မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အကောင်းဆုံး ပေးအပ်ထား

အကောင်းဆုံး ပေးအပ်ထား

ကူးယူပါ–

  1. ၁။ ဒီသားရတနာလေး

    ငါ ရင်မှာ မြတ်နိုးရသူလေး

    နှစ်လရက်များ

    တရိပ်ရိပ် လွန်သွား

    သူရွေးတဲ့လမ်း

    ဘုရားအမှုကို ထမ်း

    ရင်မှာ ပီတိများ ပွားနေမိ။

    (ထပ်ကျော့ပိုဒ်)

    ရင်မှာ ကြေကွဲလည်း

    သူခိုလှုံရာ အရိပ်မို့

    ငါစိတ်ချလိုက်နိုင်ပြီပဲမို့

    အတောင်တော်အရိပ်အောက်မှာလေ

    ထာဝစဉ် နေသွားဖို့

    ကိုယ်တော်ရှင်ဆီ အပ်ထား

    စိတ်ချ အပ်ထားလိုက်ဖို့ လိုလား

    ဘုရားရှင်ဆီ ငါပေးဆက်ထား

    အကောင်းဆုံးပဲ ငါအပ်ပေးထား။

  2. ၂။ သမီးရတနာလေး

    ငါ ရင်မှာ မြတ်နိုးရသူလေး

    အချိုးအကွေ့တွေကြား

    အားတင်း ကျော်လွှား

    ရှုမငြီးသူလေး

    ကြီးပြင်းလာခဲ့

    ဂုဏ်ယူစရာ ကိုယ်တို့ချစ်သမီးလေး။

    (ထပ်ကျော့ပိုဒ်)

    ရင်မှာ ကြေကွဲလည်း

    သူခိုလှုံရာ အရိပ်မို့

    ငါစိတ်ချလိုက်နိုင်ပြီပဲမို့

    အတောင်တော်အရိပ်အောက်မှာလေ

    ထာဝစဉ် နေသွားဖို့

    ကိုယ်တော်ရှင်ဆီ အပ်ထား

    စိတ်ချ အပ်ထားလိုက်ဖို့ လိုလား

    ဘုရားရှင်ဆီ ငါပေးဆက်ထား

    အကောင်းဆုံးပဲ ငါအပ်ပေးထား။