မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဘုရားကို ချီးမွမ်းမယ့်နေရာ

ဘုရားကို ချီးမွမ်းမယ့်နေရာ

ကူးယူပါ–

  1. ၁။ ယေဟောဝါ မိုးကောင်းကင် ဖန်ဆင်းရှင်

    မဆံ့နိုင် ထက်ဝေဟင် ကောင်းကင်

    ကမ္ဘာကြီးက သေးငယ်နေသော်လည်း

    စွမ်းအားတော် တည်ရှိ ကိန်းဝပ်နိုင်

    ဝတ်ပြုမယ့်နေရာကို အလှဆင်

    အလင်းတော်မှာ လျှောက်လှမ်းသူများ

    ပျော်ရွှင်စည်းလုံးစွာ မှုတော်ဆောင်ကြ

    တို့ဆည်းကပ်မှု နှစ်သက်မူပါ

    (ဆက်ဆိုရန်)

    တို့များ ရှိထားရာများ

    တို့ဘုရား ပေးအပ်လို့ထား

    လက်တော်မှ ရရှိထားရာ

    တို့ပြန်ပေးဆက်ခြင်းပဲ

    (ထပ်ကျော့ပိုဒ်)

    ပေးအပ်ထားသမျှတွက် ကျေးဇူးတင်

    သီချင်းများ ကျူးဧချီးမွမ်းကြ

    တို့မျှော်လင့်ချက် တကယ် ဖြစ်လာပြီ

    ဘုရားကို ချီးမွမ်းမယ့်နေရာ

  2. ၂။ ယေဟောဝါ သိထား တို့လိုအပ်ရာ

    ဘုရားကို ချီးမွမ်းမယ့်နေရာ

    ဝတ်ပြုသူများ လိုအပ်ရာ ဖြည့်ပေး

    လမ်းတော် လိုက်လျှောက်ဖို့ ထောက်မပေး

    ရည်ရွယ်ရာ ဖြည့်ဆည်းမယ့် ဌာနတော်

    လုပ်ဆောင်စရာများ ကျန်သေးတာ

    ရှေ့ဆက် ကြိုးစားထမ်းဆောင်နေပါမယ်

    သားတော် ပေးအပ်တဲ့ မှုတော်မှာ

    (ဆက်ဆိုရန်)

    အကောင်းဆုံး ပေးဆက်စို့

    တို့အချိန်၊ ပိုင်ဆိုင်ရာများ

    ရက်ရောလှသော ဘုရားရှင်

    အားလုံးပိုင်ထိုက်သူပင်

    (ထပ်ကျော့ပိုဒ်)

    ပေးအပ်ထားသမျှတွက် ကျေးဇူးတင်

    သီချင်းများ ကျူးဧချီးမွမ်းကြ

    တို့မျှော်လင့်ချက် တကယ် ဖြစ်လာပြီ

    ဘုရားကို ချီးမွမ်းမယ့်နေရာ