မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ရှာဖွေပါ

ရှာဖွေပါ

ကူးယူပါ–

  1. ၁။ ဇွဲမလျှော့ဘဲ ရှာ၊ တွေ့ရလိမ့်မယ်။

    အလွန်ပင် အဖိုးထိုက်လှ အမှန်တရား။

    သံသယတို့ များလွန်းလို့၊ စဉ်းစားရခက်လို့

    အဖြေတွေ တွေ့ရဖို့ ရှာဆဲ။

    (အကြိုထပ်ကျော့ပိုဒ်)

    ရှာဖွေနေဆဲပေါ့၊ ရှာဖွေနေမြဲပေါ့။

    အမှန်တရားတော့ တွေ့လိမ့်မယ်၊ ဇွဲမလျှော့နဲ့လေ။ မလျှော့လိုက်နဲ့။

    (ထပ်ကျော့ပိုဒ်)

    ရှာဆဲ၊ ဇွဲမလျှော့ဘဲ ရှာဆဲ။

    မေးခွန်းပေါင်းများစွာရဲ့

    အဖြေများ ဘယ်မလဲ၊ တို့ ရှာနေဆဲ။

    သက်ရှိရဲ့အစဘာလဲ၊ ဘုရားရဲ့နိုင်ငံ ဘာကြောင့် လိုအပ်လဲ ဆက်ရှာ။

    ရှာရင် တွေ့လိမ့်မယ်။

  2. ၂။ တို့မသိခဲ့ပါ၊ မြတ်ဘုရားရဲ့အမည်

    ယေဟောဝါတစ်ပါးတည်းဆီ ဆုတောင်းဖို့။

    သိလိုက်ရပြီ၊ မေးခွန်းရဲ့အဖြေ။

    ရှာဖွေလိုက်ရတဲ့ အဖြေများ။

    (အကြိုထပ်ကျော့ပိုဒ်)

    ရှာဖွေနေဆဲပေါ့၊ ရှာဖွေနေမြဲပေါ့။

    အမှန်တရားတော့ တွေ့လိမ့်မယ်၊ ဇွဲမလျှော့နဲ့လေ၊ မလျှော့လိုက်နဲ့။

    (ထပ်ကျော့ပိုဒ်)

    ရှာဆဲ၊ ဇွဲမလျှော့ဘဲ ရှာဆဲ။

    မေးခွန်းပေါင်းများစွာရဲ့

    အဖြေများ ဘယ်မလဲ၊ တို့ ရှာနေဆဲ။

    သက်ရှိရဲ့အစဘာလဲ၊ ကမ္ဘာမြေရဲ့ ရှေ့အနာဂတ် ဘာလဲ၊ အဖြေကို ရှာမြဲပေါ့။

    ရှာရင် တွေ့လိမ့်မယ်။

    (ဆက်ဆိုရန်)

    ရှာဖွေသူများ ရှိနိုင်လို့၊ ဒီအဖိုးထိုက် အမှန်တရားကို

    အဖြေတွေ သိအောင် တို့ ကူမယ်။

    ဆက်ဟောနေမယ်၊ အဖြေတွေ ရနိုင်ဖို့ပဲ။

    အမှန်တရားတွေ့တဲ့အထိကွယ်

    ရှာတွေ့ထားသမျှ ဟောပြောကြမယ်။

    (ထပ်ကျော့ပိုဒ်)

    ရှာဆဲ၊ ဇွဲမလျှော့ဘဲ ရှာဆဲ။

    မေးခွန်းပေါင်းများစွာကို

    အဖြေပေးနိုင်ဖို့ တို့ ရှာဖွေဆဲ။

    သက်ရှိရဲ့အစ ဘာလဲ၊ ဘုရားရဲ့နိုင်ငံတော်က မကြာခင် လာတော့မလား

    ရှာရင် တွေ့လိမ့်မယ်။