မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

မိသားစု အတူတကွလေ့လာရန်

မိသားစု အတူတကွလေ့လာရန်

မိသားစု အတူတကွလေ့လာရန်

ဒီပုံမှာ လိုနေတဲ့အရာက ဘာလဲ

၅ ရာ. ၁၆:၁၊ ၂၊ ၄-၁၀ ကိုဖတ်ပါ။ ဖတ်ပြီးတဲ့အခါ ရုပ်ပုံကိုကြည့်ပါ။ ပုံမှာ ဘာတွေလိုနေသလဲ။ အောက်မှာပါတဲ့ မျဉ်းကြောင်းတွေမှာ အဖြေတွေကို ချရေးပါ။ ရုပ်ပုံအပြည့်အစုံဖြစ်သွားအောင် အစက်တွေကို နံပါတ်အစဉ်လိုက် မျဉ်းဆွဲပါ။ ပြီးရင် အရောင်ခြယ်ပါ။

․․․․․

․․․․․

․․․․․

[ပုံကြမ်း]

(စာစောင်တွင်ကြည့်ပါ)

ဆွေးနွေးရန်–

ယေဟောဝါဘုရားသခင်ကို ကျွန်ုပ်တို့၀တ်ပြုတဲ့အခါ တေးဂီတ၊ တေးသီချင်းတွေသုံးတာကို ကိုယ်တော် နှစ်သက်လက်ခံပါသလား။ သင် ဘာလို့ အဲဒီလိုဖြေတာလဲ။

သဲလွန်စ– ၆ ရာ. ၅:၁၃၊ ၁၄; ဧဖက် ၅:၁၉ တို့ကိုဖတ်ပါ။

စစ်မှန်တဲ့ဝတ်ပြုရေးမှာ သီချင်းဆိုတာပါတဲ့အကြောင်း ဖော်ပြထားတဲ့ တခြားကျမ်းစာမှတ်တမ်းတွေကို ပြောပြနိုင်မလား။

သဲလွန်စ– ထွက်မြောက်ရာ ၁၅:၁-၂၀; မာကု ၁၄:၂၆; တမန်တော် ၁၆:၂၅ တို့ကိုဖတ်ပါ။

သင်ဟာ ရှက်တတ်သူဖြစ်ရင် ဒါမှမဟုတ် တခြားသူတွေက သင့်ထက် သီချင်းပိုဆိုတတ်တယ်လို့ ခံစားနေရရင်တောင် ယေဟောဝါကို သီချင်းဆိုချီးမွမ်းဖို့ ဘယ်သဘောထားက အထောက်အကူပြုနိုင်သလဲ။

သဲလွန်စ– ဆာလံ ၃၃:၁-၃ ကိုဖတ်ပါ။

မိသားစု လုပ်ဆောင်နိုင်ရာ–

မိသားစုဝင်တစ်ဦးစီက ယေဟောဝါကို ချီးမွမ်းသီချင်းဆိုဖို့ မိမိတို့နှစ်သက်တဲ့ သီချင်းတစ်ပုဒ်စီရွေးပါ။ အဲဒီသီချင်းတွေကို ကောင်းကောင်းဆိုတတ်လာတဲ့အထိ မိသားစုလိုက် လေ့ကျင့်ပါ။

စုထားပါ၊ သင်ယူပါ

ဖြတ်ယူထားပြီး ခေါက်ချိုးခေါက်ကာ သိမ်းထားပါ

ကျမ်းစာ ကတ်နံပါတ် ၁ ယောန

မေးခွန်းများ

က။ ယောနဟောပြောဖို့ စေလွှတ်ခံရတဲ့ မြို့အမည်ကဘာလဲ၊ လူဦးရေ ဘယ်လောက်ရှိသလဲ။

ခ။ ယောနဟာ ပထမတော့ သူ့ရဲ့တာဝန်ကနေ ရှောင်ပြေးခဲ့ပေမဲ့လည်း တခြားသူတွေရဲ့အသက်ကို ကယ်တင်ဖို့ သတ္တိရှိကြောင်း ဘယ်လိုဖော်ပြခဲ့သလဲ။

ဂ။ ဒီကျမ်းစာသားကို ပြည့်စုံအောင်ဖြည့်ပါ– “ယောနသည် ငါး၏ဝမ်းထဲမှာ . . . ။”

[ဇယား]

