မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

စိတ်ဖိစီးမှု​မှ လွတ်မြောက်ခြင်း

သင် စိတ်ဖိစီးနေသလား

သင် စိတ်ဖိစီးနေသလား

“လူတိုင်းမှာ စိတ်ဖိစီးမှု အနည်း​နဲ့ အများ ရှိကြတယ်။ ဒါပေမဲ့ ကျွန်မရဲ့ စိတ်ဖိစီးမှု​ကတော့ ပို​ဆိုးတယ်။ ပြဿနာ​တစ်ခုတည်း​ကြောင့် မဟုတ်ဘူး။ ဘက်ပေါင်းစုံ၊ ပြဿနာ​ပေါင်း​စုံ​ကနေ လာတာ။ ရုပ်ပိုင်း၊ စိတ်ပိုင်း မကျန်းမာတဲ့ ခင်ပွန်းကိုလည်း ဘယ်လောက်​ကြာကြာ ပြုစု​နေရ​ဦး​မလဲ မသိ​ဘူး။”—ဂျီ​လ်။ a

“ဇနီး​ထားခဲ့​လို့ ကလေး​နှစ်ယောက်ကို တစ်ကိုယ်တည်း ကျွေးမွေး​စောင့်ရှောက်​နေ​ရတယ်။ ကြင်ဖော်မဲ့​မိဘ​အနေနဲ့ အတော်​ခက်တယ်။ အလုပ်ပြုတ်​သွားတော့ ပို​ဆိုး​တာပေါ့။ ကားလိုင်စင် ဝင်​ဖို့​တောင် ပိုက်ဆံ မရှိဘူး။ ဘာ​ဆက်လုပ်​ရမလဲ မသိတော့ဘူး။ စိတ်ဖိစီးမှု​ကတော့ မခံမရပ်​နိုင်အောင်​ပဲ။ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်​တာ မှား​မှန်း သိလို့ သေပါ​ရစေလို့​ပဲ ဘုရားဆီ ဆုတောင်းနေ​ရတယ်။”—ဘယ်​ရီ။

ဂျီ​လ်​နဲ့ ဘယ်​ရီ​လို​ပဲ သင်လည်း တစ်ခါတလေ မခံမရပ်​နိုင်အောင် စိတ်ဖိစီး​နေ​သလား။ ဒါဆိုရင် နောက်​ဆောင်းပါး​တွေ​ကနေ အကူအညီ​နဲ့ နှစ်သိမ့်မှု ရပါလိမ့်မယ်။ အဲဒီမှာ ဖိစီးမှု ဖြစ်စေတဲ့ အကြောင်းရင်း​တွေ၊ ဖိစီးမှု​က ကျွန်တော်တို့​အပေါ် အကျိုး​သက်ရောက်​နိုင်ပုံ၊ အတိုင်းအတာ​တစ်ခု​ထိ ဖိစီးမှု သက်သာအောင် လုပ်နိုင်​ပုံ​အကြောင်း ဆွေးနွေး​ထားပါ​တယ်။

a အမည်​လွှဲ​များ။