မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ခေတ်သစ် ရှမာရိ လူကောင်းတစ်ဦး

ခေတ်သစ် ရှမာရိ လူကောင်းတစ်ဦး

ခေတ်​သစ် ရှမာရိ လူကောင်း​တစ်ဦး

မက္ကဆီကို​နိုင်ငံ​မှ နိုးလော့! စာရေးသူ ပေး​ပို့​သည်

ရှမာရိ​လူကောင်း​ဟု ခေါ်​လေ့​ရှိသည့် လူသားချင်း​မေတ္တာ​ရှိသူ​တစ်ဦး​အကြောင်း ကျမ်းစာ​ပုံပြင်​ကို ကျွန်ုပ်​တို့​အများစု ကြားဖူး​ကြသည်။ (လုကာ ၁၀:၂၉-၃၇) ဤ​ပုံ​ပ​မာ​တွင် အကူအညီ​လို​နေ​သူ လူသားချင်း​အပေါ်​ပြသ​ခဲ့​သော ရှမာရိ​အမျိုးသား​တစ်ဦး၏ ထူးကဲ​သည့်​မေတ္တာကို ယေရှု​ခရစ် ဖော်ပြ​ခဲ့​၏။ ယနေ့​ကော ထို​ရှမာရိ​လူကောင်း​နှင့်​တူ​သည့် ပုဂ္ဂိုလ်​များ​ရှိသလော။ မက္ကဆီကို​နိုင်ငံ​မှ အောက်ပါ​အဖြစ်အပျက်​ကို သုံးသပ်ကြည့်​ပါ။

ဘေ​တူ​အဲလ်​တို့​မိသားစု​သည် ခရီး​သွား​ရာ​မှ​အပြန်၊ အိမ်​နှင့် မိုင်​အနည်းငယ်​ဝေး​သော လမ်းမ​ပေါ်​တွင် ယာဉ်တိုက်မှု​ကြီး​တစ်ခု​ဖြစ်သည်​ကို တွေ့​လိုက်ရ​သည့်​အတွက် အကူအညီ​ပေး​ရန် သူတို့​ရပ်တန့်​လိုက်​သည်။ မတော်တဆမှု​တွင်​ပါဝင်​သည့် ဆရာဝန်​ဖြစ်သူ ယာဉ်မောင်း​တစ်ဦး​က သူ၏​ကိုယ်ဝန်ဆောင်​ဇနီး​နှင့် သမီး​ငယ်​နှစ်ဦး​ကို အနီးဆုံး​ဆေးရုံ​သို့ ပို့ပေး​ရန် တောင်းဆို​ခဲ့​သည်။ ဆေးရုံ​သို့ ပို့ပေး​ပြီး​နောက်၊ နောက်ထပ်​အကူအညီ​ပေး​ရန် ယာဉ်တိုက်မှု​ဖြစ်​ရာ​သို့ ဘေ​တူ​အဲလ် ပြန်လာ​ခဲ့​သည်။

ဘေ​တူ​အဲလ်​က ဤသို့​ပြန်​ပြောပြ​၏– “ဖယ်ဒရယ်​လမ်းမကြီး ကင်း​လှည့်​အဖွဲ့​ရောက်လာ​ပြီး လူသေ​မှု​ဖြစ်​ခဲ့​တဲ့​အတွက် စစ်ဆေး​မေးမြန်း​ဖို့ ဆရာဝန်​ကို ထိန်းသိမ်း​ထား​လိုက်ကြတယ်။ ဆရာဝန်​က ဘာကြောင့် သူ့ကို​ကူညီ​ရသလဲ​လို့ မေးတော့ ကျွန်တော်​တို့​ဟာ ယေဟောဝါသက်သေ​တွေ​ဖြစ်​တဲ့​အကြောင်း၊ ကိုယ်​နဲ့​စပ်ဆိုင်​သူတွေကို ချစ်​သင့်တယ်​ဆိုတာ ကျမ်းစာ​ကနေ သိရှိ​ထား​တဲ့​အကြောင်း ရှင်းပြခဲ့တယ်။ သူ့​ဇနီး​နဲ့ ကလေး​တွေ​အတွက် မစိုးရိမ်​ဖို့၊ ကျွန်တော်​တို့ တာဝန်​ယူ​ကြည့်ရှု​ပေး​မယ်​လို့ ပြောပြ​တော့ ကျေးဇူး​တင်​လွန်းလို့ မျက်ရည်ကျ​လာပြီး သူ့ရဲ့​အဖိုးတန်​ပစ္စည်း​တွေ​ကို သိမ်းထား​ပေးဖို့ အပ်​ခဲ့တယ်။”

ဘေ​တူ​အဲလ်​တို့​မိသားစု​သည် ဆရာဝန်​၏​မိသားစုကို အိမ်​သို့​ခေါ်လာ​ပြီး ရက်​အတန်ကြာ တာဝန်​ယူ​ကြည့်ရှု​ပေး​ခဲ့​သည်။ ဘေ​တူ​အဲလ်​သည် သူတို့နှင့် ကျမ်းစာ​သင်အံမှု​စတင်​ရန် အခွင့်အရေး​ရခဲ့​သည်။ ဆရာဝန်​သည် အချုပ်ခံ​ရာ​မှ ပြန်​လွတ်​လာ​သည့်​အခါ ယေဟောဝါသက်သေ​များ​အား ကျေးဇူး​တင်​လေးစားကြောင်း ပြော​ခဲ့​၏။ သူ၏​ဇာတိ​မြို့​သို့ ပြန်ရောက်​လျှင် ကျမ်းစာ​ဆက်​လေ့လာ​မည်​ဟု ကတိပေး​ပြီး ဇနီး​ဖြစ်သူ သား​ယောက်ျားလေး​မွေး​ခဲ့​လျှင် ဘေ​တူ​အဲလ်​ဟု နာမည်​ပေး​မည်​ဖြစ်​ကြောင်း ပြော​ခဲ့​သည်။ ဘေ​တူ​အဲလ် ဤသို့​ဆက်​ပြော​၏– “နှစ်နှစ်​ကြာပြီး အခု​အချိန်​မှာ သူတို့ဆီ သွားရောက်​လည်ပတ်​ဖို့ အခွင့်အရေး​ရခဲ့တယ်။ သူတို့ ကျမ်းစာ​လေ့လာ​နေကြ​ပြီး သူတို့ရဲ့​သားလေး​ကို ဘေ​တူ​အဲလ်​လို့ နာမည်​ပေး​ထား​တော့ ကျွန်တော်​အံ့သြ​သွားတယ်!”

[စာမျက်နှာ ၁၂ ပါ ရုပ်ပုံ]

ဘေ​တူ​အဲလ်