မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

မြင်ယောင်နေပါ

မြင်ယောင်နေပါ

ကူးယူပါ–

  1. ၁။ ဘဝက သိပ်ခက်ခဲ ပင်ပန်းတယ်

    တို့ နွမ်းလျလို့ စိတ်ပင်ပန်းချိန်

    ဒီမျက်လုံးမှိတ် တွေးမြင်ကြည့်လိုက်

    အို မျှော်လင့်ချက် ဖြစ်လာမှာပဲ။

    (ထပ်ကျော့ပိုဒ်)

    မြင်ယောင်ပါကွာ၊ ဒုက္ခတွေ ကွယ်ပျောက်လို့

    ဘဝ သိပ်လှ တို့ နုပျိုလာမယ့်နေ့

    ရွှေရောင်နံနက်ခင်းလင်းချိန် တို့နိုးလာပြီး

    “ကျေးဇူး၊ ကျေးဇူးပဲနော်” ပြောမယ်၊ တို့ရဲ့ ရင်ထဲက။

  2. ၂။ မကြားခဲ့ဖူးပါကွယ် အသံများရယ်

    ခု ဝိုးတဝါးလေးပဲ မြင်ရတယ်

    သံစဉ်လေးများ ကြားနိုင်တော့မယ်

    ရွှေရောင်နေ့သစ် တွေ့မြင်နိုင်မယ်။

    (ထပ်ကျော့ပိုဒ်)

    မြင်ယောင်ပါကွာ၊ ဒုက္ခတွေ ကွယ်ပျောက်လို့

    ဘဝ သိပ်လှ တို့ နုပျိုလာမယ့်နေ့

    ရွှေရောင်နံနက်ခင်းလင်းချိန် တို့နိုးလာပြီး

    “ကျေးဇူး၊ ကျေးဇူးပဲနော်” ပြောမယ်၊ တို့ရဲ့ ရင်ထဲက။

    (ဆက်ဆိုရန်)

    စိတ်သွားတိုင်း မလိုက်နိုင်လို့ ကြေကွဲလည်း

    မကြာတော့ဘူး ပြေးလွှားနိုင်မှာပဲ။

    (ထပ်ကျော့ပိုဒ်)

    မြင်ယောင်ပါကွာ၊ ဒုက္ခတွေ ကွယ်ပျောက်လို့

    ဘဝ သိပ်လှ တို့ နုပျိုလာမယ့်နေ့

    ရွှေရောင်နံနက်ခင်းလင်းချိန် ပျော်ကာ မြူးပြီပဲ

    နေ့တိုင်းပဲ တို့ စိတ်မှာ ကြည်နူးမဆုံး။

    (ထပ်ကျော့ပိုဒ်)

    မြင်ယောင်ပါကွာ၊ ဒုက္ခတွေ ကွယ်ပျောက်လို့

    ဘဝ သိပ်လှ တို့ နုပျိုလာမယ့်နေ့

    တွေးကြည့်လိုက်ပေါ့ နေ့သစ်တိုင်း အင်အားသစ်နဲ့

    “ကျေးဇူး၊ ကျေးဇူးပဲနော်” ရင်မှာ အမြဲ။