မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

တေးဂီတ ဗီဒီယို—ငါဘယ်လို စိစစ်ရွေးချယ်နိုင်မလဲ

တေးဂီတ ဗီဒီယို—ငါဘယ်လို စိစစ်ရွေးချယ်နိုင်မလဲ

လူငယ်များအမေး

တေးဂီတ ဗီဒီယို—ငါဘယ်လို စိစစ်ရွေးချယ်နိုင်မလဲ

“သံသယဖြစ်စရာအဖွဲ့ရဲ့နာမည် ဒါမှမဟုတ် သီချင်းဖော်ပြရာကို ကျွန်တော်မြင်တာနဲ့ လိုင်းပြောင်း ပစ်လိုက်တယ်။”—ကာဇီ။

တေးဂီတဗီဒီယို—လူငယ်များစွာသည် အပန်းပြေစေရန် ယင်းကို ကြည့်ရှုကြသည်။ သို့သော် များစွာသောတေးဂီတဗီဒီယိုတို့တွင် လိင်အကျင့်ယိုယွင်းမှုနှင့် အကြမ်းဖက်မှုတို့အကြောင်း ထိတ်လန့်တုန်လှုပ်ဖွယ် ဖော်ပြမှုများ ပါဝင်သည်။ * မှန်ပါသည်၊ မည်သည့်ဖျော်ဖြေရေးပုံစံမျိုးတွင်မဆို ဘုရားသခင်ရှုတ်ချရာများကို အားပေးအားမြှောက်ပြုပါက ခရစ်ယာန်တစ်ဦးသည် ယင်းကိုကြည့်ခြင်းမှ ရှောင်ကြဉ်အပ်၏။ သို့ရာတွင် တေးဂီတဗီဒီယိုအားလုံးသည် ဗြောင်ကျကျအကျင့်ယိုယွင်းနေသည် မဟုတ်ပါ။ အချို့သည် အတော်အသင့်ပင် ကောင်းပေမည်။ အခြားသီချင်းများသည် ဗြောင်ကျကျဆိုးယုတ်မှုများနှင့် ကင်းလွတ်နေပုံရပေမည်။ သို့တိုင် ထိုသို့သောဗီဒီယိုများက ဘုရားသခင့်စကားတော်နှင့် ဆန့်ကျင်သည့် ကောက်ကျစ်သောသတင်းစကားများကို ကောင်းစွာဖော်ပြပေမည်။

တေးဂီတဗီဒီယိုကိုကြည့်နိုင်သည်ဟု သင့်မိဘနှစ်ပါးက သဘောတူပါက သင်သည် စိစစ်ရွေးချယ်ရန်လိုမည်ဖြစ်ကာ ကျမ်းစာဖြင့်လေ့ကျင့်ထားသော “ပိုင်းခြား၍သိနိုင်သောဉာဏ်” ကိုသုံးခြင်းဖြင့် အဘယ်အရာသည် ကြည့်ရန်သင့်တော်မတော်ဟူသည်ကို သင်ခွဲခြားနိုင်မည်ဖြစ်သည်။ (ဟေဗြဲ ၅:၁၄) ယင်းနှင့်စပ်လျဉ်း၍ အဘယ်ကျမ်းစာမူများက သင့်အား ထောက်ကူနိုင်သနည်း။ အောက်ပါတို့သည် သင့်အား အထောက်အကူပြုမည့် အချို့သောကျမ်းချက်များနှင့် မှတ်ချက်များဖြစ်သည်။

