မာတိကာဆီ ကျော်သွား

ကိုယ်ရေးအချက်အလက် အသုံးပြုခြင်း—ဟန်ဂေရီ

ကိုယ်ရေးအချက်အလက် အသုံးပြုခြင်း—ဟန်ဂေရီ

ယေဟောဝါသက်သေတွေက ကြေညာသူတွေရဲ့ ကိုယ်ရေးအချက်အလက်တွေကို ဘာကြောင့် တောင်းဆိုကြောင်း၊ ဘယ်လို အသုံးပြုကြောင်း ဒီကိုယ်ရေးအချက်အလက် အသိပေးစာမှာ ရှင်းပြထားပါတယ်။ ဒီမှာ ဖော်ပြထားတဲ့ “သင်၊” “သင့်” ဆိုတဲ့ အသုံးအနှုန်းက ယေဟောဝါသက်သေများရဲ့ အသင်းတော်မှာရှိတဲ့ နှစ်ခြင်းမခံရသေးတဲ့ ဒါမှမဟုတ် နှစ်ခြင်းခံပြီးသား ကြေညာသူတွေ၊ a ယေဟောဝါသက်သေများရဲ့ ဘာသာရေး၊ ဘာသာရေး လုပ်ဆောင်မှုတွေကို စီမံကွပ်ကဲထိန်းသိမ်းဖို့ ယေဟောဝါသက်သေတွေ အသုံးပြုတဲ့ ကိုယ်ရေးအချက်အလက်ပိုင်ရှင်တွေကို ရည်ညွှန်းပါတယ်။

ယေဟောဝါသက်သေတွေဟာ ကမ္ဘာချီ အဖွဲ့အစည်း ဖြစ်ပါတယ်။ ဒီမှာသုံးနှုန်းထားတဲ့ “ဘာသာရေး အဖွဲ့အစည်း၊” “ကျွန်တော်တို့” ဆိုတာက ယေဟောဝါသက်သေများရဲ့ ကမ္ဘာချီ ဘာသာရေး အဖွဲ့အစည်း ဒါမှမဟုတ် ယေဟောဝါသက်သေများ အသုံးပြုတဲ့ အသင်းအဖွဲ့တစ်ခု ဒါမှမဟုတ် အသင်းအဖွဲ့တွေကို ရည်ညွှန်းပါတယ်။ ဒီအသင်းအဖွဲ့တွေမှာ ဒေသခံ အသင်းတော်၊ ဒေသခံ ဌာနခွဲရုံး၊ ယေဟောဝါသက်သေတွေ အသုံးပြုတဲ့ တခြားအသင်းအဖွဲ့တွေလည်း ပါဝင်တယ်။ သင်နဲ့ဆက်ဆံပုံပေါ်မူတည်ပြီး အဲဒီအသင်းအဖွဲ့တစ်ခု ဒါမှမဟုတ် အသင်းအဖွဲ့တွေဟာ သင့်ကိုယ်ရေးအချက်အလက်ကို စီမံထိန်းသိမ်းဖို့ တာဝန်ရှိသူတွေ ဖြစ်တယ်။ ဟန်ဂေရီက ယေဟောဝါသက်သေများအသင်း (The Church of Jehovah’s Witnesses in Hungary) ဟာ ဟန်ဂေရီမှာရှိတဲ့ ကြေညာသူတွေရဲ့ ကိုယ်ရေးအချက်အလက်ကို စီမံထိန်းသိမ်းဖို့ တာဝန်ရှိသူဖြစ်တယ်။

ယေဟောဝါရဲ့ အလိုတော်ဆောင်ဖို့ ဖွဲ့စည်းထားခြင်း b စာအုပ်မှာ ဖော်ပြထားတဲ့အတိုင်း သင် ကြေညာသူတစ်ဦး ဖြစ်လာတဲ့အခါ သင်လိုလိုလားလား ပေးထားတဲ့ သင့်ရဲ့ ကိုယ်ရေးအချက်အလက်တွေနဲ့ ဝတ်ပြုရေးပိုင်းအခြေအနေတွေကို အသင်းတော် အကြီးအကဲတွေကတစ်ဆင့် ကျွန်တော်တို့ ရယူပါတယ်။ ဒီလို ရယူတဲ့အကြောင်းရင်းက ဝတ်ပြုရေးနဲ့ဆက်နွယ်တဲ့ ဘာသာရေးလုပ်ငန်းတွေမှာ သင် ပါဝင်နိုင်ဖို့၊ သင့်ကို ဘုရားရေးရာပိုင်း အကူအညီ ပေးနိုင်ဖို့ပါ။—၁ ပေတရု ၅:၂

သင့်ကိုယ်ရေးအချက်အလက် အသုံးပြုတဲ့ကိစ္စနဲ့ပတ်သက်ပြီး မေးစရာရှိရင် ဒါမှမဟုတ် သင့်ဒေသက အချက်အလက်ကာကွယ်ရေး တာဝန်ခံနဲ့ ဆက်သွယ်ချင်ရင် အောက်ပါအီးမေးလ်နဲ့ စုံစမ်းမေးမြန်းနိုင်ပါတယ်–

DataProtectionOfficer.HU@jw.org.

သင့်ကိုယ်ရေးအချက်အလက် အသုံးပြုခြင်းနဲ့ပတ်သက်ပြီး ထပ်ဆင့်အချက်အလက်တွေကို အောက်မှာ ဖော်ပြထားပါတယ်။

ကျွန်တော်တို့ သိမ်းဆည်းထားတဲ့ သင့်ကိုယ်ရေးအချက်အလက်များ

ယေဟောဝါသက်သေများရဲ့ ဘာသာရေး၊ ဘာသာရေး လုပ်ဆောင်မှုတွေ cကို စီမံကွပ်ကဲထိန်းသိမ်းဖို့ ကျွန်တော်တို့ ရယူထားတဲ့၊ အသုံးပြုနေတဲ့ သင့်ကိုယ်ရေးအချက်အလက်တွေထဲမှာ အောက်ပါတွေ ပါဝင်တယ်–

  • အခြေခံ အချက်အလက်– အမည်၊ မွေးနေ့၊ ကျား/မ

  • ဆက်သွယ်ရန် အချက်အလက်– အိမ်လိပ်စာ၊ အီးမေးလ်လိပ်စာ၊ ဖုန်းနံပါတ်၊ အရေးပေါ်ဆက်သွယ်ရမယ့် အချက်အလက်

