မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ကျွန်ုပ်တို့၏စာရှုသူများထံမှ

ကျွန်ုပ်တို့၏စာရှုသူများထံမှ

ကျွန်ုပ်တို့၏စာရှုသူများထံမှ

အခက်ကြုံနေသော ဆယ်ကျော်သက်များကို ကူညီပေးခြင်း (စက်တင်ဘာ ၈၊ ၂၀၀၅) ဒီအခန်းဆက်ဆောင်းပါးက တကယ်သိအပ်တဲ့အကြောင်းအရာဖြစ်ပါတယ်။ ဆယ်ကျော်သက်ဖြစ်ရတာ တစ်ခါတလေ မလွယ်ဘူး။ ဒါပေမဲ့ ဒီလိုမျိုး အားရှိစရာဆောင်းပါးတွေက ဖိစီးမှုကို လျော့နည်းစေတယ်။ ဒီဆောင်းပါးက “ခဲယဉ်းသောကာလ” မှာကျွန်မတို့ကို အားပေးဖို့ လိုအပ်နေတဲ့အချက်နဲ့ အံကိုက်ပဲ။ (၂ တိမောသေ ၃:⁠၁) ဒီဆောင်းပါးတွေမှာပါတဲ့ သတိပေးချက်တွေက ‘စာတန်၏ပရိယာယ်’ ထဲမသွားရောက်ဖို့ ဟန့်တားပေးလိမ့်မယ်။ (ဧဖက် ၆:၁၁) အချိန်တန်ဝိညာဉ်အစာအတွက် ကျေးဇူးတင်ပါတယ်။

ကေ. အက်စ်.၊ အမေရိကန်ပြည်ထောင်စု

သန့်ရှင်းသောနေအိမ်—⁠ကျွန်ုပ်တို့အားလုံး လုပ်ဆောင်ရမည့်ကဏ္ဍ (နိုဝင်ဘာ ၈၊ ၂၀၀၅) ကျွန်မကြီးလာတဲ့အချိန်မှာ မိဘနှစ်ပါးစလုံးက အလုပ်လုပ်ကြပြီး ကျွန်မတို့ကလေးသုံးယောက်က အိမ်မှာ အမြဲကစားခဲ့ကြတယ်။ အိမ်က ညစ်ပတ်ရှုပ်ပွပြီး တော်တော်အခြေအနေဆိုးတယ်။ ဒီနေ့အထိ ကျွန်မ သန့်ရှင်းရေးမလုပ်ချင်ဘူး။ ဒါပေမဲ့ ဒီဆောင်းပါး ဖတ်ပြီးတဲ့နောက် သန့်ရှင်းရေးဘယ်လိုလုပ်ရမလဲဆိုတာ ကျွန်မကို အမေက ကြင်ကြင်နာနာနဲ့ သင်ပေးနေသလိုပဲ။ အခု ကျွန်မမှာ အရွယ်ရောက်သားသမီးတွေရှိနေပြီ။ သူတို့လည်း သန့်ရှင်းရေးမလုပ်ချင်ကြဘူး။ သူတို့ကို သင်ပေးစရာ အများကြီးရှိနေပြီ။ ဒီဆောင်းပါးက ကျွန်မကို ထောက်မကူညီပေးခဲ့တယ်။

ဝိုင်. အီး.၊ ဂျပန်

မိသားစုပြန်လည်သုံးသပ်ခြင်း (မေ ၈၊ ၂၀၀၅ [လိပ်]) ဒီဆောင်းပါးကို ဖတ်ပြီးတဲ့အခါ ကျွန်မမျက်ရည်ကျလာတယ်။ သမီးကိုပါ ပြတဲ့အခါ ဒဏ်ရာရထားတဲ့ စာငှက်ကလေးအကြောင်း ရေးထားတဲ့ဆောင်းပါးကို ဖတ်ပြီးသွားလို့ “မိသားစုပြန်လည်သုံးသပ်ခြင်း” မှာပါတဲ့ မေးခွန်းတွေကို ဖြေပြီးပြီလို့ သမီးကပြောတယ်။

အယ်လ်. အက်စ်.၊ အမေရိကန်ပြည်ထောင်စု

စာကြည့်တိုက်များ—⁠အသိပညာအတွက် တံခါးပေါက်များ (မေ ၂၂၊ ၂၀၀၅ [လိပ်]) စာမျက်နှာ ၁၈ မှာပါတဲ့ရုပ်ပုံကို အာရှုရိရှင်ဘုရင် အာရှုဗာနိပါလ်ဆိုပြီး ဖော်ပြထားတာ မှားနေတယ်လို့ ထောက်ပြလိုပါတယ်။ တကယ်ဆိုရင် အာရှုရိရှင်ဘုရင် အီစာ-ဟက်ဒန်ရဲ့ရုပ်ပုံဖြစ်နေတယ်။

