မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဘုရားသခင့် ဖန်ဆင်းခြင်းအတွက် ကျေးဇူးတင်

ဘုရားသခင့် ဖန်ဆင်းခြင်းအတွက် ကျေးဇူးတင်

ကူးယူပါ–

  1. ၁။ ရွှေနေခြည်မှာ ပန်းမန်တွေ လှသွေးကြွယ်နေ

    မိုးသားထက်မှာ လူးလွန့် မျောလွင့်သွား မိုးတိမ်များ

    တောင်ပြာတန်းများ မှုန်ပြပြ ဆေးခြယ်ထား

    လွင်ပြင်မှာ ငှက်တွေ တေးဖွဲ့သီကျူး

    (အကြိုထပ်ကျော့ပိုဒ်)

    တို့လိုလူတွက်

    ဘုရားရဲ့မေတ္တာ

    တို့ကျေးဇူးတင်ကြောင်း

    –ဘယ်လို ဖော်ပြမလဲ

    (ထပ်ကျော့ပိုဒ်)

    –ကိုယ်တော်ရယ် ကျေးဇူး

    သိပ်ကိုကျေးဇူးပါပဲ

    ဆုတောင်းတိုင်းလေ

    ကိုယ်ထည့်ပြောသွားပါမယ်

    တွေး၊ သေချာတွေး

    စိမ့်ဝင် တို့စိတ်မှာ မြဲသတိရသွားနိုင်ဖို့

    တွေးနေလိုက် ဘုရားရဲ့ ဒီမေတ္တာ

    ဘုရားရှင်ရယ် ကျေးဇူး

    ကျေးဇူးပဲ အမြဲ

  2. ၂။ ပြာလွင်မိုးသားပေါ် ဆေးသားများ ရေးခြယ်ထား

    သိပ်ကိုလှရက်နိုင်လွန်းတဲ့ ကားချပ်ကြီးတစ်ခုလိုပဲ

    –ပင်လယ်လှိုင်းရိုက်သံ ချိုမြမြ ညယံထဲ

    လရောင်ဆမ်းတဲ့ညဟာ ရှုမဝပဲ

    (အကြိုထပ်ကျော့ပိုဒ်)

    တို့လိုလူတွက်

    ဘုရားရဲ့မေတ္တာ

    တကယ်ကျေးဇူးတင်ကြောင်း

    –ဘယ်လို ဖော်ပြမလဲ

    (ထပ်ကျော့ပိုဒ်)

    –ကိုယ်တော်ရယ် ကျေးဇူး

    သိပ်ကိုကျေးဇူးပါပဲ

    ဆုတောင်းတိုင်းလေ

    ကိုယ်ထည့်ပြောသွားပါမယ်

    တွေး၊ သေချာတွေး

    စိမ့်ဝင် တို့စိတ်မှာ မြဲသတိရသွားနိုင်ဖို့

    တွေးနေလိုက် ဘုရားရဲ့ ဒီမေတ္တာ

    –ကိုယ်တော်ရယ် ကျေးဇူး

    (ဆက်ဆိုရန်)

    –ကိုယ်တော့်ကောင်းမြတ်မေတ္တာနဲ့

    ဉာဏ်စွမ်း၊ ခွန်အားတို့ ကြီးမား

    ကိုယ်မြင်တွေ့ရ

    တကယ်ကျေးဇူးကြီးမား

    –ကျေးဇူးပဲ အမြဲ

    (ထပ်ကျော့ပိုဒ်)

    –ကိုယ်တော်ရယ် ကျေးဇူး

    သိပ်ကိုကျေးဇူးပါပဲ

    ဆုတောင်းတိုင်းလေ

    ကိုယ်အမြဲထည့်ပြောပြ

    တွေး၊ သေချာတွေး

    စိမ့်ဝင် တို့စိတ်မှာ မြဲသတိရသွားဖို့ပေါ့

    တွေးနေလိုက် ဘုရားရဲ့ ဒီမေတ္တာ

    –ကိုယ်တော်ရယ် ကျေးဇူး

    –ကိုယ်တော်ရယ် ကျေးဇူး

    တကယ်ကျေးဇူးပဲ မြဲကွယ်။