  • ဝတ်ပြုရေးပိုင်း အခြေအနေကို ဖော်ပြတဲ့ အချက်အလက်– နှစ်ခြင်းခံတဲ့နေ့၊ “ဘိသိက်ခံ” ဒါမှမဟုတ် “အခြားသိုး၊” ဒေသခံအသင်းတော် ဒါမှမဟုတ် ဘာသာရေးအဖွဲ့အစည်းမှာ ရထားတဲ့ တာဝန်၊ အမှုဆောင်လုပ်ငန်းမှာ ပါဝင်မှု၊ ဝတ်ပြုရေးကဏ္ဍတွေမှာ ပါဝင်မှု အခြေအနေ၊ အဲဒီအခြေအနေနဲ့ သက်ဆိုင်တဲ့ ရက်စွဲ၊ ဆက်စပ်အချက်အလက်

သင့်ရဲ့ အထူးကိုယ်ရေးအချက်အလက် (အထူးအချက်အလက်) တွေကိုလည်း ကျွန်တော်တို့ ရယူထားနိုင်တယ်။ လူမျိုး၊ ဘာသာရေး ယုံကြည်ချက် စတဲ့အချက်အလက်တွေဟာ အထူးအချက်အလက်တွေပါ။

သင့်ကိုယ်ရေးအချက်အလက်ကို ကျွန်တော်တို့ အသုံးပြုရတဲ့ ရည်ရွယ်ချက်နဲ့ ဥပဒေဆိုင်ရာ အကြောင်းရင်း

ကျွန်တော်တို့ရဲ့ မူဝါဒက ရည်ရွယ်ချက်အတွက် လိုအပ်တဲ့ ကိုယ်ရေးအချက်အလက်ကိုပဲ ကောက်ခံပြီး အဲဒီအချက်အလက်တွေကို ဥပဒေနဲ့အညီ တရားဝင်ဆောင်ရွက်သွားဖို့ပါ။

သင် ကြေညာသူဖြစ်လာတဲ့အခါ ကျွန်တော်တို့က သင့်ကိုယ်ရေးအချက်အလက်တွေကို ဥပဒေနဲ့အညီ ကောက်ခံ၊ အသုံးပြုပါတယ်။ ယေဟောဝါသက်သေတွေရဲ့ ဘာသာရေးကို စီမံထိန်းသိမ်းကွပ်ကဲရာမှာ အဲဒီအချက်အလက်တွေ လိုအပ်လို့ပါ။ ဒါ့အပြင် ဝတ်ပြုရေးနဲ့ဆိုင်တဲ့ ကိစ္စတွေမှာ သင် ပါဝင်နိုင်စေဖို့၊ သင့်ကို ဝတ်ပြုရေးပိုင်းမှာ အကူအညီပေးနိုင်ဖို့ပါ။ သင့်ဘာသာရေးယုံကြည်ချက်ကို ဖော်ပြတဲ့ အချက်အလက်လိုမျိုး အထူးကိုယ်ရေးအချက်အလက်တွေကို စီမံဆောင်ရွက်တဲ့အခါ ကျွန်တော်တို့ ဂရုတစိုက် ကိုင်တွယ်စီမံပါတယ်။ သင့်ခွင့်ပြုချက်မပါဘဲ ဘာသာရေးအဖွဲ့အစည်း ပြင်ပမှာ ဖော်ပြခြင်း မပြုပါဘူး။ ခိုင်လုံတဲ့အကြောင်းအရင်းတွေကြောင့် သင့်ကိုယ်ရေးအချက်အလက်ကို စီမံဆောင်ရွက်ရတဲ့အခါလည်း သင့်အပေါ်၊ သင့်အခွင့်အရေးတွေအပေါ် တစ်စုံတစ်ရာ ထိခိုက်မှုရှိမရှိ ထည့်သွင်းစဉ်းစားပြီးမှ စီမံဆောင်ရွက်ပါတယ်။

ဥပဒေတောင်းဆိုချက်အရ သင့်ကိုယ်ရေးအချက်အလက်တွေကို အသုံးပြုရတာလည်း ရှိနိုင်ပါတယ်။ အရေးပေါ်အခြေအနေမှာ သင့်ကိုယ်ရေးအချက်အလက်တွေကို စီမံဆောင်ရွက်ရတဲ့ အကြောင်းရင်းက သင့်အကျိုး ဒါမှမဟုတ် တခြားသူတစ်ဦးရဲ့အကျိုးအတွက် ဖြစ်နိုင်တယ်။

ပုံမှန်အားဖြင့် ကျွန်တော်တို့က ကိုယ်ရေးအချက်အလက်တွေကို သဘောတူညီချက်အပေါ် အခြေခံပြီး စီမံဆောင်ရွက်ခြင်း မပြုပါဘူး။ ဥပဒေအကြောင်းရင်း တစ်စုံတစ်ရာပေါ် အခြေခံပြီး စီမံဆောင်ရွက်လေ့ရှိပါတယ်။ ဒါပေမဲ့ သင်က သင့်ကိုယ်ရေးအချက်အလက် စီမံဆောင်ရွက်ခြင်းနဲ့ပတ်သက်ပြီး အတိအလင်း သဘောတူညီချက်ပေးထားရင် အဲဒီသဘောတူညီချက်ကို ကျွန်တော်တို့ အမှီပြုပါတယ်။ ကလေးသူငယ်တွေရဲ့ အချက်အလက်တွေကိုတော့ မိဘ ဒါမှမဟုတ် တရားဝင်အုပ်ထိန်းသူရဲ့ သဘောတူညီချက် ပါမှပဲ စီမံဆောင်ရွက်ပါတယ်။

အောက်ပါဇယားမှာ သင့်ကိုယ်ရေးအချက်အလက် အသုံးပြုပုံနည်းလမ်းတွေနဲ့ ဥပဒေဆိုင်ရာ အကြောင်းရင်းတွေကို ဖော်ပြထားပါတယ်။ ပိုသိချင်ရင် အထက်မှာဖော်ပြထားတဲ့ အီးမေးလ်ကို လိပ်မူပြီး သင့်ဒေသက အချက်အလက်ကာကွယ်ရေး တာဝန်ခံဆီ ဆက်သွယ်နိုင်ပါတယ်။

