မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သက်ရှိအတွက် သံသရာများ

သက်ရှိအတွက် သံသရာများ

သက်ရှိအတွက် သံသရာများ

အကယ်၍ မြို့တစ်မြို့သည် လေကောင်းလေသန့်နှင့် ရေပြတ်လပ်သွားပြီး မိလ္လာစနစ်များ ပိတ်ဆို့သွားမည်ဆိုပါက မကြာမီ ရောဂါနှင့်သေဆုံးမှုတို့ လိုက်ပါလာပေမည်။ သို့သော် ကျွန်ုပ်တို့ကမ္ဘာဂြိုဟ်သည် မိမိဘာသာပြန်လည်ပြုပြင်အသုံးပြုသောစနစ် (closed system) တစ်ခုဖြစ်၏၊ လေကောင်းလေသန့်နှင့်ရေတို့သည် အာကာသဟင်းလင်းပြင်မှ တင်သွင်းခြင်းမဟုတ်သကဲ့သို့ စွန့်ပစ်ပစ္စည်းများကိုလည်း အာကာသထဲသို့ မတင်ပို့ချေ။ သို့ဖြစ်၍ ကမ္ဘာ့ဇီဝထုသည် မည်သို့သင့်တင့်ကောင်းမွန်နေပြီး သက်ရှိများအတွက် သင့်လျော်သည့်နေထိုင်ရာ မည်သို့ဖြစ်သနည်း။ အဖြေမှာ ဤတွင် ရိုးရိုးရှင်းရှင်း ဖော်ပြထားသည့် သဘာဝသံသရာများဖြစ်သော ရေ၊ ကာဗွန်၊ အောက်ဆီဂျင်နှင့် နိုက်ထရိုဂျင်သံသရာများကြောင့်ဖြစ်၏။

ရေသံသရာတွင် အဆင့်သုံးဆင့်ပါဝင်၏။ ၁။ နေစွမ်းအင်သည် ရေကို အငွေ့ပြန်စေခြင်းဖြင့် လေထုထဲသို့ရောက်စေသည်။ ၂။ ထိုသန့်စင်ထားသောရေသည် ငွေ့ရည်ဖွဲ့ကာ တိမ်များဖြစ်လာသည်။ ၃။ တစ်ဖန် တိမ်များမှ မိုး၊ မိုးသီး၊ မိုးနှင်းများ ဖွဲ့စည်းဖြစ်ပေါ်ကာ မြေပေါ်သို့ကျရောက်သည်၊ ဤနည်းဖြင့် သံသရာကို အဆုံးသတ်၏။ ဤနည်းဖြင့် နှစ်စဉ် ရေမည်မျှကို ပြန်လည်အသုံးချခဲ့သနည်း။ ခန့်မှန်းချက်များအရ ကမ္ဘာမြေတစ်ပြင်လုံးကို သုံးပေကျော်အထိ ဖုံးလွှမ်းသွားနိုင်လောက်အောင် များပြားသည့်ရေကို အသုံးချခဲ့သည်။

← ◯

1

↓ ↑

→ →

ကာဗွန်နှင့် အောက်ဆီဂျင်သံသရာများတွင် အလင်းမှီစုဖွဲ့ခြင်းနှင့် အသက်ရှူခြင်းဟူသော အဓိကဖြစ်စဉ်နှစ်မျိုး ပါဝင်၏။ * အလင်းမှီစုဖွဲ့ခြင်းသည် နေရောင်၊ ကာဗွန်ဒိုင်အောက်ဆိုဒ်နှင့် ရေကိုအသုံးပြု၍ ကာဗိုဟိုက်ဒြိတ်နှင့် အောက်ဆီဂျင်ကို ထုတ်လုပ်ပေးသည်။ တိရစ္ဆာန်များနှင့် လူသားများ၏ အသက်ရှူခြင်းဖြစ်စဉ်သည် စွမ်းအင်၊ ကာဗွန်ဒိုင်အောက်ဆိုဒ်နှင့် ရေကို ထုတ်လုပ်ပေးရန် ကာဗိုဟိုက်ဒြိတ်နှင့် အောက်ဆီဂျင်ကို ပေါင်းစပ်ပေးသည်။ ထို့ကြောင့် သံသရာတစ်ခုမှ ထုတ်လုပ်ပေးသောအရာသည် အခြားသံသရာတစ်ခုက အသုံးပြုသောအရာဖြစ်ပြီး ယင်းတို့အားလုံး စင်ကြယ်စွာ၊ ကျွမ်းကျင်စွာ၊ တိတ်ဆိတ်စွာ ဖြစ်ပျက်သည်။

