မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဘာသာစကား သင်ယူခြင်းရဲ့ ကောင်းချီးများ

ဘာသာစကား သင်ယူခြင်းရဲ့ ကောင်းချီးများ

ကူးယူပါ–

  1. ၁။ တိုးချဲ့ပြီး ဟောပြောရမလား

    စကားအသစ် သင်မလား

    ဆုတောင်း စဉ်းစားလိုက်ရင်

    ယေဟောဝါ ကူညီမှာပဲ

    စဉ်းစားပြီး ဆုံးဖြတ်လိုက်ပါ

    ဒီပန်းတိုင် မီလာနိုင်မှာ

    တကယ်ကို ပါဝင်ကြည့်ရင်

    ရွှင်လန်းကြည်နူးရမယ်လေ။

    (ထပ်ကျော့ပိုဒ်)

    ကိုယ်တိုင်စ လှမ်းလို့ လာလိုက်

    ပူပန်စရာ ထားရစ်ခဲ့လိုက်

    ဒီလိုဆက်ကြိုးစားနေမှ

    ကောင်းချီးတွေ အမြဲ ခံစားရ၊ အို

    ရှေ့ဆက်လှမ်းပါ

    ရှေ့ဆက်လှမ်းပါ

    အရောက်သာ လှမ်းခဲ့ပါကွာ။

  2. ၂။ ဟောပြောခြင်းက ဆက်တိုးတက်နေ

    ဖြစ်ထွန်းကာ အောင်မြင်နေဆဲ

    တို့များရဲ့ ကြိုးစားမှုကို

    လူတွေ အသိမှတ်ပြုတိုင်း

    ပိုယုံကြည်လာ ရှင်ဘုရားကို

    နေ့စဉ် ထောက်မနေမှာ

    တက်လှမ်းဖို့ ကြိုးစားသူအား

    ကူညီနေမှန်း မြဲသာ စိတ်ချပါကွာ။

    (ထပ်ကျော့ပိုဒ်)

    ကိုယ်တိုင်စ လှမ်းလို့ လာလိုက်

    ပူပန်စရာ ထားရစ်ခဲ့လိုက်

    ဒီလိုဆက်ကြိုးစားနေမှ

    တကယ် ကောင်းချီးများရ

    ဘာတွေများ ရှေ့ဆက်ကြုံရမယ်

    သံသယတွေ လွှင့်ပစ်လိုက်၊ အို။

    (ထပ်ကျော့ပိုဒ်)

    ကိုယ်တိုင်စ လှမ်းခဲ့လိုက်ပါ

    ကောင်းချီးတွေ အမြဲ ခံစားရ၊ အို

    ရှေ့ဆက်လာလိုက်

    ရှေ့ဆက်လိုက်ပါ

    ကိုယ်တိုင်စ လှမ်းလို့ လာလိုက်

    အရောက်သာ လှမ်းခဲ့ပါကွာ။