မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

မေး​ခွန်း ၁၁

လူ​သေရင် ဘာ​ဖြစ်​သွား​သလဲ

“သူ​ဟာ အသက်​ထွက်​ပြီး မြေကြီး​ထဲ ပြန်​သွား​တတ်​တယ်။ အဲဒီ​နေ့​မှာ​ပဲ သူ့အကြံ​အစည်​တွေ ပျက်​စီး​သွား​တယ်။”

ဆာလံ ၁၄၆:၄

“အသက်​ရှင်​နေ​သူ​က သေရ​မှာ​ကို သိ​တယ်။ သေလွန်​သူ​က​တော့ ဘာ​မှ​မသိဘူး။ . . . ဘာ​ပဲ​လုပ်​လုပ် အား​သွန်​ခွန်​စိုက် လုပ်​ပါ။ ကိုယ်​ရောက်​သွားမယ့် သင်္ချိုင်း​မှာ အလုပ်​အကိုင်၊ အစီ​အစဉ်၊ အသိ​ပညာ၊ ဉာဏ်​ပညာ ဘာတစ်​ခု​မှ မရှိ​လို့​ပဲ။”

ဒေ​သနာ ၉:၅၊ ၁၀

“ယေရှု​က ‘ကျွန်​တော်​တို့​ရဲ့ သူ​ငယ်​ချင်း လာ​ဇ​ရု အိပ်​ပျော်​သွား​ပြီ။ သူ့​ကို​နှိုးဖို့ သွား​ရ​မယ်’ လို့​ပြော​တဲ့​အခါ၊ လာ​ဇ​ရု သေဆုံး​တာ​ကို ယေရှု​ဆိုလို​ပေမဲ့ အိပ်​ပျော်​နေ​တာ​ကို ဆိုလို​တယ်​လို့ တ​ပည့်တွေ ထင်​နေ​ကြ​တယ်။ ဒါ​ကြောင့် ယေရှု​က တဲ့​တိုး​ပဲ ပြော​လိုက်​တယ်– ‘လာ​ဇ​ရု ဆုံး​သွား​ပြီ။’”

ယောဟန် ၁၁:၁၁၊ ၁၃-၁၅