သု. ၄:၂၃“နှလုံးသည် အသက်၏အခြေအမြစ်ဖြစ်သောကြောင့် သင်၏နှလုံးကို အထူးသဖြင့်စောင့်ရှောက်လော့။” သင်အလွန်တန်ဖိုးထားသည့် အားကစားပစ္စည်း သို့မဟုတ် ဂီတတူရိယာတစ်မျိုးမျိုးကို သင်ပိုင်ဆိုင်သလော။ ၎င်းကို ကောင်းမွန်သောအခြေအနေတွင်နှင့် လုံခြုံသောနေရာတွင် သိမ်းထားရန် သင်ဂရုပြုမည်မှာ မလွဲပေ။ ယင်းကို စောင့်ကြည့်မည့်သူမရှိသော လမ်းပေါ်တွင် ခဏမျှပင် သင်ချထားမည်မဟုတ်ချေ၊ အကြောင်းမှာ ပျက်စီးသွားမည် သို့မဟုတ် အခိုးခံရမည်ကို စိုးရိမ်သောကြောင့်ဖြစ်သည်။ မှန်ပါသည်၊ ယင်းကို သင်စောင့်ရှောက်၏။ အလားတူ သင်၏နှလုံးကို စောင့်ရှောက်ဖို့ စိတ်ပိုင်းဖြတ်ရမည်၊ အကျိုးမပြုသော ဖျော်ဖြေမှုကိုဖွင့်ထားခြင်းဖြင့် ယင်းကို အန္တရာယ်အခြေအနေတွင် ခဏမျှပင် မထားပါနှင့်။

ဧဖက် ၂:၁၊ ၂‘သင်တို့သည် အထက်က လောကတရားသို့လိုက်၍ အာကာသကောင်းကင်၏တန်ခိုးကို အစိုးရသောမင်းတည်းဟူသော ငြင်းဆန်သောသူတို့၌ပြုပြင်သော ဝိညာဉ်၏အလိုနှင့်အညီ၊ မကောင်းမှုအပြစ်တို့၌ကျင်လည်ကြ၍ ထို မကောင်းမှုအပြစ်၌ သေလျက်ရှိနေသောသင်တို့ကိုပင် ဘုရားသခင်သည် အသက်ရှင်စေတော်မူပြီ။’ အာကာသဟူသည် ဘုရားသခင်ရေးရာမဆန်သော အပြုအမူများကိုဖြစ်ပေါ်စေသည့် အတွေးအခေါ်နှင့် သဘောထားများရှိသော လောကစိတ်ဓာတ်ဖြစ်၏။ ထိုစိတ်ဓာတ်သည် တေးဂီတဗီဒီယိုများစွာတွင် ထင်ဟပ်လျက်ရှိကာ ယင်းက ဝမ်းမြောက်ခြင်း၊ ငြိမ်သက်ခြင်းနှင့် ချုပ်တည်းခြင်းကဲ့သို့သော အရည်အသွေးများကို သီးပွင့်စေသည့် ဘုရားသခင့်ဝိညာဉ်နှင့် လုံးလုံးဆန့်ကျင်သည်။—ဂလာတိ ၅:၂၂၊ ၂၃

၂ တိမောသေ ၂:၂၂၊ သမ္မာ– “လူပျိုတို့၏တပ်မက်ခြင်းစိတ်များကို ကြဉ်ရှောင်လော့။” လိင်ဆိုင်ရာပြကွက်များကို—တဒင်္ဂမျှပင်ဖြစ်ပါစေ—ကြည့်ခြင်းက လိုအင်ပြင်းပြမှုကို ယပ်ခတ်ပေးမည်သာဖြစ်သည်။ ထိုသို့သောပြကွက်များကို မြင်ဖူးသည့် လူငယ်များစွာက မေ့ပစ်ဖို့ခက်ကြောင်း ဝန်ခံကြသည်; သူတို့စိတ်တွင် ထပ်တလဲလဲပြန်ပေါ်လာသည့်အထိပင် ဖြစ်နိုင်သည်။ မတော်လျော်သော ဗီဒီယိုကိုကြည့်ခဲ့သူ ဒီဗ်အမည်ရှိ လူငယ်တစ်ဦး ဤသို့ဝန်ခံသည်– “နောက်ပိုင်းမှာ၊ အဲဒီသီချင်းကိုကြားတိုင်း ကျွန်တော်ဟာ အဲဒီဗီဒီယိုကိုပဲ သတိရတယ်။” ထိုသို့သော ဗီဒီယိုခွေများကို ကြည့်ခြင်းက အကျင့်ပျက်လိင်ဆက်ဆံလိုသောဆန္ဒကို ပျိုးထောင်ပေးရာရောက်နိုင်သည်။—၁ ကောရိန္သု ၆:၁၈; ကောလောသဲ ၃:၅

