မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ငါ့ရိပ်မြုံပဲ

ငါ့ရိပ်မြုံပဲ

ကူးယူပါ–

  1. ၁။ လူအားလုံးက ပျော်ရွှင်နိုင်ဖို့

    ဘယ်မှာ ဆုံမလဲ၊ သိနေကြတယ်

    မှန်လားမှားလား ငါသိထားလို့

    ငါရှိရမယ့်နေရာ သိနေ

    ဘယ်သွားသင့်လဲ၊ ဘယ်မှာ ရှိမလဲ

    သေချာ သိထား၊ ဆုံးဖြတ်ပြီးသား

    ရှာတွေ့ထားပြီ၊ ဒီနေရာပဲ

    မိသားစုရင်းချာလိုပဲလေ

    (ထပ်ကျော့ပိုဒ်)

    ခိုနား ရိပ်မြုံထဲ

    စိတ်အေးချမ်းရမြဲ

    ယေဟောဝါဘုရား

    လွန်ကျေးဇူးကြီးမား

    အမြဲပဲ ကျေးဇူးတင်ဆဲ

  2. ၂။ ဒါ ငါ့ရိပ်မြုံ၊ သေချာနေပြီ

    ထာဝရပဲ နားခိုလို့ရယ်

    သမ္မာကျမ်း ဖတ်ကာ နာခံနေမယ်

    ဘုရားတွက်ပဲ ရှင်သန်သွားမယ်

    ရှာတွေ့ထားတဲ့ သူငယ်ချင်းများ

    ငါလိုချင်တဲ့ မိသားစုပဲ

    ကြင်နာလွှမ်းခြုံ ဒီနေရာပဲ

    ဘုရားပေး လက်ဆောင်မွန်ပဲလေ

    (ထပ်ကျော့ပိုဒ်)

    ခိုနား ရိပ်မြုံထဲ

    စိတ်အေးချမ်းရမြဲ

    ယေဟောဝါဘုရား

    လွန်ကျေးဇူးကြီးမား

    ငါတို့ရိပ်မြုံလေးတွက်ပဲ။