မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ပြန်ရုန်းထမှာပါ

ပြန်ရုန်းထမှာပါ

ကူးယူပါ–

  1. ၁။ ငါ့စိတ်ထဲက ကြိတ်ခံစားရ၊ အထီးကျန်နေ

    သိပါရဲ့၊ ကိုယ့်ရဲ့အမှား အားနည်းချက်များ

    ရင်ထဲ ကြိတ်မှိတ်ကြေကွဲ၊ ငါခွန်အားများ သိပ်လိုနေ

    ဟိုးအရင်က နေ့ရက်လေးတွေ ပြန်တမ်းတ။

    (ထပ်ကျော့ပိုဒ်)

    ကိုယ်တော်ရဲ့ သွန်သင်ချက်များကို အမြဲပဲ အမှတ်ရနေ

    နှုတ်မြွက်တော်စကား အဖိုးတန် အမှန်တရားများ

    ငါခြေချော်နေခဲ့လည်းပဲ၊ လဲကျခဲ့လည်းပဲ

    ပြန်ရုန်းထမှာပါ။

  2. ၂။ ငါ့ကိုလေ တကယ် မေတ္တာပြ

    ကြင်နာခဲ့ကြသူတွေ

    ဆုံမိတိုင်း ယေဟောဝါကို တမ်းတ

    ကိုယ်တော်ရဲ့ သမ္မာကျမ်း၊ အမှောင်ကိုခွင်း အလင်းပြပေး

    အသက်လမ်းလေးထဲ ငါ့အား လမ်းပြလို့ပေး။

    (ဆက်ဆိုရန်)

    သွားတဲ့နေရာတိုင်း၊ တွေ့တဲ့အရာတိုင်း၊ ပြန်အမှတ်ရမိစေတယ်

    ဒီစနစ်ရဲ့ဆုံးခန်း။

    (ထပ်ကျော့ပိုဒ်)

    ရှင်ယေဟောဝါ ဒီဆုတောင်းသံကို နားညောင်းပါ

    တို့လိုနေချိန် အမြဲ ဖေးကူညီပေးပါ

    အကြိမ်ကြိမ် ခြေချော်ခဲ့လည်း၊ တို့လဲကျလည်း

    ပြန်ရုန်းထမှာပါ။

    (ဆက်ဆိုရန်)

    သိထား၊ ယေဟောဝါ နားလည်မှန်း၊ ကူညီမယ့်လက်ကို တမ်းတလို့

    ငါ့အားနည်းချက်တွေ ရှိလည်း ကိုယ်တော် ကျော်ပြီး ကြည့်ပေးခဲ့

    ဖွေရှာပေး ငါ့ရဲ့ကောင်းကွက်လေး။

    (ထပ်ကျော့ပိုဒ်)

    ငါပြန်လာမယ်၊ ဒီနေရာလေးကိုကွယ်၊ ပြန်ကြိုးစားလှမ်းခဲ့မယ်

    အရင်လို ချစ်ခြင်းများ ပြန်ရဖို့

    ငါခြေချော်နေခဲ့လည်းပဲ၊ လဲကျခဲ့လည်းပဲ၊ ပြန်ရုန်းထမှာပါ

    ပြန်ရုန်းထမှာပါ။