မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ချစ်သမီးလေး

ချစ်သမီးလေး

ကူးယူပါ–

  1. ၁။ ကြီးပြင်းခဲ့ သမီးငယ်လေး

    ရှုမဝပါပဲ

    အပြုံးများနဲ့ မျက်ရည်များ

    ကြုံလာရ ဘဝထဲ

    အကောင်းဆုံးကို ပေးဆက်ရင်း

    ဖြတ်ကျော်နိုင်ခဲ့လို့

    ဘုရားရဲ့ စိတ်အား ဝမ်းမြောက်စေ။

    (ထပ်ကျော့ပိုဒ်)

    ချစ်သမီးငယ်လေး၊ ဂုဏ်ယူလိုက်တာကွယ်

    အချိန်တိုင်း ချစ်ဆဲ၊ ချစ်မြဲပါကွယ်။

  2. ၂။ လုံ့လစိုက် ပေးဆက်ရင်း

    ကြိုးစားနေမြဲ

    စမ်းသပ်မှု တွေ့ကြုံချိန်

    ကိုယ်တော် ထောက်ကူပေး

    ဘုရားပေးတဲ့ မေတ္တာနဲ့

    ပြုံးရွှင်နိုင်ခဲ့လို့

    အားတက်စေတဲ့ ဒီစကားများအတွက်–

    (ထပ်ကျော့ပိုဒ်)

    “ချစ်သမီးငယ်လေး၊ ဂုဏ်ယူလိုက်တာကွယ်

    အချိန်တိုင်း ချစ်ဆဲ၊ ချစ်မြဲပါကွယ်။”

    (ဆက်ဆိုရန်)

    ရှင်ယေဟောဝါ တွေ့

    ရှင်ယေဟောဝါ သိ

    တို့ချစ်သမီးရဲ့

    ထက်သန်မှုများနဲ့

    မြတ်နာမအတွက်

    မေတ္တာလုပ်ရပ်များ

    ကိုယ်တော်မမေ့ပါ။

    (ထပ်ကျော့ပိုဒ်)

    ချစ်သမီးငယ်လေး၊ ဂုဏ်ယူလိုက်တာကွယ်

    ချစ်သမီးငယ်လေး၊ ကိုယ်တော် ရှိနေမယ်

    ချစ်သမီးငယ်လေး၊ ကိုယ်တော် ဖေးကူမယ်

    ချစ်သမီးလေးရေ၊ ချစ်မြဲကွယ်။