ရည်ရွယ်ချက် နဲ့/ဒါမှမဟုတ် လုပ်ဆောင်မှု

အချက်အလက် အမျိုးအစား

စီမံဆောင်ရွက်ရတဲ့ အကြောင်းရင်း

သိမ်းဆည်းထားခြင်း

  • အသင်းတော် ကြေညာသူ မှတ်တမ်း (ခရစ်ယာန်အသင်းတော်နဲ့ဆိုင်တဲ့ မှတ်တမ်း) ထိန်းသိမ်းခြင်း

  • အခြေခံ အချက်အလက်

  • ဝတ်ပြုရေးပိုင်း အခြေအနေကို ဖော်ပြတဲ့ အချက်အလက်

  • အထူးကိုယ်ရေးအချက်အလက်– ဘာသာရေး ယုံကြည်ချက်များ

  • အကြောင်းရင်း– ယေဟောဝါသက်သေများရဲ့ ဘာသာရေး၊ ဘာသာရေး လုပ်ဆောင်မှုတွေကို စီမံထိန်းသိမ်းကွပ်ကဲခြင်း

  • တက်တက်ကြွကြွ ပါဝင်လုပ်ဆောင်နေတဲ့ ကြေညာသူများ– ယခုလက်ရှိနဲ့ ယခင် လုပ်ငန်းတော်နှစ် (၂၄ လအတွင်း)

  • တက်တက်ကြွကြွ ပါဝင်လုပ်ဆောင်ခြင်း မရှိတော့တဲ့ ကြေညာသူများ– တက်တက်ကြွကြွ ပါဝင်ခဲ့တဲ့ နောက်ဆုံးနှစ် (၁၂ လအတွင်း)

  • ယေဟောဝါသက်သေတစ်ယောက် မဟုတ်တော့သူရဲ့ အချက်အလက်တွေကို မသိမ်းထားပါ

  • မှတ်ချက်– လုပ်ငန်းတော်နှစ်ဟာ စက်တင်ဘာလကနေ ဩဂုတ်လအထိ ဖြစ်တယ်

  • အစည်းအဝေးတွေမှာ ပါဝင်ခြင်း၊ ယေဟောဝါသက်သေများရဲ့ လုပ်ဆောင်မှုတွေမှာ၊ စီမံကိန်းတွေမှာ စေတနာ့ဝန်ထမ်းခြင်း

  • အခြေခံ အချက်အလက်

  • လုပ်ဆောင်မှု၊ စီမံကိန်းတချို့အတွက် ဆက်သွယ်ရန် အချက်အလက်၊ ဝတ်ပြုရေးပိုင်း အခြေအနေကို သိစေတဲ့ အချက်အလက်တချို့

  • အထူးကိုယ်ရေးအချက်အလက်– ဘာသာရေး ယုံကြည်ချက်များ

  • အကြောင်းရင်း– ယေဟောဝါသက်သေများရဲ့ ဘာသာရေးလုပ်ဆောင်မှုတွေကို စီမံကွပ်ကဲထိန်းသိမ်းခြင်း

  • အစည်းအဝေးတွေမှာ ပါဝင်တဲ့မှတ်တမ်းကို သိမ်းဆည်းမထားပါ

  • ကြေညာသူဟာ လုပ်အားပေး ဒါမှမဟုတ် စီမံကိန်းမှာ ပါဝင်နေသရွေ့ အချက်အလက်တွေကို သိမ်းဆည်းထားပါတယ်

  • အသင်းတော်မှာ တာဝန်တစ်ခုခု ထမ်းဆောင်ခြင်း။ သင့်အမည်နဲ့ တာဝန်ကို ဒေသခံအသင်းတော်ထဲက တခြားသူတွေကို ဝေမျှတာ၊ တချို့အခြေအနေမှာဆိုရင် ဘာသာရေးအဖွဲ့အစည်းအတွင်း ဝေမျှတာ ရှိနိုင်တယ်။ ကြော်ငြာသင်ပုန်းမှာဖြစ်ဖြစ်၊ အချက်အလက်ကာကွယ်ရေး နည်းစနစ်တွေကျင့်သုံးတဲ့ အီလက်ထရောနစ်နည်းလမ်းတွေ သုံးပြီးဖြစ်ဖြစ် ဝေမျှနိုင်တယ်။

  • အခြေခံ အချက်အလက်

  • ဝတ်ပြုရေးပိုင်း အခြေအနေကို ဖော်ပြတဲ့ အချက်အလက်တချို့–ဒေသခံအသင်းတော်မှာ ဒါမှမဟုတ် ယေဟောဝါသက်သေတွေကြားမှာ ရရှိတဲ့ တာဝန်

  • အထူးကိုယ်ရေးအချက်အလက်– ဘာသာရေး ယုံကြည်ချက်များ

  • အကြောင်းရင်း– ယေဟောဝါသက်သေများရဲ့ ဘာသာရေး လုပ်ဆောင်မှုတွေကို စီမံကွပ်ကဲထိန်းသိမ်းခြင်း

  • လစဉ် ဇယားအသစ်နဲ့ အစားမထိုးခင် အချိန်အထိ အသင်းတော်အစည်းအဝေး အစီအစဉ်ဇယားတွေကို သိမ်းဆည်းထားပါတယ်

  • ကြေညာသူဟာ ကိုယ်ရရှိထားတဲ့ တာဝန်တွေမှာ ဆက်ပါဝင်နေသ၍ အသင်းတော်က ကြေညာသူရဲ့ အဲဒီအချက်အလက်တွေကို သိမ်းဆည်းထားပါတယ်

  • ယေဟောဝါသက်သေ အကြီးအကဲတွေက ယုံကြည်သူချင်းတွေရဲ့ ဝတ်ပြုရေးပိုင်းလိုအပ်ရာကို ဂရုစိုက်ပေးခြင်း၊ ထိန်းကျောင်းပေးခြင်း

