မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

“ဒင်္ဂါးငယ် နှစ်ပြား”

“ဒင်္ဂါးငယ် နှစ်ပြား”

ကူးယူပါ–

  1. ၁။ ငွေစလေးနှစ်စ

    ချွေးနှဲစာ ဒါအကုန်ပဲ

    အလှူငွေပုံးထဲ

    ထည့်ကြတာ တချွင်ချွင် ငွေစသံများ

    ကြားရတော့လည်း

    အလိုလို သိမ်ငယ်စိတ်လေးဖြစ်

    လက်ထဲက မဖြစ်စလောက်လေး

    ဒါကို ကိုယ်တော်ရှင် မြင်ပါ့မလား

    (ထပ်ကျော့ပိုဒ်)

    စိတ်ချလိုက်စမ်းပါ

    ဘယ်လောက်ပဲ နည်းပါစေ

    ကိုယ်တော်တွေ့ပါ့မလား တွေးမပူနဲ့

    ဘုရားစဉ်းစားသလို စဉ်းစား၊

    ကိုယ်တော့်အတွေးမျိုး ရှိပါစေ

    ငွေစနှစ်စလေးပဲ ဖြစ်ပေမဲ့

    သိပ်အဖိုးတန်

  2. ၂။ ဟိုတစ်ချိန်တုန်းက

    ပေးကမ်းနိုင်၊ လှူနိုင်တာတွေ

    မြင်ယောင်နေမိမလား

    အခုတော့ အခြေအနေ မတူတော့ပြီမို့

    ငွေစ နှစ်စတည်းမို့

    လူတွေ ဘာသံမှ မကြားလိုက်

    ယေဟောဝါဘုရားအတွက်တော့

    မိုးခြိမ်းသံလိုတောင် ကျယ်လှမှာပါ

    (ထပ်ကျော့ပိုဒ်)

    စိတ်ချလိုက်စမ်းပါ

    ဘယ်လောက်ပဲ နည်းပါစေ

    ကိုယ်တော်တွေ့ပါ့မလား တွေးမပူနဲ့

    ဘုရားစဉ်းစားသလို စဉ်းစား၊

    ကိုယ်တော့်အတွေးမျိုး ရှိပါစေ

    ငွေစနှစ်စလေးပဲ ဖြစ်ပေမဲ့

    သိပ်အဖိုးတန်

    (ဆက်ဆိုရန်)

    ဘုရား တို့ထက် သိတယ်၊ အရာအားလုံး တွေ့တယ်

    တို့စိတ်နှလုံးထဲ ဘာရှိမှန်း တွေ့မြင်တယ်

    အခြေအနေအားလုံး အသိဆုံးမို့

    (ထပ်ကျော့ပိုဒ်)

    စိတ်ချလိုက်စမ်းပါ

    ဘယ်လောက်ပဲ နည်းပါစေ

    ကိုယ်တော်တွေ့ပါ့မလား တွေးမပူနဲ့

    ဘုရားစဉ်းစားသလို စဉ်းစား၊

    ကိုယ်တော့်အတွေးမျိုး ရှိပါစေ

    ငွေစနှစ်စလေးပဲ ဖြစ်ပေမဲ့

    သိပ်အဖိုးတန်

    ကိုယ်တော်ကြည့်သလို မြင်ကြည့်လိုက်ပါ။