အတွေးစိတ်တွေ ထိန်းပါလေ

အတွေးစိတ်တွေ ထိန်းပါလေ

ကူးယူပါ-

  1. ၁။ ဘယ်အရာ မှန်တယ် ကိုယ်တိုင် သိလည်း

    ပူပန် စိတ်ထဲမှာ စစ်ဆင်နွှဲ

    ဘာလုပ်လုပ် အကုန်တလွဲ

    ဘယ်လို ကောင်းကွက်တွေရှိလဲ

    ပေါ်လာပြန်ရင် ဒီလိုအတွေး

    ဒီရင်ကို ဖွင့်လို့ ဆုတောင်းဖို့ ဖိတ်ကြား

    ဒီစိုးရိမ်စိတ် ဝင်လာတိုင်း

    ယေဟောဝါ ပြောထားတာ ပြန်တွေး

    (ထပ်ကျော့ပိုဒ်)

    အမြဲထိန်းပါကွာ အတွေးစိတ်ကိုပါ

    ကောင်းကွက်ကိုသာ ဂရုစိုက်ပါကွာ

    စိတ်ဓာတ်ကျစရာ မေ့ထားလိုက်စမ်းပါ

    အတွေးတို့ ထိန်းမှ စိတ်အေးချမ်းနေမှာ

  2. ၂။ လိုတော်ဆောင်ချင် နေပေမဲ့လည်း

    သိမ်ငယ်စိတ်ထဲ ဝန်လေးနေဆဲ

    ဘဝကြီးက တကယ် ခက်ခဲ

    ငါ ဘုရား မေတ္တာနဲ့ မထိုက်

    ပေါ်လာပြန်ရင် ဒီလိုအတွေး

    မျှော်နေတဲ့ ကောင်းတဲ့ အနာဂတ် အကြောင်း လိုက်ဟော

    မှောင်မိုက် အတွေးတို့ ဝင်တိုင်း

    ယေဟောဝါ ဖေးမ ကူညီမြဲ

    (ထပ်ကျော့ပိုဒ်)

    အမြဲ ထိန်းပါကွာ အတွေးစိတ်ကိုပါ

    ကောင်းကွက်ကိုသာ ဂရုစိုက်ပါကွာ

    စိတ်ဓာတ်ကျစရာ မေ့ထားလိုက်စမ်းပါ

    အတွေးတို့ထိန်းမှ စိတ်အေးချမ်းနေမှာ

    ငြိမ်းချမ်းပျော်ရွှင်

    (ဆက်ဆိုရန်)

    လက်မလျှော့နဲ့ကွာ သွားစမ်းအဝေး

    စိတ်ရိုင်းတို့ အနား မလာစမ်းနဲ့

    သောကတွေနဲ့ ဖိစီးဖို့ မလိုဘူး

    ကိုယ်တော်အမြဲ ပြင်ပေး ဒီလွတ်မြောက်လမ်းလေးပဲ

    လွတ်မြောက်လမ်းလေးပဲ

    (ထပ်ကျော့ပိုဒ်)

    အမြဲထိန်းပါကွာ အတွေးစိတ်ကိုပါ

    ကောင်းကွက်ကိုသာ ဂရုစိုက်ပါကွာ

    စိတ်ဓာတ်ကျစရာ မေ့ထားလိုက်စမ်းပါ

    အတွေးတို့ ထိန်းမှ စိတ်အေးချမ်းနေမှာ။