မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ခမ်းနားလက်ရာများ

ခမ်းနားလက်ရာများ

ကူးယူပါ–

  1. ၁။ နေ့သစ်အစ ကျေးငှက်တွေ သီဆိုမြူးနေ

    ကြယ်လင်းရောင်များ လွင့်ပျောက်လို့သွား တစ်မိုးသောက်ပြီလေ

    တောမြိုင်ထဲ လင်းလက်နေ ရောင်ခြည်လေးတွေ

    လေပြည်လေးတွေ တိုးဝှေ့လို့ ညင်သာလူးလွန့်နေ။

    (အကြိုထပ်ကျော့ပိုဒ်)

    အလွန်ခမ်းနားလှ ယေဟောဝါဘုရား

    အံ့သြမိန်းမောရ ကြယ်စင်များကို ငေးမောကြည့်နေရင်း

    မေတ္တာတော်များ ခံစားသိရှိရ။

    (ထပ်ကျော့ပိုဒ်)

    ခမ်းနားလက်ရာ မြင်တိုင်း တေးသီကျူး

    ခမ်းနားလက်ရာ မြင်တိုင်း တေးသီကျူး

    ချီးမွမ်းတေးကျူး။

  2. ၂။ တောတိရစ္ဆာန် မျိုးပေါင်း လွန်စုံလင်လှပေ

    အို နေ့ညတိုင်း ချီးမွမ်းသံ ဝေဟင်မှာ လွင့်ပျံ့နေ

    မြင့်မားတောင်ထိပ်များမကျန် ပင်လယ်ကြီးမှာ

    အို သက်ရှိအားလုံးလည်း သီကျူးတေးဆိုနေ။

    (အကြိုထပ်ကျော့ပိုဒ်)

    အလွန်ခမ်းနားလှ ယေဟောဝါဘုရား

    အံ့သြမိန်းမောရ ကြယ်စင်များကို ငေးမောကြည့်နေရင်း

    မေတ္တာတော်များ ခံစားမြင်လာရ။

    (ထပ်ကျော့ပိုဒ်)

    ခမ်းနားလက်ရာ မြင်တိုင်း တေးသီကျူး

    ခမ်းနားလက်ရာ မြင်တိုင်း တေးသီကျူး

    ချီးမွမ်းတေးကျူး။

    (ဆက်ဆိုရန်)

    လက်ရာများ ပြောပြတဲ့အရာ မြင်နိုင်လား

    တို့အား အသက်ပေးထားတဲ့ အရှင်ကိုလေ မြင်ကြည့်လိုက်။

    (အကြိုထပ်ကျော့ပိုဒ်)

    အလွန်ခမ်းနားလှ ယေဟောဝါဘုရား

    အံ့သြမိန်းမောရ ကြယ်စင်များကို ငေးမောကြည့်နေရင်း

    မေတ္တာတော်များ ခံစားမြင်လာရ။

    (ထပ်ကျော့ပိုဒ်)

    ခမ်းနားလက်ရာ မြင်တိုင်း တေးသီကျူး

    ခမ်းနားလက်ရာ တွေ့တိုင်း တေးသီကျူး

    လက်ရာခမ်းနား မြင်တိုင်း တေးသီကျူး

    ခမ်းနားလက်ရာ မြင်တိုင်း တေးသီကျူး

    ခမ်းနားလက်ရာ မြင်တိုင်း တေးသီကျူး

    ချီးမွမ်းတေးကျူး။