  • အခြေခံ အချက်အလက်

  • ဆက်သွယ်ရန် အချက်အလက်

  • ဝတ်ပြုရေးပိုင်း အခြေအနေကိုဖော်ပြတဲ့ အချက်အလက်

  • အထူးကိုယ်ရေးအချက်အလက်– ဘာသာရေး ယုံကြည်ချက်များ

  • မိတ်ဆက်စာ– မိတ်ဆက်စာပို့တဲ့ အသင်းတော်က စာပို့ပြီးတာနဲ့ ဒီစာကို ဖျက်ဆီးလိုက်ပါတယ်။ မိတ်ဆက်စာ လက်ခံရရှိတဲ့ အသင်းတော်က တစ်နှစ်သိမ်းဆည်းပြီးနောက် ဖျက်ဆီးပါတယ်

  • ကြေညာသူ အသင်းတော်မှာ ရှိနေသရွေ့

  • အရေးပေါ် ဆက်သွယ်ရန် အချက်အလက်ကို စီမံဆောင်ရွက်ခြင်း

  • အခြေခံ အချက်အလက်

  • ဆက်သွယ်ရန် အချက်အလက်

  • ကြေညာသူရဲ့ အကျိုးအတွက်– အရေးကြုံတဲ့အခါ ဆက်သွယ်ရမယ့်သူတွေဆီ ကြေညာသူတွေ ပေးထားတဲ့အချက်အလက်တွေပါ။

  • ကြေညာသူ အသင်းတော်မှာ ရှိနေသရွေ့

သိမ်းဆည်းထားခြင်း

“သင့်ကိုယ်ရေးအချက်အလက်ကို ကျွန်တော်တို့ အသုံးပြုရတဲ့ ရည်ရွယ်ချက်နဲ့ ဥပဒေဆိုင်ရာ အကြောင်းရင်း” ကို အထက်မှာ ဖော်ပြခဲ့ပါတယ်။ အဲဒီမှာ ဖော်ပြထားတဲ့အတိုင်း ကိုယ်ရေးအချက်အလက်တွေကို ရည်ရွယ်ချက်ပြီးမြောက်ဖို့ လိုအပ်နေချိန်အထိပဲ သိမ်းဆည်းထားပါတယ်။

ကိုယ်ရေးအချက်အလက်ကို ဘယ်လောက်ကြာကြာ ထိန်းသိမ်းထားမလဲဆိုတာကို ပိုင်းဖြတ်ရာမှာ ကျွန်တော်တို့ ဒီအချက်တွေကို ထည့်သွင်းစဉ်းစားပါတယ်– သက်ဆိုင်တဲ့ ဥပဒေတောင်းဆိုချက်၊ ကိုယ်ရေးအချက်အလက် ပမာဏ၊ သဘောသဘာဝ၊ ထိလွယ်ရှလွယ်တဲ့ ကိုယ်ရေးအချက်အလက် ဟုတ်မဟုတ်၊ သင့်ကိုယ်ရေးအချက်အလက်ကို ခွင့်ပြုချက်မရှိဘဲ အသုံးပြု၊ ထုတ်ဖော်မှုကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ အန္တရာယ်၊ သင့်ကိုယ်ရေးအချက်အလက်ကို ကျွန်တော်တို့ အသုံးပြု လုပ်ဆောင်ရတဲ့ ရည်ရွယ်ချက်နဲ့ အဲဒီရည်ရွယ်ချက်ကို တခြားနည်းလမ်းနဲ့ အကောင်အထည် ဖော်နိုင်မနိုင် စတာတွေ ဖြစ်ပါတယ်။

ကိုယ်ရေးအချက်အလက် သိမ်းဆည်းတဲ့ အချိန်ကာလဟာ ကမ္ဘာတစ်ဝန်း နိုင်ငံအလိုက်၊ နယ်မြေအလိုက် ကွာခြားနိုင်တယ်။ ဒေသတစ်ခုနဲ့တစ်ခုရဲ့ ဥပဒေတောင်းဆိုချက်တွေ မတူလို့ပါ။ ဥပဒေတောင်းဆိုချက်အရ ကိုယ်ရေးအချက်အလက်တွေကို ပိုကြာကြာ သိမ်းဆည်းဖို့ လိုနိုင်သလို ကျွန်တော်တို့ရဲ့ တရားဝင်အခွင့်အရေးတွေကို ချမှတ်ဖို့၊ ကျင့်သုံးဖို့၊ ခုခံကာကွယ်ဖို့ အချိန်ပိုကြာကြာ သိမ်းဆည်းရတာလည်း ဖြစ်နိုင်ပါတယ်။

တချို့အခြေအနေတွေမှာ ရှာဖွေလေ့လာမှု ဒါမှမဟုတ် အစိုးရ ဖော်ပြတဲ့ စာရင်းအချက်အလက်တွေနဲ့ (သင့်ကို ဆက်စပ်လို့ မရအောင်) သင့်ရဲ့ ကိုယ်ရေးအချက်အလက်ကို ကျွန်တော်တို့ အမည်ဝှက်ထားပေးတတ်ပါတယ်။ အဲဒီလိုအခြေအနေမျိုးမှာ သင့်ကို ထပ်မံအကြောင်းမကြားတော့ဘဲ အချက်အလက်တွေကို ကျွန်တော်တို့ ဆက်အသုံးပြုနေပါမယ်။

သင့်ရဲ့ ကိုယ်ရေးအချက်အလက်ကို ကျွန်တော်တို့ ဘယ်လောက်ကြာကြာ သိမ်းဆည်းတယ်ဆိုတဲ့အကြောင်း ထပ်သိချင်ရင် အထက်မှာဖော်ပြထားတဲ့ အီးမေးလ်ကိုသုံးပြီး သက်ဆိုင်ရာ အချက်အလက်ကာကွယ်ရေး တာဝန်ခံဆီ ဆက်သွယ်နိုင်ပါတယ်။

