မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အိမ်

အိမ်

ကူးယူပါ–

  1. ၁။ ကြုံဆုံချိန် ဘဝလှိုင်းဒဏ်

    ရေစုန် မျောရင်း လမ်းပျောက်သွား

    မရေရာမှုများအလယ်

    ရင်မှာ ပျောက်လုမတတ်ပေါ့ မျှော်လင့်ချက်လေး

    တဝဲလည်လည် ငါ့အဖြစ် ကိုယ်တော်တွေ့တယ်

    ယေဟောဝါ ငါ့ဆုတောင်းစကား ကြားတယ်

    (ထပ်ကျော့ပိုဒ်)

    သူ ငါ့ကို လိုက်ရှာ၊ မတွေ့မချင်း လိုက်လို့ရှာ

    လက်ထဲ ပွေ့ကာ ပိုက်ရင်း ဘေးကင်းရာ ခေါ်သွားကာ

    သိုးတော်စုထဲ ပို့ပေး၊ ဒါ ငါ့အိမ်၊ မိသားစုပါ

    တစ်ယောက်တည်း မဟုတ်တော့ပါ၊ တို့ရဲ့အိမ်

  2. ၂။ ဒီအိမ်ဟာ အနှိုင်းမဲ့အိမ်

    လုံခြုံဘေးကင်း နားခိုရာ

    ကြင်နာစွာ ကူပေးသူ

    စာနာစွာ ရိုင်းပင်းဖေးမ ဒီမိတ်စစ်များ

    အထီးကျန်ကာ မင်းတစ်ယောက် နောင်ကြဉ်တဲ့အခါ

    ယေဟောဝါ ဖြေပေးမှာ မင်းဆုတောင်းစကား

    (ထပ်ကျော့ပိုဒ်)

    သူ မင်းကို လိုက်ရှာ၊ မတွေ့မချင်း လိုက်လို့ရှာ

    လက်ထဲ ပွေ့ကာ ပိုက်ရင်း အိမ်ပြန်ခေါ်လာ ဘေးကင်းရာ

    သိုးတော်စုထဲ ပို့ပေး၊ ဒါ မင်းအိမ်၊ မိသားစုပါ

    တစ်ယောက်တည်း မဟုတ်တော့ပါ၊ မင်းရဲ့အိမ်

    (ဆက်ဆိုရန်)

    “လာ သူငယ်ချင်း မင်းကို

    တို့အားလုံးပဲ တကယ်သိပ်လွမ်းနေ”

    တို့အားလုံးပဲ

    အခုမှ ပြီးပြည့်စုံသွားပေါ့

    တို့ရဲ့အိမ်

    မင်းရဲ့အိမ်

    (ထပ်ကျော့ပိုဒ်)

    သူ မင်းကို လိုက်ရှာ၊ မတွေ့မချင်း လိုက်လို့ရှာ

    လက်ထဲ ပွေ့ကာ ပိုက်ရင်း ဘေးကင်းရာ ခေါ်သွားကာ

    သိုးတော်စုထဲ ပို့ပေးတာ

    တစ်ယောက်တည်း မဟုတ်တော့ပါ

    မင်းရဲ့အိမ်။