မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ကမ္ဘာသစ် မြင်ကွင်း

ကမ္ဘာသစ် မြင်ကွင်း

ကူးယူပါ–

  1. ၁။ မြင်ယောင်ကြည့်လိုက်ပါ အတွေးနယ်ချဲ့လိုက်

    ဒီငြိမ်းချမ်းမှုတို့ လွှမ်းခြုံထားလို့နေ

    မျှော်ကာ ကြည့်လိုက်ပါဦး

    သာယာငြိမ်သက်လှပတဲ့ ကမ္ဘာကြီးပဲ

    ‘ကမ္ဘာမှာ လမင်းကြီး ရှိသရွေ့ပေါ့’

    ကိုယ်တော်ပေးထား တို့တွက် ကတိအတိုင်းပဲလေ

    ထာဝစဉ် ငြိမ်းချမ်းမှာပဲ

    မျှော်နေတာ ဒီငြိမ်းချမ်းမှုမျိုးပဲမို့

    ဘုရားနဲ့ သားတော်

    ရင်ခွင်မှာ ပျော်ပိုက်ကြစို့နော်

    ကမ္ဘာသစ် မြင်ကွင်းပဲ

    (ထပ်ကျော့ပိုဒ်)

    နှလုံးသားထဲ တောက်လောင်နေမြဲ

    ကျောက်ဆူးအလားစွဲမြဲ တို့မျှော်လင့်ချက်

    ထွန်းလင်းတောက်ပဆဲ ရင်ထဲလင်းလက်

    ဒီမျှော်လင့်ချက်များပဲ

    ကမ္ဘာသစ် မြင်ကွင်းပဲ

  2. ၂။ မြင်ယောင်ကြည့်လိုက်ပါ အတွေးနယ်ချဲ့လိုက်

    ညင်သာစီး စမ်းချောင်းအေးလေး အနီး တောတန်းများရယ်

    ပရဒိသုအိမ်လေး

    ဒီ ‘အချိန်’ အံဩဝမ်းမြောက်ခြင်း ‘အပြည့်’ နဲ့

    ဟိုမှာကြည့်လိုက်စမ်းပါဦး

    ခြေသံလေးများ ကြားမိလားလို့ပါ

    ကိုယ်ဟာ အပြေးလေး ပိုက်ထွေး

    မယုံနိုင် အိပ်မက်များလားလို့ တွေးမိဆဲ

    လွန်ကြီးမား မေတ္တာ

    သေခြင်းလည်း မတားနိုင်

    ကမ္ဘာသစ် မြင်ကွင်းပဲ

    (ထပ်ကျော့ပိုဒ်)

    နှလုံးသားထဲ တောက်လောင်နေမြဲ

    ကျောက်ဆူးအလားစွဲမြဲ တို့မျှော်လင့်ချက်

    ထွန်းလင်းတောက်ပဆဲ ရင်ထဲလင်းလက်

    ဒီမျှော်လင့်ချက်များပဲ

    ကမ္ဘာသစ် မြင်ကွင်းပဲ

    (ဆက်ဆိုရန်)

    ကိုယ်တော့်ပေးထား ကတိများ

    အကုန်စင်တိကျစွာ အားလုံးပြည့်စုံ

    ကိုယ်တော်ရှင် နှုတ်ထွက်တော်တိုင်းလေ

    ကမ္ဘာပေါ် လူသားတို့ အိပ်မက် ပြည့်ဝ

    (ထပ်ကျော့ပိုဒ်)

    နှလုံးသားထဲ တောက်လောင်နေမြဲ

    ကျောက်ဆူးအလားစွဲမြဲ တို့မျှော်လင့်ချက်

    ထွန်းလင်းတောက်ပဆဲ ရင်ထဲလင်းလက်

    ဒီမျှော်လင့်ချက်များပဲ

    ကမ္ဘာသစ် မြင်ကွင်းပဲ

    ကမ္ဘာသစ်ရဲ့ မြင်ကွင်း

    ကမ္ဘာသစ်ရဲ့ မြင်ကွင်း

    ကမ္ဘာသစ်ရဲ့ မြင်ကွင်း။