မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အနာဂတ်ကို ယေဟောဝါနဲ့ တည်ဆောက်ခြင်း

အနာဂတ်ကို ယေဟောဝါနဲ့ တည်ဆောက်ခြင်း

ကူးယူပါ–

  1. ၁။ ရှေ့ရေး တွေးပြီး သိချင်မိ၊ ဘယ်လိုတွေ ဖြစ်မလဲ တွေးလို့ပူမိ

    ဘာတွေကို ရင်ဆိုင်ကြုံကာ ဘယ်လိုရှေ့ဆက်ရမလဲ ဒီဘဝထဲ

    တစ်ခုတော့ သေချာ၊ ဘာတွေ ကြုံတွေ့ရလည်းပဲ

    ငါရှင်သန်နေ ယေဟောဝါအတွက်၊ ဘုရားအတွက်ပဲ။

    (ထပ်ကျော့ပိုဒ်)

    ပိုင်ဆိုင်ဆွေမျိုးနဲ့ဥစ္စာ၊ ဒီဘဝမှာ ရှိထားလည်း

    အရာအားလုံးထဲမှာ အကောင်းတကာ့အကောင်းဆုံး

    ရွေးချယ်ကာ ယေဟောဝါအကြိုက် နေထိုင်ရှင်သန်ခြင်းပဲ

    ပိုင်ဆိုင်တာရှိရှိသမျှဟာ ဘုရားရှင်ဆီကပါ

    ကိုယ်တော့်လက်ထဲမှာ ငြိမ်သက်လုံခြုံနေတာ

    ငါ့အနာဂတ်ဘဝလမ်းကို ဆောက်တည်မြဲ ဘုရားရှင်နဲ့ပဲ။

  2. ၂။ ဘုရားနဲ့ဝေးသွားစေမယ့်၊ ကိုယ်တော်ရှင် မုန်းတဲ့ လမ်းလိုက်စေမယ့်

    အခြေအနေ၊ အခွင့်လမ်းကောင်းများ ပေါ်လာတော့ စဉ်းစားရခက်ပြီပေါ့

    တို့ဆက်ကပ်နှံမှု၊ ဒီရင်မှာ မြဲမြဲမှတ်တော့

    ပိုခိုင်မာလာ ဒီယုံကြည်ခြင်း၊ တောက်ပမြဲ။

    (ထပ်ကျော့ပိုဒ်)

    ပိုင်ဆိုင်ဆွေမျိုးနဲ့ဥစ္စာ၊ ဒီဘဝမှာ ရှိထားလည်း

    အရာအားလုံးထဲမှာ အကောင်းတကာ့အကောင်းဆုံး

    ရွေးချယ်ကာ ယေဟောဝါအကြိုက် နေထိုင်ရှင်သန်ခြင်းပဲ

    ပိုင်ဆိုင်တာရှိရှိသမျှဟာ ဘုရားရှင်ဆီကပါ

    ကိုယ်တော့်လက်ထဲမှာ ငြိမ်သက်လုံခြုံနေတာ

    ငါ့အနာဂတ်ဘဝလမ်းကို ဆောက်တည်မြဲ ဘုရားရှင်နဲ့ပဲ။

    (ဆက်ဆိုရန်)

    အဆုံးမဲ့သောလမ်းထဲ ငါဆောက်တည်ဆဲပဲ

    ရှင်ယေဟောဝါ ထောက်မ၊ မိတ်ဆွေစစ်ဖြစ်ကြောင်းပြ

    အကောင်းဆုံးဘဝလမ်းမို့၊ ရှေ့ဆက်သာလှမ်းစို့

    ရှင်ယေဟောဝါ အလိုတော်အတိုင်း ငါနေထိုင်သွားမယ်။

    (ထပ်ကျော့ပိုဒ်)

    ပိုင်ဆိုင်ဆွေမျိုးနဲ့ဥစ္စာ၊ ဒီဘဝမှာ ရှိထားလည်း

    အရာအားလုံးထဲမှာ အကောင်းတကာ့အကောင်းဆုံး

    ရွေးချယ်ကာ ယေဟောဝါအကြိုက် နေထိုင်ရှင်သန်ခြင်းပဲ

    ပိုင်ဆိုင်တာရှိရှိသမျှဟာ ဘုရားရှင်ဆီကပါ

    ကိုယ်တော့်လက်ထဲမှာ ငြိမ်သက်လုံခြုံနေတာ

    ငါ့အနာဂတ်ဘဝလမ်းကို ဆောက်တည်မြဲ ဘုရားရှင်နဲ့ပဲ

    ငါ့အနာဂတ်ဘဝလမ်းကို ဆောက်တည်မြဲ ဘုရားရှင်နဲ့ပဲ။