မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

မေး​ခွန်း ၁၅

ပျော်​ရွှင်​မှု ဘယ်​လို ရ​နိုင်​သလဲ

“မေတ္တာ​လွှမ်း​ခြုံ​တဲ့​နေ​ရာ​မှာ စား​ရ​တဲ့ ဟင်း​သီး​ဟင်း​ရွက် တစ်​နပ်​စာဟာ​ အမုန်း​စိတ်​ပြည့်​နေ​တဲ့​နေ​ရာ​မှာ စား​ရ​တဲ့ ဆူ​ဖြိုး​တဲ့ အမဲ​သား​ဟင်း​ထက် ပိုကောင်း​တယ်။”

ပညာအလိမ္မာ ၁၅:၁၇

“ငါ​ယေဟောဝါ​ဟာ မင်း​တို့​ရဲ့ ဘု​ရား​သခင်​ပဲ။ မင်း​တို့​ကောင်း​ကျိုး​အတွက် သွန်သင်​ပေး​တဲ့​အရှင်၊ မင်း​တို့​လျှောက်​သင့်​တဲ့ လမ်း​အတိုင်း လမ်း​ညွှန်​ပေး​တဲ့ အရှင်​ပဲ။”

ဟေရှာယ ၄၈:၁၇

“ဘု​ရား​သခင်​ကို မှီ​ခို​ဖို့ လို​အပ်​မှန်း သိ​မြင်​သူ​တွေ ပျော်​ရွှင်​ချမ်း​မြေ့တယ်။ ကောင်း​ကင်​နိုင်​ငံ​ဟာ သူတို့​အတွက် ဖြစ်​လိမ့်​မယ်။”

မဿဲ ၅:၃

“လူ​လူ​ချင်း​ကို ကိုယ်​နဲ့​ထပ်​တူ ချစ်​ပါ။

မဿဲ ၂၂:၃၉

“ကိုယ့်​ကို ပြု​မူ​ဆက်ဆံ​စေ​ချင်​တဲ့​အတိုင်း သူ​တစ်ပါး​ကို ပြု​မူ​ဆက်ဆံ​ပါ။”

လုကာ ၆:၃၁

“ဘု​ရား​သခင်​ရဲ့ တ​ရား​စကား​ကို ကြား​နာ​ပြီး လိုက်​လျှောက်​တဲ့​ သူ​ဟာ . . . ပျော်​ရွှင်​ချမ်း​မြေ့တယ်။”

လုကာ ၁၁:၂၈

“လူ​တစ်​ယောက်​ဟာ စည်း​စိမ်​ကြွယ်​ဝ​နေ​ရင်​တောင် သူ့​စည်း​စိမ်​က အသက်​မပေး​နိုင်​ဘူး။”

လုကာ ၁၂:၁၅

“ဒါ​ကြောင့် စား​စ​ရာ၊ ဝတ်​စ​ရာ ရှိ​နေ​တယ်​ဆို​ရင် ရှိ​တာ​လေး​နဲ့ ရောင့်ရဲ​နေ​ရမယ်။”

၁ တိမောသေ ၆:၈

“ရ​ယူ​ခြင်း​ထက် ပေးကမ်း​ခြင်း​က ပိုပျော်​ရွှင်​စေ​တယ်။”

တမန်​တော် ၂၀:၃၅