မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

လက်ရှိအချိန်ပဲ

လက်ရှိအချိန်ပဲ

ကူးယူပါ–

  1. ၁။ ဒီခေတ်ကြီး ပိုဆိုးရွားလာနေမှန်း

    နိမိတ်များက အထင်းသားမို့

    ထက်သန် တက်ကြွ နိုးကြားနေကြစို့

    ဒီစနစ် ကုန်ခါနီးပြီ

    ဒီအခွင့်အရေး တို့ လက်မလွှတ်တမ်းသုံး

    ရှင်ယေဟောဝါ့နာမနဲ့

    နိုင်ငံ့ကောင်းချီးအကြောင်းတွေ ဟောဖို့၊

    ကြေညာဖို့ စိတ်ထက်သန်စို့

    (ထပ်ကျော့ပိုဒ်)

    လက်ရှိအချိန်ပဲ

    ဟောပြောနေမယ်

    ဘယ်တော့မကြောက်၊ လက်မလျှော့တမ်းပဲ

    လက်ရှိအချိန်ပဲ

    ပြောပြနေမယ်

    တို့ရောက်နေ နောက်ဆုံးအချိန်ပါပဲ

  2. ၂။ နောင်တစ်ချိန် အခွင့်အရေး ထပ်မရတော့

    ပါဝင်ဟောပြောကြဖို့လေ

    ကိုယ်စီ နိုင်သလောက် ဟောပြောပါစို့

    လူယောက်တိုင်း တကယ် ကြားဖို့

    တို့လှုပ်ရှားရုန်းကန် လက်ရှိခေတ်အကြောင်း

    တစ်ချိန်ကျ တွေးကြည့်တဲ့အခါ

    ရှင်ယေဟောဝါအတွက် အကောင်းဆုံး

    ပေးဆက်ခဲ့ကြောင်း ပြောနိုင်မှာ

    (ထပ်ကျော့ပိုဒ်)

    လက်ရှိအချိန်ပဲ

    ဟောပြောနေမယ်

    ဘယ်တော့မကြောက်၊ လက်မလျှော့တမ်းပဲ

    လက်ရှိအချိန်ပဲ

    ပြောပြနေမယ်

    တို့ရောက်နေ နောက်ဆုံးအချိန်မို့ပဲ

    (ဆက်ဆိုရန်)

    သစ္စာစောင့်သူများ ဝန်းရံထားလို့

    အင်တိုက်အားတိုက် ဆက်ပြေးစို့

    ဒီလိုနဲ့ ဘုရားနေ့ရောက်ကာ

    ကမ္ဘာသစ်ထဲ တို့ ဝင်မှာ

    (ထပ်ကျော့ပိုဒ်)

    လက်ရှိအချိန်ပဲ

    ဟောပြောနေမယ်

    ဘယ်တော့မကြောက်၊ လက်မလျှော့တမ်းပဲ

    လက်ရှိအချိန်ပဲ

    ပြောပြနေမယ်

    တို့ရောက်နေ နောက်ဆုံးအချိန်ပါပဲ။