ကိုယ်ရေးအချက်အလက် လွှဲပြောင်းမှုများ

ယေဟောဝါသက်သေများဟာ ကမ္ဘာချီအဖွဲ့အစည်းဖြစ်တဲ့အတွက် ဟန်ဂေရီက ယေဟောဝါသက်သေများအသင်း အပါအဝင် ယေဟောဝါသက်သေတွေ အသုံးပြုတဲ့ အသင်းအဖွဲ့တွေအတွက် အချက်အလက် နည်းပညာ ဝန်ဆောင်မှုပေးတဲ့ စနစ်တချို့ကို ပင်မတစ်နေရာကနေ ထိန်းချုပ်ဖို့ လိုပါတယ်။ ဟန်ဂေရီနိုင်ငံက ယေဟောဝါသက်သေများ အသုံးပြုတဲ့ တရားဝင် အသင်းအဖွဲ့ဟာ ဟန်ဂေရီက ယေဟောဝါသက်သေများအသင်းအတွက် အချက်အလက်တွေကို ဆာဗာမှာ သိမ်းဆည်းဖို့ စီမံခန့်ခွဲပါတယ်။ ဒီအသိပေးစာမှာ ဖော်ပြထားတဲ့ ရည်ရွယ်ချက်တွေ လုပ်ဆောင်ဖို့ အချက်အလက်တချို့ကို ယေဟောဝါသက်သေတွေ အသုံးပြုတဲ့ အသင်းအဖွဲ့တွေက လိုအပ်ချိန်မှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။ ဥပမာ၊ အသင်းတော် နောက်တစ်ခုကို ပြောင်းရွှေ့ဖို့ သင် ဆုံးဖြတ်တဲ့အခါ သင့်ရဲ့ ကိုယ်ရေးအချက်အလက် (အခြေခံ၊ ဆက်သွယ်ရန်၊ ဝတ်ပြုရေးပိုင်း အချက်အလက်) တွေကို အသင်းတော်အသစ်ဆီ လွှဲပြောင်းပေးပါတယ်။ သင်က တခြားနိုင်ငံမှာရှိတဲ့ အသင်းတော်တစ်ခုဆီ ပြောင်းရွှေ့မယ်ဆိုရင် ယေဟောဝါသက်သေများရဲ့ ဒေသခံဌာနခွဲရုံး (တွေ) က သင့်ကိုယ်ရေးအချက်အလက်တွေကို စီမံဆောင်ရွက်ပါတယ်။ အဲဒီလိုလုပ်ရတဲ့ အကြောင်းရင်းက အသင်းတော်အသစ်ရဲ့ ဘာသာရေးလုပ်ဆောင်မှုတွေမှာ သင် အပြည့်အဝ ဆက်ပါဝင်နိုင်ဖို့၊ ကျွန်တော်တို့ရဲ့ ခရစ်ယာန်အသင်းတော် မှတ်တမ်းကို နောက်ဆုံးအချက်အလက်နဲ့အညီ သိမ်းဆည်းနိုင်ဖို့ ဖြစ်တယ်။ ဥရောပသမဂ္ဂ (EU)/ ဥရောပ စီးပွားရေးဧရိယာ (EEA) ရဲ့ ပြင်ပနိုင်ငံတွေဆီ၊ ကိုယ်ရေးအချက်အလက် ကာကွယ်ခြင်းနဲ့ပတ်သက်ပြီး သတ်သတ်မှတ်မှတ် ဥပဒေမရှိတဲ့ နိုင်ငံတွေဆီ လွှဲပြောင်းရတာလည်း ဖြစ်နိုင်တယ်။

ကိုယ်ရေးအချက်အလက်တွေကို ဘာသာရေး အဖွဲ့အစည်းအတွင်း လွှဲပြောင်းပေးတဲ့အခါ ဘေးကင်းစေဖို့၊ တိကျမှန်ကန်စေဖို့ သင့်တော်သလို ဂရုတစိုက် လုပ်ဆောင်ပါတယ်။ ဥပဒေ အကာအကွယ်တွေလည်း ရယူပါတယ်။ ကျွန်တော်တို့က သင့်ရဲ့ကိုယ်ရေးအချက်အလက်ကို EU/EEA ဒေသအတွင်းမှာ ကောက်ခံတယ်ဆိုရင် အချက်အလက်ကို EU/EEA ပြင်ပဆီ လွှဲပြောင်းတဲ့အခါလည်း အနည်းဆုံး အောက်ဖော်ပြပါအချက်တစ်ခုခုနဲ့ ညီမှပဲ လွှဲပြောင်းပေးပါတယ်–

  • သင့်ကိုယ်ရေးအချက်အလက်ကို လုံလောက်တဲ့အတိုင်းအတာအထိ ကာကွယ်ပေးနိုင်တဲ့ နိုင်ငံတစ်ခုမှာ နေထိုင်သူဆီ လွှဲပြောင်းခြင်း၊

  • ဥရောပကော်မရှင် အတည်ပြုလက်ခံထားတဲ့ စည်းမျဉ်းစည်းကမ်းတွေပါတဲ့ စံသဘောတူစာချုပ်လိုမျိုး EU ရဲ့တောင်းဆိုချက်တွေကို ဖြည့်ဆည်းပေးတဲ့ စာချုပ်သုံးပြီး EU/EEA ပြင်ပက အချက်အလက် စီမံဆောင်ရွက်သူ ဒါမှမဟုတ် အချက်အလက် ထိန်းချုပ်သူဆီ လွှဲပြောင်းပေးခြင်း၊

  • သင့်သဘောတူညီချက်အရ လွှဲပြောင်းပေးခြင်း။

အချက်အလက် လုံခြုံရေး

လုပ်ငန်းဆောင်တာ ဆောင်ရွက်နေချိန်အတွင်း ရယူထားတဲ့ အချက်အလက်တွေ ပေါက်ကြားမှု မရှိအောင်၊ လုံခြုံအောင် ကျွန်တော်တို့ လုပ်ဆောင်ပေးပါတယ်။ အဲဒီအချက်အလက်တွေကို သက်ဆိုင်သူတွေပဲ ကြည့်ရှုနိုင်တယ်။ အချက်အလက်တွေကို အလွဲသုံးစားလုပ်တာ၊ ပေါက်ကြားတာ၊ ဆုံးရှုံးတာတွေ မဖြစ်စေဖို့ မူဝါဒတွေ၊ လုပ်ထုံးလုပ်နည်းတွေ ချမှတ်ထားပါတယ်။