ဘီစီ ၄၀၂၆ အာဒံကို ဖန်ဆင်းခဲ့

ဘီစီ ၈၄၀ လောက်မှာ အသက်ရှင်ခဲ့

အေဒီ ၁

အေဒီ ၉၈ သမ္မာကျမ်းစာရဲ့ နောက်ဆုံးကျမ်းစောင်ကို ရေးသားပြီးစီးခဲ့

[မြေပုံ]

ဂါသေဖာမြို့ကနေ တာရှုမြို့ကို ထွက်ပြေး

ဂါသေဖာမြို့

တာရှုမြို့

နိနေဝေမြို့

ယောန

ကိုယ်ရေးအကျဉ်း

ဘုရင်ယေရောဗောင် ၂ အုပ်ချုပ်ချိန် အတွင်းမှာ ယေဟောဝါရဲ့ပရောဖက်တစ်ဦးအဖြစ် အမှုဆောင်ခဲ့သူဖြစ်တယ်။ (၄ ရာ. ၁၄:၂၃-၂၅) ယေဟောဝါက ယောနကို မိမိကိုယ်ကိုယ်အာရုံမစိုက်ဘဲ တခြားသူရဲ့ လိုအပ်ရာတွေကို ဂရုစိုက်ဖို့ သင်ပေးခဲ့တယ်။ (ယောန ၄:၆-၁၁) ယေဟောဝါဟာ အပြစ်ရှိတဲ့လူသားတွေအပေါ် အလွန်တရာစိတ်ရှည်တယ်၊ သနားကြင်နာတယ်ဆိုတာကို ယောနရဲ့အဖြစ်ကနေ သိရှိရပါတယ်။

အဖြေများ

က။ နိနေဝေမြို့၊ ၁၂၀,၀၀၀။—ယောန ၁:၁၊ ၂; ၄:၁၁

ခ။ သူ့ကို ပင်လယ်ထဲပစ်ချလိုက်ရင် ပင်လယ်လှိုင်းတွေငြိမ်သွားလိမ့်မယ်လို့ သင်္ဘောသားတွေကို သူပြောခဲ့တယ်။—ယောန ၁:၃၊ ၉-၁၆

ဂ။ “. . .  သုံးရက်ပတ်လုံးနေရ၏။” —ယောန ၁:၁၇

ညီအစ်ကို၊ ညီအစ်မတွေနဲ့ သူတို့နေထိုင်တဲ့ဒေသတွေ

၄။ ကျွန်မနာမည်က မယ်လီစာဖြစ်ပြီး အသက်က ၉ နှစ်ပါ။ ကျွန်တော့်နာမည်ကတော့ အယ်ဒီလိုဖြစ်ပြီး အသက်က ၇ နှစ်ပါ။ ကျွန်တော်တို့ ကျူးဘားမှာ နေထိုင်ပါတယ်။ ကျူးဘားမှာ ယေဟောဝါသက်သေ ဘယ်နှစ်ယောက်ရှိတယ်ဆိုတာ သိပါသလား။ ၅၁,၀၀၀ လား၊ ၉၁,၀၀၀ လား ဒါမှမဟုတ် ၁၃၁,၀၀၀ လား။

၅။ ကျွန်မတို့ နေတဲ့နေရာကို ထောက်ပြနိုင်မလား။ အဲဒီနေရာကို ဝိုင်းပြပါ၊ သင်နေတဲ့နေရာကို အစက်တစ်ခုချပြီး ကျူးဘားနဲ့ သင်တို့အကွာအဝေးကို ကြည့်ပါ။

က

ကလေးတွေ ရုပ်ပုံရှာကြည့်ပါ

ဒီရုပ်ပုံတွေက ဒီစာစောင်ရဲ့ ဘယ်နေရာမှာ ပါသလဲ။ ရုပ်ပုံတစ်ခုချင်းစီကို သင့်ကိုယ်ပိုင်စကားနဲ့ ရှင်းပြပါ။

“မိသားစု အတူတကွလေ့လာရန်” အတွက် နောက်ထပ်အကြောင်းအရာတွေကို www.pr418.com ကနေ ကူးယူနိုင်ပါတယ်။

● “မိသားစု အတူတကွလေ့လာရန်” အတွက် အဖြေတွေ စာမျက်နှာ ၁၀ မှာပါတယ်

စာမျက်နှာ ၃၀ နဲ့ ၃၁ အတွက် အဖြေများ

၁။ သေတ္တာတော်ထားတဲ့တဲတော်။

၂။ စောင်း။

၃။ တံပိုး။

၄။ ၉၁,၀၀၀။

၅။ ဂ။