မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ကမ္ဘာ့ဖြစ်ရပ်အကဲခတ်

ကမ္ဘာ့ဖြစ်ရပ်အကဲခတ်

ကမ္ဘာ့ဖြစ်ရပ်အကဲခတ်

နက္ခတ္တဗေဒပညာရှင်အဖွဲ့တစ်ဖွဲ့သည် [ဟာဝိုင်ယီ] မာနာခေးမီးတောင်ဟောင်းထိပ်မှနေ၍ ဆူဘာရူနှင့် ကက်အဝေးကြည့်မှန်ပြောင်းများကို အသုံးပြုကာ အာကာသအတွင်း အလင်းနှစ် သန်း ၂၀၀ အကွာအဝေးသို့ ဖြာထွက်နေသော ဧရာမသုံးဖက်တိုင်းနဂါးငွေ့တန်းများ၏ အမျှင်များကို ရှာဖွေတွေ့ရှိခဲ့ကြသည်။ ဤအမျှင်များသည် ရှာဖွေတွေ့ရှိခဲ့သမျှတွင် အကြီးမားဆုံးဖွဲ့စည်းမှုဖြစ်သည်။—Subaru Telescope Web Site, ဂျပန်။

“၂၀၀၆ ခုနှစ်၌ [အင်္ဂလန်နှင့် ဝေလနယ်တို့တွင်] လက်ထပ်သည့်အရေအတွက်မှာ နှစ်ပေါင်း ၁၁၀ အတွင်း အနိမ့်ဆုံးသို့ရောက်သွားသည်” ဟုဗြိတိန်နိုင်ငံ၏ အမျိုးသားစာရင်းအင်းရုံးမှ ဖော်ပြသည်။ လက်မထပ်ဘဲ ပေါင်းသင်းနေထိုင်လိုသောစုံတွဲ များသည်ထက်များလာသည်။”—The Guardian Weekly, ဗြိတိန်။

သုတေသနအဖွဲ့အစည်း (Pew Forum on Religion and Public Life) တစ်ခု၏အဆိုအရ “အရွယ်ရောက်သူ ၄၄% သည်မည်သည့်ဘာသာတရားနှင့်မျှ အဆက်အသွယ်မလုပ်ရာမှ နှစ်သက်ရာယုံကြည်မှုတစ်မျိုးသို့ ဘာသာကူးပြောင်းကြသည်၊ သို့မဟုတ် ဘာသာတရားတစ်ခုခုနှင့် အဆက်အသွယ်ပြုလုပ်ခြင်းကို လုံးဝဖြတ်တောက်လိုက်သည်။—အမေရိကန်။

ကောလိပ်ကျောင်းများတွင် ကြုံရာလူနှင့် လိင်ပျော်ပါးခြင်း

“ကျောင်းသားများ လိင်အတွေ့အကြုံရရှိရေးအတွက် ကျောင်းဝင်းအတွင်း၌ လိင်ဆက်ဆံဖက်အမျိုးမျိုးနှင့် လိင်ဆက်ဆံသည့်ယဉ်ကျေးမှုသည် ခရစ်ယာန်ဘာသာရေးဆိုင်ရာ ကောလိပ်ကျောင်းအချို့မှလွဲ၍ . . . ပြည်သူပိုင်နှင့် ပုဂ္ဂလိကပိုင်ကျောင်းများတွင် ထူးမခြားနားဖြစ်နေသည်။” ကက်သလစ်ဘာသာရေးပညာရှင်နှင့် တက္ကသိုလ်လက်ထောက်ဖြစ်သူ ပါမောက္ခ ဒန်နာဖရေးတပ်စ်သည် အမေရိကန်ကောလိပ်ကျောင်းများတွင် လိင်ဆိုင်ရာအမူအကျင့်နှင့် ဘာသာရေးအကြောင်း သုတေသနပြုပြီးနောက် ထိုသို့ပြောဆိုခဲ့သည်။ သတင်းစာတစ်စောင် (National Catholic Reporter)အရ ဘာသာရေးသည် ကိုယ်ကျင့်တရားစံနှုန်းများအပေါ် ဩဇာမညောင်းခြင်းက “ကောလိပ်ကျောင်းများတွင် ကြုံရာလူနှင့်လိင်ဆက်ဆံခြင်း၏လွှမ်းမိုးမှု” ကိုဖော်ပြရုံသာမက “ဤဘဝပုံစံကို တားဆီးရန် ဘာသာရေးဆိုင်ရာတန်ခိုးသြဇာ မရှိကြောင်း” ကိုပါဖော်ပြသည်ဟု ဖရေးတပ်စ်က ပြောကြားခဲ့သည်။