အချက်အလက် စီမံဆောင်ရွက်စဉ်အတွင်း မှားယွင်းမှုမရှိစေဖို့ နည်းပညာပိုင်း၊ အဖွဲ့အစည်းပိုင်းမှာ လိုအပ်တဲ့ လုံခြုံရေးအကာအကွယ်တွေ ယူထားပါတယ်။ ဒီလိုအကာအကွယ် ယူရာမှာ နောက်ဆုံးပေါ် နည်းပညာ၊ ကုန်ကျစရိတ်၊ စီမံဆောင်ရွက်မှု လုပ်ငန်းစဉ်ရဲ့ သဘောသဘာဝ၊ ကြီးမားကျယ်ပြန့်မှု အတိုင်းအတာ၊ ရည်ရွယ်ချက်၊ အချက်အလက်ပိုင်ရှင်ရဲ့ လွတ်လပ်ခွင့်၊ အခွင့်အရေးတွေကို ထိခိုက်နိုင်ခြေရှိမရှိ၊ ကြီးကြီးမားမား ထိခိုက်မှုရှိမရှိ စတဲ့အချက်တွေကိုလည်း ထည့်သွင်းစဉ်းစားပါတယ်။ ဒါ့အပြင် အောက်ပါအချက်တွေကိုလည်း ထည့်သွင်းစဉ်းစားပါတယ် (တခြားအချက်တွေလည်း ပါဝင်နိုင်ပါတယ်)။

  • ဝင်ရောက်ကြည့်ရှုနိုင်မှုကို ထိန်းချုပ်ကန့်သတ်ခြင်း၊ လျှို့ဝှက်ထားခြင်း၊ တိကျမှန်ကန်မှု ရှိစေခြင်း၊

  • ဆက်သွယ်ရေးနဲ့ လုပ်ငန်းဆောင်ရွက်မှုအပိုင်းမှာ လုံခြုံမှုရှိစေခြင်း၊

  • ကိုယ်ရေးအချက်အလက်ကို ဖျက်ထားခြင်း၊ အမည်ဝှက်ထားခြင်း၊ encrypt လုပ်ခြင်း၊

  • နည်းပညာပိုင်း၊ အဖွဲ့အစည်းပိုင်း ကျင့်သုံးနေတဲ့ လုံခြုံရေးအကာအကွယ်တွေရဲ့ ထိရောက်မှုကို အချက်အလက် စီမံဆောင်ရွက်မှု ဘေးကင်းရေး ရည်ရွယ်ချက်နဲ့အညီ ပြန်လည်သုံးသပ်အကဲဖြတ်ခြင်း၊

ကိုယ်ရေးအချက်အလက်ကို ပုံမှန် ဒါမှမဟုတ် အမြဲတမ်း ကြည့်ရှုနိုင်တဲ့သူတွေ၊ ကိုယ်ရေးအချက်အလက် စီမံဆောင်ရွက်ရာမှာ ပါဝင်သူတွေကို လေ့ကျင့်မှုတွေ ပေးပြီး သူတို့ရဲ့ တာဝန်နဲ့ အခွင့်အရေးတွေအကြောင်း အသိပေးထားပါတယ်။

ကိုယ်ရေးအချက်အလက်ကို ဖော်ပြခြင်း

“သင့်ကိုယ်ရေးအချက်အလက်ကို ကျွန်တော်တို့ အသုံးပြုရတဲ့ ရည်ရွယ်ချက်နဲ့ ဥပဒေဆိုင်ရာ အကြောင်းရင်း” ဆိုတဲ့အပိုင်းမှာ ဖော်ပြထားတဲ့ အသေးစိတ် အချက်အလက်တွေနဲ့အညီ သင့်ကိုယ်ရေးအချက်အလက်တွေကို ကျွန်တော်တို့ ဖော်ပြပါမယ်။

  • အခြေအနေတချို့မှာ သင့်အချက်အလက်တွေ အခွင့်အာဏာရှိသူ ဒါမှမဟုတ် ရှေ့နေတွေကို ကျွန်တော်တို့ ဖော်ပြနိုင်ပါတယ်

    • သက်ဆိုင်တဲ့ ဥပဒေ၊ တရားရုံးအမိန့်၊ စီရင်ပိုင်ခွင့်ရှိတဲ့ အခွင့်အာဏာရှိသူ တောင်းဆိုတဲ့အခါ

    • ကျွန်တော်တို့ရဲ့ အခွင့်အရေး၊ ပိုင်ဆိုင်မှု၊ လုံခြုံမှုကို ခုခံကာကွယ်ဖို့ လိုအပ်လာတဲ့အခါ

  • နည်းပညာပိုင်းအချက်အလက် ဝန်ဆောင်မှုပေးသူတွေကို သင့်ရဲ့ ကိုယ်ရေးအချက်အလက်တွေကို ကျွန်တော်တို့ ဖော်ပြနိုင်ပါတယ်

  • သင့်သဘောတူညီချက် ရထားရင် သင့်ကိုယ်ရေးအချက်အလက်တွေကို တခြားသူ၊ အသင်းအဖွဲ့ဆီ ကျွန်တော်တို့ ဖော်ပြပါမယ်

သင့်ကိုယ်ရေးအချက်အလက်တွေကို ကျွန်တော်တို့ ဖော်ပြပေးလိုက်တဲ့ ပုဂ္ဂိုလ်၊ အသင်းအဖွဲ့ဟာ ဒီအပိုင်းမှာ ဖော်ပြထားချက်နဲ့အညီ ကိုယ်ရေးအချက်အလက်တွေကို လျှို့ဝှက်ထားဖို့၊ သက်ဆိုင်ရာ ဥပဒေနဲ့အညီ လုပ်ကိုင်ဆောင်ရွက်ဖို့ ကျွန်တော်တို့ တောင်းဆိုထားပါတယ်။ လက်ခံရရှိသူဟာ သင့်ရဲ့ ကိုယ်ရေးအချက်အလက်တွေကို ကိုယ့်သဘောနဲ့ကိုယ် အသုံးပြုခွင့် ကျွန်တော်တို့ မပေးထားပါ။ သင့်ရဲ့အချက်အလက်တွေကို သတ်မှတ်ထားတဲ့ ရည်ရွယ်ချက်၊ လမ်းညွှန်ချက်တွေနဲ့အညီသာ အသုံးပြုဖို့ ခွင့်ပြုထားပါတယ်။

ကိုယ်ရေးအချက်အလက်ဆိုင်ရာ တရားဝင် အခွင့်အရေးများ

ကျွန်တော်တို့ ရယူထားတဲ့ သင့်ကိုယ်ရေးအချက်အလက်တွေနဲ့ ပတ်သက်ပြီး တရားဝင် အခွင့်အရေးတချို့ သင် ရထားနိုင်ပါတယ်။ အောက်ပါအခွင့်အရေးတွေ ပါဝင်နိုင်တယ်–

