မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ပျော်စရာ အစည်းအဝေးကြီး

ပျော်စရာ အစည်းအဝေးကြီး

ကူးယူပါ–

  1. ၁။ အစည်းဝေးကြီး တက်ဖို့ တို့တော့ အသင့်ဖြစ်နေ

    လာတက်ကြဖို့၊ လာတက်ဖို့ ဖိတ်ခေါ်

    ဒီလောကကြီးထဲ တို့သွေးစည်းမြဲပဲ

    ငြိမ်သက်စည်းလုံး၊ ငြိမ်သက်စည်းလုံးနေ။

    (ထပ်ကျော့ပိုဒ်)

    မိသားစုလို၊ ဆွေမျိုးသွေးသားရင်းချာလိုပါပဲလေ

    တစ်ခေါက်လောက်တောင် မမြင်ဖူးလည်းပဲ တို့တော့ သိပ်ချစ်ပါတယ်

    မိသားစုလို၊ ဆွေမျိုးသွေးသားရင်းချာလိုပါပဲလေ

    ရင်မှာ တွယ်တာကာရယ် နှလုံးသားထဲက သိပ်ချစ်ပါတယ်။

  2. ၂။ ရောင်သွေးများ စုံလင်စွာ လှပလို့ နောက်ခံလူမျိုးစုံ

    မမြင်ဖူးလဲ ချက်ချင်းပဲ ရင်းနှီးချစ်မိသွားတာ

    ဒါ မိသားစုပဲ၊ မိသားစုပါ

    အပြုံးပန်းနဲ့ နှုတ်ဆက် လက်ပြဝှေ့ယမ်း

    ရင်မှာ လန်းဆန်းလွန်းလို့

    ပီတိပုလဲမိုးများ စီးကျခဲ့ပြီ

    အင်သစ်အားသစ်နဲ့ မွေးဖွားခဲ့ပြီ။

    (ထပ်ကျော့ပိုဒ်)

    မိသားစုလို၊ ဆွေမျိုးသွေးသားရင်းချာလိုပါပဲလေ

    တစ်ခေါက်လောက်တောင် မမြင်ဖူးလည်းပဲ တို့တော့ သိပ်ချစ်ပါတယ်

    မိသားစုလို၊ ဆွေမျိုးသွေးသားရင်းချာလိုပါပဲလေ

    ရင်မှာ တွယ်တာကာရယ် နှလုံးသားထဲက သိပ်ချစ်ပါတယ်။

    (ဆက်ဆိုရန်)

    လက်ချင်း ယှဉ်တွဲ

    ရှေ့ဆက် အားပေးမြဲ

    တွဲလက် ခိုင်မြဲ

    အသက်လမ်းထဲ ဆက်လျှောက်လှမ်းသွားကြမယ်။

    (ထပ်ကျော့ပိုဒ်)

    မိသားစုလို၊ ဆွေမျိုးသွေးသားရင်းချာလိုပါပဲလေ

    တစ်ခေါက်လောက်တောင် မမြင်ဖူးလည်းပဲ တို့တော့ သိပ်ချစ်ပါတယ်

    မိသားစုလို၊ ဆွေမျိုးသွေးသားရင်းချာလိုပါပဲလေ

    ရင်မှာ တွယ်တာကာရယ် နှလုံးသားထဲက သိပ်ချစ်ပါတယ်

    တစ်ခေါက်လောက်တောင် မမြင်ဖူးလည်း တို့တော့ သိပ်ချစ်ပါတယ်။