မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

၅ ဆင်းရဲဒုက္ခ အဆုံးတိုင်​ပါ့မလား

၅ ဆင်းရဲဒုက္ခ အဆုံးတိုင်​ပါ့မလား

အဲဒီ​အချက်​ကို ဘာကြောင့် သိဖို့ လိုသလဲ

ဆင်းရဲဒုက္ခ အဆုံးတိုင်​မယ်​လို့ မျှော်လင့်​နိုင်​စ​ရာ အကြောင်းရင်း ရှိမယ်ဆိုရင် ဘဝ​အပေါ်၊ ဘုရား​အပေါ် အပြုသဘောထား ပို​ရှိလာမယ်။

စဉ်းစား​ကြည့်​ပါ

လူများစွာဟာ ဆင်းရဲဒုက္ခ​ကို အဆုံးတိုင်​ပေးချင်​ပေမဲ့ လုပ်ဆောင်​နိုင်စွမ်း အကန့်အသတ် ရှိတယ်။ အောက်ပါ​အချက်​တွေကို သတိပြုပါ–

ဆေးပညာ တိုးတက်​လာပေမဲ့ . . .

  • နှလုံး​ရောဂါ​ဟာ လူတွေကို သေဆုံး​စေတဲ့ အဓိက အကြောင်းရင်း ဖြစ်​နေတုန်းပဲ။

  • ကင်ဆာ​ရောဂါ​ကြောင့် နှစ်စဉ် လူ​သန်းပေါင်း​များစွာ သေဆုံး​နေတုန်းပဲ။

  • “ကမ္ဘာကြီး​ဟာ ရှိပြီး​သား ရောဂါ၊ အသစ်​ပေါ်လာ​တဲ့ ရောဂါ၊ ခေါင်း​ပြန်​ထောင်​လာတဲ့ ရောဂါ​တွေရဲ့ ခြိမ်းခြောက်မှု ခံ​နေရ​ဆဲ​ပဲ” လို့ ဂျာနယ်​တစ်စောင် (Frontiers in Immunology) မှာ ဒေါက်တာ ဒေးဗစ်ဗလွန်း ရေးထားတယ်။

နိုင်ငံ​တချို့ ချမ်းသာ​ကြွယ်ဝ​ပေမဲ့ . . .

  • နှစ်စဉ် ကလေး သန်းပေါင်း​များစွာ သေဆုံး​နေတုန်းပဲ။ ဆင်းရဲတဲ့ ဒေသမှာ ပို​များတယ်။

  • လူ​သန်း​ထောင်ပေါင်း​များစွာဟာ သင့်တော်​တဲ့ အညစ်အကြေး​စွန့်​စနစ် မရှိဘဲ နေထိုင်ကြ​ရတယ်။

  • လူ​သန်းပေါင်း​များစွာဟာ သန့်ရှင်းတဲ့​ရေ မရကြဘူး။

လူ့​အခွင့်အရေး​အကြောင်း ပို​သိလာ​ကြပေမဲ့ . . .

  • နိုင်ငံ​များစွာမှာ လူ​ကုန်ကူး​မှု​တွေ ရှိနေတုန်းပဲ။ ပြစ်မှု​ကျူးလွန်​သူတွေကို သက်ဆိုင်ရာ အာဏာပိုင်တွေ အရေးမယူ​တာ​ဟာ “ပြဿနာကို မသိလို့ ဖြစ်နိုင်သလို ဖြေရှင်းဖို့ မတတ်နိုင်​လို့​လည်း ဖြစ်နိုင်တယ်” လို့ ကုလသမဂ္ဂ သတင်း​တစ်ပုဒ်​မှာ ဖော်ပြ​တယ်။

    ထပ်​သိချင်ရင်

    ဘုရားသခင့် နိုင်ငံတော်​ဆိုတာ ဘာလဲ ဗီဒီယိုကို jw.org မှာ​ကြည့်​ပါ။

ကျမ်းစာ သွန်သင်ရာ

ကျွန်တော်​တို့ကို ဘုရား ဂရုစိုက်​တယ်။

ကျွန်တော်​တို့ရဲ့ နာကျင်​ဝမ်းနည်းမှု​တွေကို မသိကျိုးကျွန် မပြုဘူး။

“ဘုရား​ဟာ ဖိနှိပ်ခံ​ရသူ​ရဲ့ ဒုက္ခ​ကို အရေးမစိုက်​ဘဲ မနေဘူး၊ မ​ရွံရှာ​ဘူး။ သူ့ကို မျက်နှာ​မလွှဲ​ဘူး။ သူ​အော်ဟစ် အကူအညီ​တောင်းတဲ့​အခါ ကြားတယ်။”ဆာလံ ၂၂:၂၄

“စိုးရိမ်​ပူပန်စရာ ရှိသမျှကို ဘုရားသခင်​ဆီ ပုံအပ်ထား​လိုက်ပါ။ ဘုရားသခင်​ဟာ ခင်ဗျားတို့ကို ဂရုစိုက်​တဲ့​အရှင် ဖြစ်လို့ပဲ။”၁ ပေတရု ၅:၇

ဆင်းရဲဒုက္ခတွေ အမြဲ ရှိနေမှာ မဟုတ်ဘူး။

လူတွေနဲ့​ပတ်သက်​တဲ့ ဘုရား​ရည်ရွယ်ချက် ပြည့်စုံ​လာမယ်လို့ ကျမ်းစာ​မှာ ကတိ​ပေးထား​တယ်။

“ဘုရားသခင်​က သူတို့ရဲ့ မျက်ရည်​ရှိသမျှကို သုတ်​ပေးလိမ့်မယ်။ သေခြင်း ရှိတော့မှာ မဟုတ်ဘူး။ ငိုကြွေး​မြည်တမ်း​ခြင်း၊ အော်ဟစ်​ခြင်း၊ နာကျင်ခြင်းလည်း ရှိတော့မှာ မဟုတ်ဘူး။”ဗျာဒိတ် ၂၁:၄

ဆင်းရဲဒုက္ခ ဖြစ်စေတဲ့ အကြောင်းရင်း​တွေကို ဘုရား ဖယ်ရှား​ပေးမယ်။

ဘုရား​နိုင်ငံတော်​အားဖြင့် ဖယ်ရှား​ပေးမယ်။ အဲဒီ​နိုင်ငံတော်ဟာ တကယ် တည်ရှိတဲ့ အစိုးရ ဖြစ်တယ်လို့ ကျမ်းစာ​မှာ ဖော်ပြ​ထားတယ်။

“ကောင်းကင်​အုပ်စိုးရှင် ဘုရားသခင်​က ဘယ်တော့မှ မပျက်စီးမယ့် နိုင်ငံ​တစ်ခုကို တည်ထောင်​လိမ့်မယ်။ အဲဒီ​နိုင်ငံဟာ တခြား​လူတွေ​လက်ထဲ ရောက်မှာ မဟုတ်ဘူး။ . . . အဲဒီ​နိုင်ငံ​တစ်ခု​ပဲ ထာဝစဉ် တည်တံ့​နေမယ်။”ဒံယေလ ၂:၄၄