သမီးမိန်းကလေးများအား ကျွေးမွေးပြုစုရန် မိဘများ ငွေရရှိကြ

အိန္ဒိယအစိုးရသည် ဆင်းရဲသောမိဘများအား သမီးမိန်းကလေးများကို ကျွေးမွေးပြုစုရန် အမေရိကန်ဒေါ်လာ ၃,၀၀၀ ခန့်နှင့်ညီမျှသောငွေ ပေးသည်ဟု ဘီဘီစီသတင်းတစ်ပုဒ်ကဆိုသည်။ မိသားစုများသည် သမီးမိန်းကလေး မွေးဖွားခြင်းနှင့် ၎င်းအသက် ၁၈ နှစ်အရွယ်ရောက်သည်အထိ အသက်အရွယ်အပိုင်းအခြားပေါ် မူတည်၍ သတ်မှတ်ထားသောငွေကြေးများ ရရှိကြမည်ဖြစ်သည်။ ၁၉၉၄ ခုနှစ်တွင် ကျားမခွဲခြားမှုနှင့် ကိုယ်ဝန်ဖျက်ချမှုတို့သည် တရားမဝင်ကြောင်း ကြေညာခဲ့သော်လည်း ပျံ့နှံ့လျက်ရှိနေသေးသည်။ အမှန်မှာ လွန်ခဲ့သောအနှစ် ၂၀ ကျော်ကတည်းက မိန်းကလေးသန္ဓေသား ၁၀ သန်းခန့်ကို ဖျက်ချခဲ့သည်ဟု ခန့်မှန်းရပြီး ဒေသအချို့တွင် ယောက်ျားကလေးနှင့် မိန်းကလေးအရေအတွက် အချိုးညီမျှမှုအပေါ် ဆိုးဆိုးဝါးဝါး အကျိုးသက်ရောက်လျက်ရှိသည်။ ၂၀၀၁ ခုနှစ်သန်းခေါင်စာရင်းအရ နိုင်ငံတစ်ဝန်းလုံးတွင် အသက်ခြောက်နှစ်အောက် ယောက်ျားလေး ၁,၀၀၀ တွင် မိန်းကလေး ၉၂၇ ဦးဖြစ်ပြီး ကွာဟမှုမှာ ပို၍ကြီးမားလာသည်။ ပြည်နယ်တစ်ခုတွင် မွေးဖွားမှုနှုန်းအချိုးမှာ ယောက်ျားလေး ၁,၀၀၀ တွင် မိန်းကလေး ၇၉၃ ဦးဖြစ်သည်။

ဆူညံသံကို ငှက်များတုံ့ပြန်

အချို့ငှက်များသည် ၎င်းတို့၏အသံကို မြို့ပြ၏ဆူညံသံထက် ပိုကျယ်စေရန် ကြိုးစားကြသည်။ မြို့ပြဆူညံသံများသည် လူများအတွက် အနှောင့်အယှက်ဖြစ်နိုင်သော်လည်း ငှက်ဖိုများသည် “မိတ်ဖက်များကို ဆွဲဆောင်ရန်နှင့် မိမိတို့၏ပိုင်နက်တည်ထောင်ရန် တေးသီကြသောကြောင့် ငှက်များအတွက်မူ “သေရေးရှင်ရေး” ပြဿနာဖြစ်နိုင်သည်ဟု နယူးဆိုင်းယင့်တစ်မဂ္ဂဇင်းကဆို၏။ မြို့ပြဆူညံသံသည် ပို၍ကျယ်လောင်သောကြောင့် ငှက်အချို့သည် ညဘက်တွင် တေးသီခြင်းနှင့် အသံမြှင့်ခြင်းတို့ဖြင့် ၎င်းတို့၏ တေးသီသံကိုကြားနိုင်အောင် ပြုလုပ်ကြရသည်။ မြို့ပြတွင်နေသောငှက်များသာ ဤသို့အလိုက်သင့်ပြုလုပ်ရသည်မဟုတ်ဘဲ “ရေတံခွန်များနှင့် အရှိန်ပြင်းစွာစီးဆင်းသော မြစ်ချောင်းများနံဘေးတွင်နေသည့် ငှက်များလည်း အသံမြှင့်၍တေးသီကြရသည်” ဟု အဆိုပါမဂ္ဂဇင်းကဆိုသည်။