အောက်ဆီဂျင်

← ←

↓ ↑

↓ ↑

↓ ↑

→ →

ကာဗွန်ဒိုင် အောက်ဆိုဒ်

နိုက်ထရိုဂျင်သံသရာသည် အမီနိုအက်ဆစ်၊ ပရိုတင်းနှင့် အခြားအော်ဂဲနစ်မော်လီကျူးများအတွက် အလွန်အရေးပါ၏။ က။ လျှပ်စီးနှင့် ဘက်တီးရီးယားတို့သည် လေထုထဲရှိ နိုက်ထရိုဂျင်ကို အပင်များစုပ်ယူနိုင်သည့် နိုက်ထရိုဂျင်ဒြပ်ပေါင်း များအဖြစ် ပြောင်းလဲပေးသည့်အခါ ယင်းသံသရာ စတင်သည်။ ခ။ တစ်ဖန် အပင်များက ယင်းဒြပ်ပေါင်းများကို အော်ဂဲနစ်မော်လီကျူးများအဖြစ် ပေါင်းစပ် လိုက်သည်။ အပင်စားတိရစ္ဆာန်များလည်း နိုက်ထရိုဂျင်လိုအပ်သည်။ ဂ။ အပင်နှင့်တိရစ္ဆာန်တို့ သေဆုံးသောအခါ နောက်ဘက်တီးရီးယားအုပ်စုတစ်စုက နိုက်ထရိုဂျင် ဒြပ်ပေါင်းကို ဖြိုခွဲလိုက်ပြီး နိုက်ထရိုဂျင်ကို မြေဆီလွှာနှင့်လေထုထဲသို့ ပြန်လည်ထုတ်လွှတ်ပေးသည်။

← ← ← ← ← ← ← ← ← ←

↓ ↑

↓ လေထု၏ ၇၈% မှာ ↑

↓ နိုက်ထရိုဂျင်ဖြစ် ↑

↓ ↑

↓ ↓ အော်ဂဲနစ် ↑

က ↓ မော်လီကျူးများ ↑

↓ ဘက်တီးရီးယား ↓ ↑ ↓

→ နိုက်ထရိုဂျင် ဒြပ်ပေါင်းများ ဘက်တီးရီးယား →

→ → →

အလွန်ကောင်းမွန်သော ပြန်လည်အသုံးချမှု

ဤအချက်ကို သုံးသပ်ကြည့်ပါ– လူသားတို့သည် နည်းပညာရှိရှိသမျှဖြင့် ပြန်လည်အသုံးချ၍မရသည့် အဆိပ်အတောက်ဖြစ်စေသော စွန့်ပစ်ပစ္စည်း တန်ချိန်ပေါင်းများစွာကို နှစ်စဉ် ထုတ်လုပ်ကြသည်။ သို့သော် ကမ္ဘာသည် အကြံပိုင်သည့် ဓာတုအင်ဂျင်နီယာနည်းပညာကိုအသုံးပြု၍ စွန့်ပစ်ပစ္စည်းရှိရှိသမျှကို အလွန်ကောင်းမွန်စွာ ပြန်လည်အသုံးချသည်။ ယင်းသို့သောဝန်းကျင်ဆိုင်ရာ သဟဇာတဖြစ်မှုကို “အကြောင်းတရားဖြစ်စဉ်များက မုချဆိုရမလောက် ထပ်တူပြုလုပ်၍မရနိုင်ချေ” ဟုဘာသာတရားနှင့်သိပ္ပံ စာရေးဆရာ အမ်. အေ. ကိုရေးက ဆို၏။

‘အို ယေဟောဝါ၊ ကိုယ်တော်စီရင်ပြုပြင်တော်မူသောအရာတို့သည် အလွန်များပြားပါ၏။ ရှိရှိသမျှတို့ကို ဉာဏ်ပညာတော်အားဖြင့် ဖန်ဆင်းတော်မူ၏’ ဟုကျမ်းစာဆိုရာတွင် ချီးမွမ်းဂုဏ်တင်ခံထိုက်သောအရှင်ကို ချီးမွမ်းဂုဏ်တင်နေခြင်းဖြစ်သည်။ (ဆာလံ ၁၀၄:၂၄) ထိုဉာဏ်ပညာကို အထူးနည်းတစ်နည်းဖြင့် လူသားတို့အား ထင်ရှားပြသခဲ့သည်။

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 11 ဓာတုဒြပ်စင်အမျိုးမျိုး၏ သံသရာများသည် ပေါင်းစပ်ဖွဲ့စည်းပေမည် သို့မဟုတ် တစ်ပြိုင်နက်ဖြစ်ပေါ်ပေမည်။ ဥပမာ၊ အောက်ဆီဂျင်သည် ကာဗွန်ဒိုင်အောက်ဆိုဒ်၊ ကာဗိုဟိုက်ဒြိတ်နှင့် ရေတွင် ပါရှိ၏။ ထို့ကြောင့် အောက်ဆီဂျင်သည် ကာဗွန်နှင့် ရေသံသရာများတွင် ပါဝင်သည်။