သု. ၁၃:၂၀“လူမိုက်တို့နှင့်ပေါင်းဖော်သောသူမူကား ပျက်စီးတတ်၏။” သင့်ကိုယ်သင် ဤသို့မေးပါ– ‘အကြမ်းဖက်သမားတွေ၊ နတ်ဝိဇ္ဇာအတတ်လိုက်စားသူတွေ၊ အရက်သမားတွေ ဒါမှမဟုတ် အကျင့်ယိုယွင်းသူတွေကို ငါ့အိမ်ထဲ ဖိတ်ခေါ်နေသလား။’ ရုပ်မြင်သံကြားမှတစ်ဆင့် ထိုသို့သောသူများနှင့်ပေါင်းဖော်ခြင်းသည် သူတို့ကို သင့်အိမ်သို့ဖိတ်ခေါ်သည်နှင့် မခြားပေ။ ထိုသို့ပြုခြင်းက သင့်အား “ပျက်စီး” စေနိုင်ပါသလော။ ကင်မ်ဘာလီက ဤသို့သတိပြုမိသည်– “မိတ်ဆုံပွဲတစ်ခုမှာဆုံကြတဲ့အခါ မိန်းကလေးတွေဟာ မကြာသေးခင်က သူတို့ကြည့်ခဲ့တဲ့ ဗီဒီယိုထဲက အဝတ်အစား ဒါမှမဟုတ် မတော်လျော်တဲ့ကကွက်တွေကို တုပလေ့ရှိကြတာ ကျွန်မတွေ့မိတယ်။” အလားတူ အခြေအနေတစ်ခုခုကို သင်တွေ့ဖူးပေမည်။ ဘုရားသခင်ရေးရာစံနှုန်းများကို လေးစားမှုမရှိသူများအား တုပခြင်းဖြင့် ထိုလူငယ်များသည် “ပျက်စီး” စပြုနေပြီဖြစ်ကြောင်း ပြသသည်။ ထို့ကြောင့် ‘မကောင်းသောအပေါင်းအသင်းများ’ ၏မည်သည့်ပုံစံကိုမဆို ရှောင်ပါလေ။—၁ ကောရိန္သု ၁၅:၃၃

ဆာလံ ၁၁၁:၅ သမ္မာ– “ထာဝရဘုရား[သခင်]သည် ဖြောင့်မတ်သောသူကို စစ်ဆေးတော်မူ၍ ဆိုးသောသူနှင့် ကြမ်းကြုတ်ခြင်းနှစ်သက်သောသူကို မုန်းတော်မူ၏။” မိုက်မဲသော၊ ယုတ်ညံ့သောအကြမ်းဖက်မှုကို အားပေးအားမြှောက်ပြုသည့် ဗီဒီယိုများကိုကြည့်ပါက အနည်းဆုံး ကျွန်ုပ်တို့သည် ‘အကြမ်းဖက်မှုကို ချစ်သောသူများ’ ဟု ယူမှတ်ခံရနိုင်စရာရှိမည်လော။

