မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ကမ္ဘာ့ဖြစ်ရပ်အကဲခတ်

ဆက်ဆံရေးကိစ္စနဲ့ပတ်သက်ပြီး သတိပြုမိရာ

ဆက်ဆံရေးကိစ္စနဲ့ပတ်သက်ပြီး သတိပြုမိရာ

ဆက်ဆံရေးကိစ္စမှာ အကြံဉာဏ်ရဖို့ အရင်ဆုံး ကျမ်းစာကနေ ရှာဖွေသလား ဒါမှမဟုတ် တခြားနေရာကနေ ရှာဖွေသလား။ မကြာသေးခင်က ရှာဖွေတွေ့ရှိချက်နဲ့ ရှေးအချိန်ကတည်းက ကျမ်းစာမှာဖော်ပြထားတဲ့ အကြံပြုချက်ကို နှိုင်းယှဉ်ကြည့်ပါ။

အိန္ဒိယ–

၂၀၁၄ ခုနှစ် စစ်တမ်းအရ၊ အသက် ၁၈ နှစ်ကနေ ၂၅ နှစ်ကြား လူငယ် ခြောက်ဆယ့်တစ်ရာခိုင်နှုန်းက လက်မထပ်ခင် လိင်ဆက်ဆံတာဟာ “အိန္ဒိယမှာ ပြဿနာကြီးတစ်ခု မဟုတ်တော့ဘူး” လို့ ယူမှတ်ကြတယ်။ မွန်ဘိုင်းအခြေစိုက် ဆရာဝန်တစ်ယောက်က ဟိန္ဒူစတန် တိုင်းမ် သတင်းစာမှာ သူ့ရဲ့အမြင်ကို ဒီလိုဖော်ပြခဲ့တယ်– “လူငယ်တွေဟာ လိင်ကိစ္စကို အိမ်ထောင်ပြုတာနဲ့ မဆက်စပ်ကြတော့ဘူး။ တစ်ည ဒါမှမဟုတ် မထင်မှတ်ဘဲ အတူနေတာပဲဖြစ်ဖြစ်၊ လက်မထပ်ဘဲပေါင်းသင်းနေထိုင်တာပဲဖြစ်ဖြစ် အိမ်ထောင်ရေး ကတိသစ္စာကို အလေးမထားကြဘူး။”

စဉ်းစားစရာ– လက်ထပ်ပြီးမှ လိင်ဆက်ဆံသူတွေနဲ့ လက်မထပ်ခင် လိင်ဆက်ဆံသူတွေမှာ ဘယ်သူတွေက လိင်ဆိုင်ရာ ကူးစက်ရောဂါတွေနဲ့ စိတ်ဒဏ်ရာတွေကို ပိုခံစားရတတ်သလဲ။—၁ ကောရိန္သု ၆:၁၈

ဒိန်းမတ်–

မိသားစုဝင်တွေနဲ့ မကြာခဏ အငြင်းပွားရန်ဖြစ်တာဟာ လူလတ်ပိုင်းအရွယ်မှာ သေဆုံးနိုင်ခြေနှစ်ဆ ပိုများတယ်။ ကိုပင်ဟေဂင် တက္ကသိုလ်က သုတေသနပညာရှင်တွေဟာ အသက် ၃၅ နှစ်ကနေ ၅၀ ကြား လူလတ်ပိုင်း ၁၀,၀၀၀ နီးပါးကို ၁၁ နှစ်ကျော်ကာလအတွင်း လေ့လာခဲ့ကြတယ်။ လေ့လာမှုအရ ရင်းနှီးသူတွေနဲ့ မကြာခဏ ရန်ဖြစ်လေ့ရှိသူတွေဟာ မရှိသူတွေထက် စောစောသေနိုင်ခြေ ပိုများတယ်။ စိုးရိမ်ပူပန်မှုတွေနဲ့ အငြင်းပွားမှုတွေကို ဖြေရှင်းတာဟာ “အသေစောခြင်းကို လျှော့ချနိုင်ဖို့ အဓိကနည်းလမ်းဖြစ်တယ်” လို့ လေ့လာရေးအဖွဲ့မှာ ပါဝင်သူတစ်ယောက် ပြောတယ်။

သမ္မာကျမ်းစာပြောဆိုရာ– ‘ဉာဏ်ပညာရှိသူဟာ စကားများများ မပြောဘူး။ ပိုင်းခြားသိမြင်မှုရှိသူဟာ အေးဆေးတည်ငြိမ်တယ်။’—သုတ္တံ ၁၇:၂၇ကဘ။

အမေရိကန်ပြည်ထောင်စု–

လူဝီဇီယားနားပြည်နယ်က ညားခါစ စုံတွဲ ၅၆၄ တွဲကို လေ့လာကြည့်တဲ့အခါ သမီးရည်းစားကာလအတွင်း ပြတ်လိုက်၊ ပြန်ဆက်လိုက်လုပ်တဲ့ စုံတွဲတွေဟာ အိမ်ထောင်သက် ငါးနှစ်အတွင်းမှာ အိမ်ကနေ ဆင်းသွားတာမျိုး လုပ်တတ်ကြတယ်။ အိမ်ထောင်အတွင်းမှာလည်း စကားများရန်ဖြစ်တာများပြီး အေးချမ်းတယ်လို့ကို မရှိဘူး။

သမ္မာကျမ်းစာပြောဆိုရာ– “ဘုရားသခင်တွဲဖက်ထားသူ [အိမ်ထောင်သည်] တို့ကို မည်သူမျှ မခွဲမခွာစေနှင့်။”—မဿဲ ၁၉:၆