  • သင့်ကိုယ်ရေးအချက်အလက်ကို ဘယ်လိုအသုံးပြုမယ်ဆိုတာ သိပိုင်ခွင့်။ သင့်ကိုယ်ရေးအချက်အလက်ကို ကျွန်တော်တို့ ဘယ်လိုအသုံးပြုမယ်၊ ဝေမျှမယ်ဆိုတာ သင် သိပိုင်ခွင့်ရှိတယ်။

  • ကိုယ်ရေးအချက်အလက်ကို ကြည့်ရှုပိုင်ခွင့်။ သင့်ကိုယ်ရေးအချက်အလက်ကို ကျွန်တော်တို့ စီမံဆောင်ရွက်နေမနေ ဆိုတာ သိပိုင်ခွင့်၊ သင့်ကိုယ်ရေးအချက်အလက်ကို ကြည့်ရှုပိုင်ခွင့် သင့်မှာ ရှိပါတယ်

  • ကိုယ်ရေးအချက်အလက် အမှားတွေကို ပြင်ဆင်ပိုင်ခွင့်။ ကိုယ်ရေးအချက်အလက် မှားနေတာ၊ မပြည့်စုံတာတွေကို ပြင်ဆင်ပိုင်ခွင့်ရှိပါတယ်။ ဥပမာ၊ သင့်ရဲ့ ဆက်သွယ်ရန်အချက်အလက် ပြောင်းလဲခြင်း။

  • တချို့အခြေအနေတွေမှာ ကိုယ်ရေးအချက်အလက်တွေကို ဖျက်ပိုင်ခွင့်။ “မေ့ပျောက်ပိုင်ခွင့်” လို့လည်း ခေါ်ကြတယ်။ ကိုယ်ရေးအချက်အလက်အားလုံးကို ပယ်ဖျက်ခွင့်ပေးတာတော့ မဟုတ်ပါဘူး။ တောင်းဆိုချက်တစ်ခုစီကို သက်ဆိုင်ရာဥပဒေနဲ့အညီ စိစစ်သွားမှာပါ။

  • သဘောတူညီချက်ကို ရုပ်သိမ်းခွင့်။ ကိုယ်ရေးအချက်အလက်ကို သဘောတူညီချက်အရ စီမံဆောင်ရွက်တာဖြစ်တယ်ဆိုရင် သဘောတူညီချက်ကို အချိန်မရွေး ပြန်ရုပ်သိမ်းပိုင်ခွင့် သင့်မှာ ရှိပါတယ်။ ပုံမှန်အားဖြင့် ကျွန်တော်တို့က ကိုယ်ရေးအချက်အလက်တွေကို သဘောတူညီချက်အပေါ် အခြေခံပြီး စီမံဆောင်ရွက်ခြင်း မပြုပါဘူး။ ဥပဒေအကြောင်းရင်း တစ်စုံတစ်ရာပေါ် အခြေခံပြီး စီမံဆောင်ရွက်လေ့ရှိပါတယ်။

  • တချို့အခြေအနေတွေမှာ ကိုယ်ရေးအချက်အလက် စီမံဆောင်ရွက်ခြင်းကို ကန့်သတ်ပိုင်ခွင့်။ ကိုယ်ရေးအချက်အလက် တိကျမှန်ကန်မှု မရှိဘူးဆိုပြီး သင် ပြောလာတယ်ဆိုရင်၊ အချက်အလက်စီမံဆောင်ရွက်ခြင်းကို သင် ကန့်ကွက်လာတယ်ဆိုရင်၊ အချက်အလက်စီမံဆောင်ရွက်ခြင်းဟာ ဥပဒေနဲ့ မညီတဲ့အတွက် အချက်အလက်ကို ဖျက်လိုက်မယ့်အစား ကန့်သတ်ပေးဖို့ သင် တောင်းဆိုလာတယ်ဆိုရင်၊ ကိုယ်ရေးအချက်အလက်ကို ကျွန်တော်တို့ မလိုအပ်တော့ပေမဲ့ သင့်အနေနဲ့ ဥပဒေအခွင့်အရေးတစ်ခုခု ချမှတ်ဖို့၊ ကျင့်သုံးဖို့၊ ကာကွယ်ဖို့ ကိုယ်ရေးအချက်အလက်ကို ထိန်းသိမ်းထားဖို့ လိုအပ်တယ်ဆိုရင် သင့်မှာ ဒီအခွင့်အရေး ရလာတယ်။

  • အချက်အလက် ရွှေ့ပြောင်းပိုင်ခွင့်။ သင့်သဘောတူညီချက်အရ အချက်အလက်ကို စီမံဆောင်ရွက်တဲ့အခါမှပဲ ဒါမှမဟုတ် စာချုပ်စာတမ်းပါ စည်းကမ်းချက်ကို လုပ်ဆောင်ဖို့ ကိုယ်ရေးအချက်အလက်ကို အလိုအလျောက် စီမံဆောင်ရွက်ရတဲ့အခါမှပဲ ဒီအခွင့်အရေးကို သင် ရရှိပါတယ်။

  • ကိုယ်ရေးအချက်အလက် စီမံဆောင်ရွက်ခြင်းကို ကန့်ကွက်ပိုင်ခွင့်။ ခိုင်လုံတဲ့အကြောင်းရင်းတွေအရ သင့်ကိုယ်ရေးအချက်အလက်ကို ကျွန်တော်တို့ စီမံဆောင်ရွက်တဲ့အခါ သင့်အနေနဲ့ ကန့်ကွက်ပိုင်ခွင့်ရှိပါတယ်။ သင့်ရဲ့ ကိုယ်ရေးအချက်အလက်တွေကို စီးပွားရေးအတွက် အသုံးမပြုပါ။ သင်ကန့်ကွက်တယ်ဆိုရင် သင့်ရဲ့ကိုယ်ရေးအချက်အလက်ကို ကျွန်တော်တို့ စီမံဆောင်ရွက်ခြင်း မပြုလုပ်ပါ။ ဒါပေမဲ့ ကျွန်တော်တို့ ဆက်ပြီးစီမံဆောင်ရွက်ဖို့ အချက်အလက်ပိုင်ရှင်ရဲ့ အကျိုး၊ အခွင့်အရေး၊ လွတ်လပ်ခွင့်အတွက် ခိုင်လုံတဲ့ တရားဝင်အကြောင်းပြချက်တွေ မရှိဘူး၊ ဥပဒေအခွင့်အရေးတစ်ခုခု ချမှတ်ဖို့၊ ကျင့်သုံးဖို့၊ ကာကွယ်ဖို့ မလိုဘူးဆိုမှသာ သင်ကန့်ကွက်တဲ့အတိုင်း ကျွန်တော်တို့ လုပ်ဆောင်ပါမယ်။