စိစစ်ရွေးချယ်ခြင်းဆိုင်ရာ စိန်ခေါ်ချက်

‘တစ်လောကလုံးသည် စာတန်၏လက်၌ရှိ’သောကြောင့်လောက၏အတွေးအခေါ်၊သဘောထားများနှင့် စွန်းထင်းမှုမရှိသော ဖျော်ဖြေမှုကိုရှာတွေ့ရန်မှာ ပို၍ခက်ခဲလာသည်။ (၁ ယောဟန် ၅:၁၉သမ္မာ) တချို့သော တေးဂီတဗီဒီယိုလိုင်းများသည် မနှစ်မြို့ဖွယ်အကြောင်းအရာများစွာကို တင်ဆက်ပြသလျက်ရှိပေမည်။ အစီအစဉ်သည် အကျင့်ယိုယွင်းမှု သို့မဟုတ် အကြမ်းဖက်မှုကို ဗြောင်ကျကျ မတင်ဆက်သည့်တိုင် မကြာခဏဆိုသလို ဤလောက၏စိတ်ဓာတ်ကိုမူ အားပေးအားမြှောက်ပြုဆဲဖြစ်သည်။ ကျော်ကြားသော တေးဂီတဗီဒီယိုလိုင်းတစ်ခုသည် “ဂီတလိုင်းမှ ‘ဘဝပုံစံလိုင်း’ သို့ပြောင်းလဲသွားပြီ” ဟု ကြေးစားဂီတပညာရှင်တစ်ဦးက ပြောဆိုခဲ့သည်။

ဖြေရှင်းနည်းမှာ ရိုးရိုးလေးဖြစ်ပုံရသည်– ဗီဒီယိုအစီအစဉ်သည် မနှစ်မြို့ဖွယ်ဖြစ်ပါက လိုင်းပြောင်းလိုက်ရန်ဖြစ်သည်။ ပြဿနာမှာ အခြားသောရုပ်မြင်သံကြားလိုင်းများကို ကြည့်သောအခါလည်း ထိုအတိုင်း ဝီရိယရှိဖို့လိုခြင်းဖြစ်သည်။ တင်ဆက်လျက်ရှိသော အစီအစဉ်များစွာသည် အကြမ်းဖက်မှု သို့မဟုတ် ညစ်ညမ်းမှုကို ပီပီပြင်ပြင်ဖော်ပြသည်၊ သို့မဟုတ် အကျင့်အကြံပိုင်းတွင် နာမည်ပျက်ရှိသော လူများကို ပြသလျက်ရှိသည်။ ဝန်ခံရမည်မှာ လိုင်းပြောင်းဖို့အသင့်အနေအထားအမြဲရှိနေရင်း ဖျော်ဖြေမှုအချို့ကိုကြည့်ရန်ကြိုးစားခြင်းသည် စိတ်အနှောင့်အယှက်ဖြစ်စေနိုင်သည်—မချင့်မရဲပင် ဖြစ်စေပေမည်။ တစ်ခါတစ်ရံ လိုင်းပြောင်းလိုက်ချိန်တွင် ထိခိုက်မှုဖြစ်သွားပြီးဖြစ်သည်။ အကျင့်ယိုယွင်းသောရုပ်ပုံများသည် စိတ်တွင်ခတ်နှိပ်ပြီးဖြစ်သည်။ သို့သော်လည်း သင့်နှလုံးကိုစောင့်ရှောက်ဖို့ စိတ်ရင်းမှန်ဖြင့်သင်ပြုသော အဘယ်အားထုတ်မှုကိုမဆို ယေဟောဝါဘုရားသခင် ကောင်းချီးပေးမည်ကို စိတ်ချနိုင်ပါသည်။—၂ ဓမ္မရာဇဝင် ၂၂:၂၁

