မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဘယ်သူ့ဆီ သွားရမှာလဲ

ဘယ်သူ့ဆီ သွားရမှာလဲ

ကူးယူပါ–

  1. ၁။ မှောင်မိုက်လောကထဲ လျှောက်ချိန်

    ယေရှု အလင်း ထွန်းလင်းပေး

    ငါ သွားရမယ့်လမ်း

    ထိန်းကျောင်းကာ သွန်သင်ပေး

    ကိုယ်တော့်စကား နားထောင်

    နာခံမယ် အမြဲပဲ

    ငါ လမ်းမလွဲဖို့

    သိုးထိန်း လမ်းပြညွှန်ပေး

    (အကြိုထပ်ကျော့ပိုဒ်)

    အမှောင်မှာ လျှောက်လှမ်းတဲ့သူ

    တို့ လမ်းလွဲဖို့ သွေးဆောင်မယ့်သူ

    သူတို့ အလိုကျအတိုင်း

    ဘာကြောင့် ငါ နာခံမှာလဲ

    (ထပ်ကျော့ပိုဒ်)

    ဘယ်သူ့နား တို့ သွားရမလဲ

    ဘုရားကလွဲလို့ ဘယ်သွားရမှာလဲ

    ဘယ်သူ့နား တို့ သွားရမလဲ

    သူစိမ်းတို့ရဲ့ စကားက

    တကယ် ဒုက္ခတွင်း ပို့လို့

    မြဲ ယေရှုစကား နားထောင်၊ လိုက်လျှောက်မယ်

  2. ၂။ ကိုယ်တော့် စောင့်ရှောက်မှုအောက်မှာ

    ငါ ပျော်ရွှင်ကျေနပ်ရ

    ဂရုစိုက်မှု ရ

    ချစ်မေတ္တာတွေ ငါ ရ

    မကြာတော့ဘူး ပြည့်မှာ

    ရှင်ယေဟောဝါ ကတိများ

    ထာဝစဉ်အသက် ရစေ

    ချစ်သားရဲ့ စကားများ

    (အကြိုထပ်ကျော့ပိုဒ်)

    ငါ ဘယ်ခါမှ နားမယောင်

    သူစိမ်းတို့ရဲ့ စကားသံပဲမို့

    လျှောက်နေတဲ့ ဒီလမ်းမှာ

    ခိုင်ခိုင်မာမာ ငါ လျှောက်သွား

    (ထပ်ကျော့ပိုဒ်)

    ဘယ်သူ့နား တို့ သွားရမလဲ

    ဘုရားကလွဲလို့ ဘယ်သွားရမှာလဲ

    ဘယ်သူ့နား တို့ သွားရမလဲ

    သူစိမ်းတို့ရဲ့ စကားက

    တကယ် ဒုက္ခတွင်း ပို့လို့

    မြဲ ယေရှုစကား နားထောင်၊ လိုက်လျှောက်မယ်

    (ထပ်ကျော့ပိုဒ်)

    ဘယ်သူ့နား တို့ သွားရမလဲ

    ဘုရားကလွဲလို့ ဘယ်သွားရမှာလဲ

    ဘယ်သူ့နား တို့ သွားရမလဲ

    သူစိမ်းတို့ရဲ့ စကားက

    တကယ် ဒုက္ခတွင်း ပို့လို့

    မြဲ ယေရှုစကား နားထောင်၊ လိုက်လျှောက်မယ်

    ဘယ်သူ့နား တို့ သွားရမလဲ

    ဘယ်ခါ၊ ဘယ်ခါ၊ လုံးဝ ငါ လမ်းမလွဲမလွဲ။