဲ။ ငါ့​ရဲ့​ဘုန်း​အသရေ​ကို ဘယ်​သူ့​ကို​မှ မပေး​ဘူး။ ငါ​ရ​ထိုက်​တဲ့ ချီး​မွမ်း​ခြင်း​ကို​လည်း ရုပ်​တု​တွေ​ကို မပေး​ဘူး။”

ဟေရှာယ ၄၂:၈

“ယေဟောဝါ​ရဲ့ နာ​မည်​ကို​ခေါ်​ပြီး ဆုတောင်း​သူ​တိုင်း ကယ်​တင်​ခံ​ရ​မယ်။”

ရော​မ ၁၀:၁၃

“အိမ်​ဆို​တာ တည်​ဆောက်​တဲ့​သူ​ရှိ​လို့ ဖြစ်​လာ​တာ။ အရာ​ခပ်​သိမ်း​ကို တည်ဆောက်​သူ​က​တော့ ဘု​ရား​သခင်​ပဲ။”

ဟီ​ဘ​ရူး ၃:၄

“ကောင်း​ကင်​ကို မော့​ကြည့်​လိုက်​ပါ​ဦး။ အဲ​ဒါ​တွေ​ကို ဘယ်​သူ​ဖန်​ဆင်း​သလဲ။ အဲဒီ​အလုံး​အရင်း​ကို ရေ​တွက်​ပြီး ခေါ်​ထုတ်​တဲ့​အရှင်​ပဲ။ အဲဒီ​အရှင်​က အဲ​ဒါ​တွေ​အားလုံး​ကို နာ​မည်​တပ်​ပြီး ခေါ်​တယ်။ ကြီး​မား​လှ​တဲ့ စွမ်း​အင်​နဲ့ အံ့​မခန်း​ဖွယ် တန်ခိုး​ကြောင့်​ တစ်​လုံး​တ​လေ လျော့​သွား​တယ်​ဆို​တာ မရှိ​ဘူး။”

ဟေရှာယ ၄၀:၂၆