အသုံးဝင်ကြောင်းတွေ့ရသည့် အခြားလက်တွေ့ကျခြေလှမ်းများရှိသည်။ အစောပိုင်းကဖော်ပြခဲ့သူ ကာဇီသည် အထောက်အကူပြုကြောင်း သူတွေ့ရှိခဲ့ရာကို ဤသို့ရှင်းပြသည်– “အဖွဲ့ရဲ့နာမည်နဲ့ သီချင်းခေါင်းစဉ်ကို ဗီဒီယိုအစီအစဉ်ရဲ့အစပိုင်းမှာ ပြလေ့ရှိတယ်။ တီးဝိုင်းအဖွဲ့မှာ ဂုဏ်သတင်းကိုယ်စီရှိတယ်၊ ဒါကြောင့် ဘယ်အဖွဲ့၊ ဘယ်သီချင်းဟာ ထိခိုက်စေနိုင်တယ်ဆိုတာ သင်အမြဲလိုလိုသိနိုင်ပါတယ်။ သံသယဖြစ်စရာအဖွဲ့ရဲ့နာမည် ဒါမှမဟုတ် သီချင်းဖော်ပြရာကို ကျွန်တော်မြင်တာနဲ့ လိုင်းပြောင်းပစ်လိုက်တယ်။စတာနဲ့ ချက်ချင်းပြောင်းလိုက်တာပဲ။”

‘မှန်သောစကားကို စိတ်နှလုံးပါလျက်ပြောခြင်း’

သင်သည် ကျမ်းစာမူများနှင့်စပ်လျဉ်းသည့် အသိပညာဖြင့် တန်ဆာဆင်ခံရသူဖြစ်သည့်တိုင် တိုက်ခိုက်မှုကို သည်းခံစပြုနေနိုင်သည်။ မည်သို့အားဖြင့်နည်း။ အကြောင်းပြရန် သင့်ကိုယ်သင် ခွင့်ပြုခြင်းဖြင့်ဖြစ်သည်။ (ယာကုပ် ၁:၂၂) သမ္မာကျမ်းစာက ယေဟောဝါ၏မိတ်ဆွေသည် ‘မှန်သောစကားကို စိတ်နှလုံးပါလျက်ပြော’ သောသူဖြစ်သည်ဟုဆို၏။ (ဆာလံ ၁၅:၂) သို့ဖြစ်၍ သင်ကိုယ်တိုင် ရိုးသားမှုရှိပါလေ။ ကိုယ့်ကိုယ်ကိုလှည့်စားခြင်းကို ရှောင်ပါ။ သင်ကြည့်နေသည့် သံသယဖြစ်ဖွယ်ရှိသောအရာတစ်ခုခုနှင့်ပတ်သက်၍ သင့်ကိုယ်သင် ကာကွယ်ပြောဆိုနေပါက ‘ငါကြည့်နေတဲ့အရာကို ယေဟောဝါတကယ်လက်ခံနိုင်မလား’ ဟုသင့်ကိုယ်ကိုမေးပါ။ မကြာခဏကြုံရသော စိန်ခေါ်ချက်မှာ အမှား၊ အမှန်ကို ခွဲခြားသိရုံမျှသာမဟုတ်ဘဲ မှန်ရာကို ပြုလုပ်မည်ဟု စိတ်ပိုင်းဖြတ်ခြင်းဖြစ်ကြောင်း သတိရပါ! ယေဟောဝါနှင့် သင်၏ဆက်ဆံရေးသည် ဖျော်ဖြေမှုပုံစံတစ်မျိုးမျိုးထက် ပို၍အဖိုးထိုက်သည်ဟု ရှုမြင်ရမည်။—၂ ကောရိန္သု ၆:၁၇၊ ၁၈