အထက်ပါအီးမေးလ်လိပ်စာကို သုံးပြီး အချက်အလက်ကာကွယ်ရေးတာဝန်ခံဆီ ဆက်သွယ်နိုင်ပါတယ်။ ဒီနည်းနဲ့ သင့်အခွင့်အရေးကို ကျင့်သုံးနိုင်ပါတယ်။

အဲဒီလိုဆက်သွယ်လာသူဟာ သင် ဟုတ်မဟုတ် သေချာအောင် သင့်ဆီက အချက်အလက်တချို့ ကျွန်တော်တို့ တောင်းဆိုဖို့ လိုနိုင်ပါတယ်။ ဝင်ရောက်ကြည့်ရှုပိုင်ခွင့် သင့်မှာရှိမရှိ (ဒါမှမဟုတ် ရှိထားတဲ့ တခြားအခွင့်အရေးတွေကို သင် အသုံးပြုလို့ရမရ) သေချာအောင် စိစစ်တာပါ။ အခွင့်မရှိသူကို အချက်အလက် မဖော်ပြမိအောင် ကာကွယ်တဲ့နည်းပါ။ သင့်တောင်းဆိုချက်ကို မြန်မြန်ဆန်ဆန် ဖြေကြားနိုင်ဖို့ ထပ်ဆင့်အချက်အလက်တွေ တောင်းဆိုတာမျိုးလည်း ရှိနိုင်ပါတယ်။

ယေဟောဝါသက်သေတွေက ကိုယ်ရေးအချက်အလက်ကာကွယ်ရေး ဥပဒေ/စည်းမျဉ်းကို ချိုးဖောက်ပုံရတယ်လို့ သံသယဝင်တယ်ဆိုရင် အထက်ပါအီးမေးလ်လိပ်စာကိုသုံးပြီး သင့်ဒေသမှာရှိတဲ့ အချက်အလက်ကာကွယ်ရေးတာဝန်ခံကို ဆက်သွယ်နိုင်ပါတယ်။ ဒေသခံ အချက်အလက်ကာကွယ်ရေးတာဝန်ခံက သင် မေးမြန်းတဲ့ကိစ္စကို စုံစမ်းစစ်ဆေးပြီး ဘယ်လိုကိုင်တွယ်ဖြေရှင်းပေးမယ်ဆိုတာ အကြောင်းပြန်ပါလိမ့်မယ်။ သင်နေထိုင်တဲ့ နိုင်ငံ ဒါမှမဟုတ် ပြဿနာဖြစ်တဲ့ဒေသမှာ ပြဋ္ဌာန်းထားတဲ့ အချက်အလက်ကာကွယ်ရေးဥပဒေအတိုင်း လုပ်ဆောင်ပေးဖို့ အချက်အလက်ကာကွယ်ရေး အာဏာပိုင်တွေဆီ တိုင်ကြားခွင့် ရှိပါတယ်။ ဒါမှမဟုတ် တရားရုံးဆီ တင်ပြပိုင်ခွင့်လည်း ရှိပါတယ်။

ဒီအသိပေးစာကို အပြောင်းအလဲလုပ်ခြင်း

ဘာသာရေးလုပ်ငန်းများ၊ ဥပဒေ၊ နည်းပညာ အပြောင်းအလဲတို့ကြောင့် ကျွန်တော်တို့ရဲ့ အချက်အလက် စီမံဆောင်ရွက်ပုံတွေ အခါအားလျော်စွာ ပြောင်းလဲနိုင်ပါတယ်။ ဒီကိုယ်ရေးအချက်အလက် အသုံးပြုခြင်း စာမျက်နှာကို ပြောင်းလဲဖို့ လိုအပ်ခဲ့ရင်တောင် ကျွန်တော်တို့ စုဆောင်းတဲ့ အချက်အလက်တွေ၊ အသုံးပြုပုံတွေကို ကြေညာသူတွေ အမြဲတမ်း သတိပြုနိုင်အောင် အပြောင်းအလဲတွေကို ဒီစာမျက်နှာမှာ ဖော်ပြပါမယ်။ အပြောင်းအလဲတွေအတွက် ဒီစာမျက်နှာကို မကြာမကြာ ပြန်လည်ကြည့်စေချင်ပါတယ်။

a ကြေညာသူတွေဆိုတာ ယေဟောဝါသက်သေများရဲ့ အသင်းတော်တစ်ခုနဲ့ ပူးပေါင်းနေပြီး ဘုရားသခင့်နိုင်ငံတော် သတင်းကောင်းကို ဟောပြောနေတဲ့သူတွေ ဖြစ်ပါတယ်။

b စာမျက်နှာ ၇၅၊ အပိုဒ် ၁၀။ ယေဟောဝါရဲ့ အလိုတော်ဆောင်ဖို့ ဖွဲ့စည်းထားခြင်း စာအုပ်ဟာ ယေဟောဝါသက်သေများ ဘာသာရေးအဖွဲ့အစည်းအကြောင်း ခြုံငုံတင်ပြထားတဲ့၊ အသင်းတော်အတွင်းမှာသာ အသုံးပြုတဲ့ စာအုပ် ဖြစ်ပါတယ်။ ကိုယ်ရေးအချက်အလက် အသုံးပြုခြင်း ပေါ်လစီအတွက် ရည်ရွယ်ထုတ်လုပ်ထားခြင်း မဟုတ်ပါ။

c ကြေညာသူတွေရဲ့ ကိုယ်ရေးအချက်အလက် အသုံးပြုပုံ နည်းလမ်းတွေနဲ့ ဥပဒေဆိုင်ရာ အကြောင်းရင်းတွေကို အသေးစိတ်သိချင်ရင် အောက်ပါ ဇယားမှာ ကြည့်ပါ။