အေ. ဒဗလျူ.၊ ဂျာမနီ

“နိုးလော့!” ပြန်ကြားချက်– အဲ့ဒီအချက်ကို ထောက်ပြပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ကျမ်းစာအကိုးအကားစာအုပ် “သမ္မာကျမ်းစာအပေါ် ထိုးထွင်းအမြင်” အတွဲ ၁၊ စာမျက်နှာ ၇၅၇ မှာဖော်ပြထားချက်အရ အီစာ-ဟက်ဒန်က အာရှုရိရှင်ဘုရင်သနာခရိပ်ရဲ့ သားငယ်ဖြစ်ပြီး ထီးနန်းဆက်ခံသူဖြစ်တယ်။ *

အံ့ဖွယ်မာယာပြက္ခဒိန် (ဧပြီ ၈၊ ၂၀၀၅ [လိပ်]) ဒီဆောင်းပါးကြောင့် ကျွန်တော် အင်တာနက်ပေါ်မှာ သုတေသနပြုခဲ့တယ်။ မာယာပြက္ခဒိန်နဲ့ နက္ခတ်ဗေဒင်က အတော်လေးဆက်စပ်မှုရှိတာ တွေ့ရတယ်။ ဒီလိုမျိုးဆောင်းပါးတွေက စာဖတ်သူတွေကို နက္ခတ်ဗေဒင်နဲ့ နတ်ဝိဇ္ဇာအတတ် လိုက်စားချင်လာအောင် စေ့ဆော်ပေးနိုင်တယ်လို့ ကျွန်တော်ထင်တယ်။

ဂျေ. ကေ.၊ ပိုလန်

“နိုးလော့!” ပြန်ကြားချက်– “နိုးလော့!” စာမျက်နှာ ၄ မှာဖော်ပြထားချက်အရ ဒီဂျာနယ်က “သတင်းများဖော်ပြသည်၊ ဒေသများစွာမှ လူတို့အကြောင်း သိရှိစေသည်၊ ဝတ်ပြုရေးနှင့် သိပ္ပံပညာအကြောင်း ဆန်းစစ်တင်ပြသည်။” အဲ့ဒီနယ်ပယ်တွေမှာ ဖြစ်ပျက်မှုမှန်သမျှကို ကျွန်ုပ်တို့ ထောက်ခံအတည်ပြုပေးနေတယ်လို့ ဆိုလိုနေတာမဟုတ်ပါဘူး။ အသင် ရည်ညွှန်းထားတဲ့ ဆောင်းပါးတိုမှာ အံ့ဖွယ်ကောင်းလောက်အောင် တိကျမှန်ကန်တဲ့ ပြက္ခဒိန်ကိုထုတ်နိုင်တဲ့အထိ အချိန်တွက်ချက်မှု ကျွမ်းကျင်ပိုင်နိုင်တဲ့ ရှေးခေတ်မာယာလူမျိုးအကြောင်းကို ကျွန်ုပ်တို့ ဖော်ပြထားခြင်းဖြစ်တယ်။ ဒီပြက္ခဒိန်ကို နတ်ဝိဇ္ဇာအတတ်မှာ အသုံးပြုတယ်ဆိုပြီး ဆောင်းပါးမှာ ဖော်ပြခဲ့တဲ့အချက်ကြောင့် ကျွန်ုပ်တို့ရဲ့စာဖတ်ပရိသတ်ဟာ နက္ခတ်ဗေဒင်အတတ်ကို စိတ်ဝင်စားလာတာမျိုး မဖြစ်သင့်ဘူး။

ကျွန်ုပ်တို့စာပေတွေမှာပါလာတဲ့ ဖော်ပြချက်နဲ့ပတ်သက်ပြီး အလားတူမေးခွန်းတွေကို တစ်ခါတလေ ရရှိပါတယ်။ ပုံတွေ၊ ဝတ်ပြုရေးအထိမ်းအမှတ်တွေ၊ နတ်ဝိဇ္ဇာအတတ်ပညာတွေနဲ့ပတ်သက်တဲ့ ဖော်ပြချက်တွေကို စပ်စုပြီးလိုက်စားဖို့မဟုတ်ဘဲ အဲ့ဒါတွေနဲ့ပတ်သက်တဲ့ ဘယ်အရာကိုမဆို ဖယ်ရှားပစ်ပြီး မပတ်သက်ဖို့ စာဖတ်ပရိသတ်ကို သတိပေးခြင်းဖြစ်တယ်။ ကျွန်ုပ်တို့ရဲ့ဆောင်းပါးတွေနဲ့ ဖော်ပြချက်တွေက အကျိုးသက်ရောက်မှုရှိတယ်လို့ ကျွန်ုပ်တို့ရရှိတဲ့ မှတ်ချက်အတော်များများက ဖော်ပြပါတယ်။

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 10 ယေဟောဝါသက်သေများက ထုတ်ဝေသည်။