မာတိကာဆီ ကျော်သွား

ကာတွန်းသရုပ်ဖော်ဗီဒီယို

စိတ်လှုပ်ရှားစရာကောင်းတဲ့ ဒီဗီဒီယို အပိုင်းတိုလေးတွေဟာ အရမ်းအရေးကြီးတဲ့ အကြောင်းတွေကို ဆွေးနွေးထားပေမဲ့ လေ့လာတဲ့အခါမှာတော့ အေးအေးဆေးဆေးနဲ့ ပျော်စရာကောင်းပါလိမ့်မယ်။

 

သန့်ရှင်းသပ်ရပ်ပါ

သန့်သန့်ရှင်းရှင်းနေမယ်၊ ပစ္စည်းတွေကို စနစ်တကျထားမယ်ဆိုရင် ကိုယ်တိုင်ရော၊ ကိုယ့်ဝန်းကျင်ကလူတွေပါ လုပ်ရကိုင်ရ ပိုအဆင်ပြေမယ်။ ကျန်းမာရေးကောင်းပြီး ဖိစီးမှုလည်း နည်းမယ်။

မလိုမုန်းထားစိတ် ကူးစက်ခံနေရသလား

လူ့သမိုင်းတစ်လျှောက်မှာ မလိုမုန်းထားစိတ် ကူးစက်ပျံ့နှံ့ခဲ့တယ်။ ဒါပေမဲ့ ကျမ်းစာအကူအညီနဲ့ မလိုမုန်းထားစိတ်ကို တိုက်ထုတ်နိုင်ပါတယ်။

သတင်းအမှားတွေကနေ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ပါ

ကြားရ ဖတ်ရတာအားလုံးကို မယုံလိုက်ပါနဲ့။ အလိမ်အညာတွေမပါတဲ့ သတင်းအချက်အလက် ဟုတ်မဟုတ် ဆန်းစစ်နိုင်ပုံကို လေ့လာပါ။

ငွေသုံးစွဲနည်း

အခုကတည်းက ငွေကို ချွေတာသုံးစွဲမယ်ဆိုရင် ကိုယ်လိုအပ်ချိန်မှာ ငွေရှိနေပါလိမ့်မယ်။

ဆေးလိပ်ကြောင့် အသက် အဆုံးရှုံး မခံပါနဲ့

လူများစွာဟာ ဆေးလိပ်သောက်ကြတယ်။ အီးစီးကရက် သောက်ကြတယ်။ ဒါပေမဲ့ တချို့က မသောက်ဘူး၊ တချို့သူတွေကျတော့ ဖြတ်ဖို့ အသည်းအသန် ကြိုးစားနေကြတယ်။ ဘာကြောင့်လဲ။ ဆေးလိပ်သောက်တာ တကယ် ဆိုးသလား။

ဗီဒီယိုဂိမ်းကစားတာ သင် တကယ်ရော နိုင်ရဲ့လား

ဗီဒီယိုဂိမ်းတွေက ပျော်စရာကောင်းနိုင်ပါတယ်။ ဒါပေမဲ့ အန္တရာယ်လည်း ရှိနိုင်တယ်။ အန္တရာယ်တွေကို ဘယ်လိုရှောင်နိုင်သလဲ။ တကယ်တမ်း အနိုင်ရသူဖြစ်အောင် ဘယ်လို လုပ်နိုင်သလဲ။

ဝမ်းနည်းခြင်းမှ ဝမ်းသာခြင်းသို့

သိပ်ဝမ်းနည်းနေရင် ဘာလုပ်နိုင်သလဲ။

အားကစားအကြောင်း သိသင့်သိအပ်ရာ

အားကစားလုပ်ရင် အရည်အသွေးကောင်းတွေ ရှိလာမယ်။ ပူးပေါင်းလုပ်ဆောင်တတ်လာမယ်။ ပြောဆိုဆက်သွယ်တတ်လာမယ်။ ဒါပေမဲ့ အားကစားက ဘဝမှာ အရေးကြီးဆုံးအရာ တစ်ခုလား။