သာ၍စိစစ်ရွေးချယ်မှုပြုရန် စိတ်မပါ့တပါ၊ ယေဘုယျဆုံးဖြတ်ချက်ချရုံနှင့် မလုံလောက်ပါ။ ဆုံးဖြတ်ချက်မခိုင်မြဲပါက အလျင်အမြန် ပျက်ပြယ်သွားနိုင်သည်။ သမ္မာကျမ်းစာက ဘုရားသခင်၏လူ ယောဘသည် သူ့ဇနီးအပေါ် ဆက်တည်ကြည်ရန် ဆုံးဖြတ်ချက်ချပုံကို ဖော်ပြထားသည်။ သူဤသို့ဆို၏– “ငါသည် အပျိုကိုမျှမကြည့်ရှုမည်အကြောင်း ကိုယ်မျက်စိနှင့် ပဋိညာဉ်ဝန်ခံခြင်းကိုပြုပြီ။” (ယောဘ ၃၁:၁) ထိုအချက်ကို မြင်ယောင်ကြည့်ပါ! ယောဘသည် သူ၏မျက်လုံးများ အဘယ်အရာကြည့်ရန် ခွင့်ပြုမည်ကို ကန့်သတ်ထားဖို့ မိမိကိုယ်တိုင်နှင့် ပဋိညာဉ်ပြု သို့မဟုတ် လေးလေးနက်နက်စာချုပ် ချုပ်ဆိုခဲ့သည်။ တစ်နည်းအားဖြင့် သင်လည်း ထပ်တူပြုလုပ်နိုင်ပါသည်။ ခိုင်မာသောသန္နိဋ္ဌာန်ချပါ—မကောင်းသောအရာများကိုမကြည့်ပါဟု သင့်ကိုယ်သင် လေးလေးနက်နက်ကတိပြုပါ။ သတ်သတ်မှတ်မှတ်ဖြစ်သော ကန့်သတ်ချက်များထားပါ။ အကြောင်းအရာနှင့်စပ်လျဉ်း၍ ဆုတောင်းပါ။ ထို့နောက် သင့်သဘောတူညီချက်အပေါ် တည်ကြည်မှုရှိပါ၊ အကူအညီဖြစ်မည်ဆိုလျှင် စာဖြင့်ချရေးပါ။ အထူးထောက်မကူညီမှုလိုအပ်ပါက သင်ယုံကြည်စိတ်ချသော အသက်ကြီးသူတစ်ဦးဦးနှင့် ဆွေးနွေးပါလေ—ဥပမာ သင့်မိဘများဖြစ်သည်။

အန္တရာယ်များကိုထောက်ရှု၍ ခရစ်ယာန်လူငယ်တချို့သည် တေးဂီတဗီဒီယိုကို လုံးဝမကြည့်တော့ဟု ဆုံးဖြတ်ခဲ့ကြသည်။ ဤကိစ္စနှင့်ပတ်သက်၍ သင့်ဆုံးဖြတ်ချက်သည် မည်သို့ပင်ဖြစ်ပါစေ သင်၏ပိုင်းခြားသိမြင်နိုင်စွမ်းကို သုံးပါလေ။ စင်ကြယ်သောကိုယ်ကိုကိုယ်သိသောစိတ်ကို ထိန်းသိမ်းပါ။ အကျိုးပြု၍ လန်းဆန်းမှုဖြစ်စေသည့် ဖျော်ဖြေမှုများကိုသာ ကြည့်ခြင်းဖြင့် သင့်ကိုယ်သင်ထိခိုက်စေခြင်းမှ ရှောင်ရှားနိုင်ကာ ယေဟောဝါနှင့်မိတ်ဆွေဖြစ်ခြင်းကိုလည်း ထိန်းထားနိုင်မည်ဖြစ်သည်။

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 4 ၂၀၀၃၊ ဖေဖော်ဝါရီ ၂၂ ရက်ထုတ် [လိပ်] တွင်ပါသည့် “လူငယ်များအမေး . . . တေးဂီတဗီဒီယိုများကို ကျွန်ုပ်ကြည့်သင့်သလော” ဆောင်းပါးကိုရှု။

[စာမျက်နှာ ၂၀ ပါ ရုပ်ပုံ]

အချို့ဗီဒီယိုများသည် ဗြောင်ကျကျ အကျင့်ယိုယွင်းမှုမရှိသည့်တိုင် ဘေးသင့်စေသည့် အယူအဆများကို အားပေးအားမြှောက်ပြု

[စာမျက်နှာ ၂၁ ပါ ရုပ်ပုံ]

ဘုရားသခင်မနှစ်သက်သည့် အရာများကို မကြည့်ပါဟု စိတ်ပိုင်းဖြတ်ထားပါ