မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

လူသားများအတွက် ထူးခြားသောပြင်ဆင်ပေးမှုတစ်ခု

လူသားများအတွက် ထူးခြားသောပြင်ဆင်ပေးမှုတစ်ခု

လူသားများအတွက် ထူးခြားသောပြင်ဆင်ပေးမှုတစ်ခု

လူသားများသည် လေ၊ အစာနှင့် ရေထက်မက ပို၍လိုအပ်သည်။ ကျွန်ုပ်တို့သည် ဘဝရည်ရွယ်ချက်နှင့် ကျွန်ုပ်တို့ အဘယ်ကြောင့် ဤနေရာတွင် ရောက်နေရကြောင်းကို သိရှိဖို့လိုအပ်သည်။ ထို့ကြောင့် ယေရှုခရစ်က “ဘုရားသခင်ကို မှီခိုရန်လိုကြောင်း သိမှတ်သူတို့သည် ပျော်ရွှင်ကြ၏” ဟုမိန့်ဆိုခဲ့သည်။—မဿဲ ၅:၃

ကမ္ဘာပေါ်တွင် အဖြန့်ဝေရဆုံးနှင့် မြင့်မြတ်သောစာအုပ်တစ်အုပ်ဖြစ်ပြီး ယခုအခါ တစ်အုပ်လုံးဖြစ်စေ၊ တစ်စိတ်တစ်ပိုင်းအနေနှင့်ဖြစ်စေ ဘာသာစကားပေါင်း ၂,၄၀၀ ခန့်ဖြင့် ရရှိနိုင်သည့် သမ္မာကျမ်းစာဖြင့် ယင်းလိုအပ်ချက်ကို ဘုရားသခင် ဖြည့်ဆည်းပေးခဲ့ပြီဖြစ်သည်။ (၂ တိမောသေ ၃:၁၆) သမ္မာကျမ်းစာသည် စကြဝဠာနှင့် ကမ္ဘာပေါ်မှသက်ရှိအားလုံးကို ဘုရားသခင် ဖန်ဆင်းခဲ့သည်ဟု ဖော်ပြ၏။ (ကမ္ဘာဦး အခန်းကြီး ၁ နှင့်) ဘုရားသခင်သည် မိမိ၏ဖန်ဆင်းခြင်းလုပ်ငန်းကို ပုံဆောင် ခြောက် “ရက်” သို့မဟုတ် အချိန်ကာလများအဖြစ် ပိုင်းခြားခဲ့သည်ဟုပင် သမ္မာကျမ်းစာကပြောပြ၏။ ယင်းသည် သိပ္ပံပညာရှင်များ သက်သေထူခဲ့သည့်အတိုင်း ကမ္ဘာကြီး တဖြည်းဖြည်းဖြစ်ပေါ်လာရာတွင် ပါဝင်ခဲ့သည့် အလွန်အရေးပါသော အချိန်ကာလများနှင့် ကိုက်ညီနေသည်။

ထို့ပြင် သမ္မာကျမ်းစာတွင် လူသားများအတွက် ဘုရားသခင့်ရည်ရွယ်ချက်ကို ဖော်ပြထား၏။ ယင်းရည်ရွယ်ချက်ကို ဆာလံ ၃၇:၂၉ တွင် ဤသို့ဖော်ပြထား၏– ‘ဖြောင့်မတ်သောသူတို့သည် မြေကြီးကိုအမွေခံ၍ အစဉ်အမြဲနေရကြလိမ့်မည်။’ သမ္မာကျမ်းစာ၏ ကိုယ်ကျင့်တရားစံနှုန်းများနှင့်အညီ အသက်ရှင်နေထိုင်သည့် ဖြောင့်မတ်သောသူတို့သည် ကောင်းကင်တွင်မဟုတ်ဘဲ မြေကြီးပေါ်တွင် အစဉ်အမြဲနေရကြမည်ကို သတိပြုပါ။ ကမ္ဘာမြေကြီးသည် ယနေ့ခေတ်ကဲ့သို့ ညစ်ညမ်းနေမည်မဟုတ်ချေ။ ယင်းအစား ကမ္ဘာချီ သာယာလှပသည့်နေရာဖြစ်သော ပရဒိသုတစ်ခု ဖြစ်လာမည်ဖြစ်သည်။—ဆာလံ ၁၀၄:၅; လုကာ ၂၃:၄၃

အသက်ရစေသည့် အသိပညာ

ကမ္ဘာမြေကြီးသည် သာယာလှပသည့်နေရာ ဖြစ်လာမည့်အပြင် လူသားတို့သည် ဘုရားသခင်နှင့်ငြိမ်းချမ်းသောဆက်ဆံရေး ရရှိလာကြမည်။ ဟေရှာယ ၁၁:၉ တွင်ဤသို့ဆိုထား၏– ‘ပင်လယ်ရေသည် မိမိနေရာကို လွှမ်းမိုးသကဲ့သို့ မြေကြီးသည် ယေဟောဝါအား သိကျွမ်းခြင်းပညာနှင့် ပြည့်စုံလိမ့်မည်။’ လူ့နှလုံးတွင် စွဲမှတ်ထင်ကျန်နေသည့် ယင်းအသိပညာသည် ယခုအချိန်၌ပင် စစ်မှန်သောခရစ်ယာန်များအား ငြိမ်သက်စည်းလုံးစွာ နေထိုင်ရန် လှုံ့ဆော်ပေးပါသည်။ ထို့ပြင် သူတို့သည် ယေရှု၏ ဤဆုတောင်းစကားများကို အလေးအနက်ထားကြသည်– “ထာဝရအသက်ရရန် မှန်သောဘုရားသခင် တစ်ဆူတည်းဖြစ်တော်မူသော ကိုယ်တော်နှင့် စေလွှတ်ခြင်းခံရသော ယေရှုခရစ်တို့နှင့်ဆိုင်သည့် အသိပညာကို သူတို့ဆည်းပူးနေရမည်။”—ယောဟန် ၁၇:၃

သင်သည် သမ္မာကျမ်းစာတွင်ဖော်ပြထားသော မျှော်လင့်ချက်နှင့်ပတ်သက်၍ ပိုမိုသိရှိလိုလျှင် ယေဟောဝါသက်သေများက အခမဲ့ ကူညီပေးလိုပါသည်။ *

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 7 ထို့ပြင် သင်သည် ယေဟောဝါသက်သေများကို www.watchtower.org ဝက်ဘ်ဆိုက်တွင် ဆက်သွယ်နိုင်ပါသည်။