မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ယေဟောဝါကို ယောက်တိုင်း တစ်သံတည်း စည်းလုံးစွာ ချီးမွမ်း

ယေဟောဝါကို ယောက်တိုင်း တစ်သံတည်း စည်းလုံးစွာ ချီးမွမ်း

ကူးယူပါ–

  1. ၁။ ကမ္ဘာမြေကြီး ဖျားနေပြီ

    လူတွေ မျှော်လင့်ချက် မဲ့နေ

    ငိုသံများကြား ဒီစစ်ပွဲများ

    ဘယ်လို ဖြေရှာ ဆွေးနွေးလည်း

    ကမ္ဘာမြေ ငြိမ်းချမ်းစေဖို့

    ဘယ်လိုမှ လမ်းစ မတွေ့လည်း

    ယေဟောဝါ ပေးထား အံ့ဖွယ်မျှော်လင့်ချက်

    ကမ္ဘာ ပြန်နေကောင်းတော့မယ်

    (ထပ်ကျော့ပိုဒ်)

    တို့ တစ်သွေး တစ်သံတည်း

    ငြိမ်းချမ်းစွာ

    ဘုရားတစ်ပါးကိုပဲ

    တို့ကိုးကွယ်ချီးမွမ်းမှာ

    တစ်သံတည်း ချီးမွမ်းမှာ

  2. ၂။ ဘယ်လို အခက်အခဲ ကြုံလည်း

    ခိုင်မာ မျှော်လင့်ချက် ရှိတယ်

    ယေဟောဝါ ပေးထား ဒီငြိမ်သက်ခြင်းလည်း

    လျှံပယ် မပြတ်စီးဆင်းနေ

    ပူပင်စိုးရွံ့စိတ်များ

    ပြေလျော့ခန်းခြောက်သွားတာ

    မကြာခင် ရမယ့် ငြိမ်သက်ခြင်း အစစ်

    ထာဝစဉ် တည်တံ့သွားမှာ

    (ထပ်ကျော့ပိုဒ်)

    တို့ တစ်သွေး တစ်သံတည်း

    ငြိမ်းချမ်းစွာ

    ဘုရားတစ်ပါးကိုပဲ

    တို့ကိုးကွယ်ချီးမွမ်းမှာ

    တစ်သံတည်း ချီးမွမ်းမှာ

    (ဆက်ဆိုရန်)

    ဒုက္ခနဲ့ သေခြင်းလည်း

    ပပျောက်မှာ စဉ်မြဲပဲ

    ငြိမ်သက်ခြင်းမင်းသား ယေရှုရဲ့ လက်အောက်

    ယေဟောဝါရှေ့ ယောက်တိုင်း

    ဒူးထောက်ပျပ်ဝပ်ခစား

    (ထပ်ကျော့ပိုဒ်)

    တို့ တစ်သွေး တစ်သံတည်း

    ငြိမ်းချမ်းစွာ

    ဘုရားတစ်ပါးကိုပဲ

    တို့ကိုးကွယ်ချီးမွမ်းမှာ

    တို့ တစ်သွေး တစ်သံတည်း

    ငြိမ်းချမ်းစွာ

    ဘုရားတစ်ပါးကိုပဲ

    တို့ကိုးကွယ်ချီးမွမ်းမှာ

    တစ်သံတည်း ချီးမွမ်းမှာ

    မြေပေါ် လိုတော် ပြည့်သွား။