မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

နေ့ရက်တိုင်း သူ့စိုးရိမ်စရာနဲ့သူ ရှိနေ

နေ့ရက်တိုင်း သူ့စိုးရိမ်စရာနဲ့သူ ရှိနေ

ကူးယူပါ–

  1. ၁။ အနာဂတ် ပရဒိသုအကြောင်း တို့သိပေမဲ့လည်း

    ကိုယ်တော်ပေးမယ့် နိုင်ငံ့ကောင်းချီးကို စောင့်လို့မျှော်ရင်းနဲ့

    မျှော်လင့်ချက်မဲ့ကာ စိတ်ပျက်မိ

    ခံရပ်ဖို့ အားတွေ ပျောက်ခဲ့မိ

    ရင်ထဲမွန်းကျပ်နေ အတွေးများက ဘုရားရဲ့ မေတ္တာ ကုန်သွားလား

    ယုံချင်ပါတယ် ဒီမေတ္တာ

    (ထပ်ကျော့ပိုဒ်)

    ဆုသာတောင်းလိုက်ပါ ယုံကြည်စွာ

    ဒီသောကများက နှိပ်စက်လည်း

    မြဲမြဲရပ်တည် ခံရပ်မှာ

    အနီးနားမှာ ကိုယ်တော်ရှိပြီး

    ဒီကျမ်းမြတ်နဲ့ ခွန်အားပေး

    မိတ်စစ်တို့ကိုလည်း ပေး

    ပူပန်စိုးရွံ့မှုများ နေ့တိုင်းရှိလို့

    တို့လေ တစ်ရက်တွက်ပဲ စိုးရိမ်မယ်

    နက်ဖြန်တွက်တော့ ကြိုစိတ်မညစ်တော့လို့

    စိတ်ငြိမ်သက်သွားပြီး

    အေးချမ်းနေပါတယ်။

  2. ၂။ သူငယ်ချင်း အားတင်းထားလိုက်ပါ

    ရဲရဲရင်ဆိုင်ပါ

    ကိုယ်ထမ်းထားတဲ့ ဒုက္ခအစား

    ပျော်စရာများပဲ မျှော်တွေးပါ

    မင်းတွက် ဘုရားရှင် လုပ်ခဲ့သမျှ

    ထာဝရသက် တို့ရှင်နိုင်ရေးတွက်

    ချစ်ဆုံးသားပေးကာ ချစ်ကြောင်းပြ

    ပြန်တွေးကြည့်လိုက် ကိုယ်တော့်မေတ္တာ

    ယုံပါကွာ ဒီမေတ္တာ

    (ထပ်ကျော့ပိုဒ်)

    တောင်းဆုခြွေ ယုံကြည်စွာ

    ဒီသောကများက နှိပ်စက်လည်း

    မြဲမြဲရပ်တည် ခံရပ်ပါ

    အနီးနားမှာ ကိုယ်တော်ရှိပြီး

    ဒီကျမ်းမြတ်နဲ့ ခွန်အားပေး

    မိတ်စစ်တို့ကိုလည်း ပေး

    ပူပန်စိုးရွံ့မှုများ နေ့တိုင်းရှိလို့

    တစ်ရက်တွက်ပဲ စိုးရိမ်ပါ

    နက်ဖြန်တွက်တော့ ကြိုစိတ်မညစ်နဲ့တော့

    စိတ်ငြိမ်သက်သွားပြီး

    အေးချမ်းနေမှာပါ။

    (ထပ်ကျော့ပိုဒ်)

    တောင်းဆုခြွေ ယုံကြည်စွာ

    ဒီသောကများက နှိပ်စက်လည်း

    မြဲမြဲရပ်တည် ခံရပ်ပါ

    အနီးနားလေး ကိုယ်တော်ရှိပြီး

    ဒီကျမ်းမြတ်နဲ့ ခွန်အားပေး

    မိတ်စစ်တို့ကိုလည်း ပေး

    ပူပန်စိုးရွံ့မှုများ နေ့တိုင်းရှိလို့

    တစ်ရက်တွက်ပဲ စိုးရိမ်ပါ

    နက်ဖြန်တွက်တော့ ကြိုစိတ်မညစ်နဲ့တော့

    စိတ်ငြိမ်သက်သွားပြီး

    အေးချမ်းနေမှာပါ။

    အေးချမ်းရမှာပါ။