မသောက်ခင် စဉ်းစားပါ

အရက်မူးနေတဲ့အချိန်မှာ မပြောသင့်၊ မလုပ်သင့်တာတွေကို ပြောမိ၊ လုပ်မိတတ်ကြတယ်။ အရက်ကို အလွဲသုံးလို့ ပြဿနာ မတက်အောင်၊ အန္တရာယ် မဖြစ်အောင် ကိုယ့်ကိုယ်ကိုယ် ဘယ်လို ကာကွယ်နိုင်သလဲ။

မိဘတွေနဲ့ ဘယ်လို စကားပြောနိုင်သလဲ

မိဘတွေနဲ့ ဘယ်လို အဆင်ပြေပြေ စကားပြောနိုင်မလဲ။

ဘယ်သူက ထိန်းချုပ်နေတာလဲ—သင်လား၊ သင့်ရဲ့ ဖုန်း၊ တက်ဘလက်လား

ကွန်ယက်ခေတ်မှာ ဖုန်း၊ တက်ဘလက်ကို သုံးနေရတာမှန်ပေမဲ့ အဲဒါတွေက ကိုယ့်ကို ထိန်းချုပ်တာမျိုး မဖြစ်သင့်ဘူး။ ဖုန်း၊ တက်ဘလက် စွဲနေမနေ ဘယ်လိုသိနိုင်မလဲ။ ဘယ်လို ထိန်းချုပ်နိုင်သလဲ။

လွတ်လပ်မှုပိုရအောင် ဘာလုပ်ရမလဲ

ကိုယ့်ကိုယ်ကိုယ် လူကြီးဖြစ်ပြီလို့ ထင်နေပေမဲ့ မိဘတွေ အဲဒီလိုမထင်ကြဘူး။ သူတို့ ယုံကြည်စိတ်ချဖို့ ဘာတွေ လုပ်ရမလဲ။

အတင်းအဖျင်းပြောတာကို ငါ ဘယ်လိုရှောင်နိုင်မလဲ

စကားဝိုင်းမှာ နစ်နာစေတဲ့ အတင်းအဖျင်း ပါလာပြီဆိုရင် ချက်ချင်း ရပ်ပစ်ပါ။

အချစ်စစ်အချစ်မှန်လား၊ အရူးအမူးအချစ်လား

အရူးအမူးအချစ်နဲ့ အချစ်စစ်အချစ်မှန်ရဲ့ အဓိပ္ပာယ်ကို လေ့လာကြည့်ပါ။

ရွယ်တူချင်းတွေရဲ့ ဖိအားကို တွန်းလှန်ပါ

အချက် ၄ ချက်က ပြတ်ပြတ်သားသား ဆုံးဖြတ်တတ်အောင် သင့်ကို ကူညီနိုင်ပါတယ်။

လူမှုဆက်သွယ်ရေးကွန်ရက်ကို ပညာရှိရှိ အသုံးပြုပါ

အွန်လိုင်းပေါ်မှာ ကိုယ့်သူငယ်ချင်းတွေနဲ့ တပျော်တပါး၊ လုံလုံခြုံခြုံ ဆက်သွယ်ပါ။

သူငယ်ချင်းကောင်းဆိုတာ ဘာလဲ

သူငယ်ချင်းအတုအယောင်တွေကို လွယ်လွယ်နဲ့ ရှာတွေ့နိုင်တယ်။ သူငယ်ချင်း အစစ်အမှန်ကိုတော့ ဘယ်လို ရှာတွေ့နိုင်မလဲ။

အနိုင်ကျင့်သူကို လက်သီးမသုံးဘဲ ရင်ဆိုင်နည်း

အနိုင်ကျင့်မှုတွေ ဘာကြောင့် ဖြစ်တာလဲ၊ အနိုင်ကျင့်ခံရတဲ့အခါ ဘယ်လို ရင်ဆိုင်နိုင်သလဲဆိုတာ ကြည့်ပါ။